ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ Top One အနီးရှိ လောင်းကစားဝန်ထမ်းများနေထိုင်သော ၄ ခန်းတွဲ အဆောင်တန်းလျား မေလ ၂၉ ရက်ည ၈ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ "ကျွန်မသူငယ်ချင်းတောင် ဘာမှမရလိုက်ဘူး။ နေ့ဆိုင်းဆင်းတဲ့ သူတွေအခန်းထဲ ခြင်ဆေးခွေ ထွန်းခဲ့တာလား၊ ရေနွေးတည်ခဲ့တာလား။ မီးလောင်လာမှ သူတို့ ရေလောင်းတာမနိုင်တော့မှ မီးသတ်ခေါ် လိုက်တာ မီးသတ်ကားလည်းလောင်ကုန်မှ ရောက် လာတယ်"ဟု အဆောင်နေသူနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်သည့် အဆောင်တန်းလျားသည် လောင်းကစားကုမ္ပဏီဝန်ထမ်းများနေထိုင်ရာ အခန်းဖြစ်ပြီး မီးလောင်ပျက်စီးသွားခဲ့သည့်အဆောက်အဦးသည် ကိုဝဏ္ဏဆိုသူ