သတင်း

မူဆယ်မြို့တွင် အလာင်းကစားအဆောင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား

မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ Top One အနီးရှိ လောင်းကစားဝန်ထမ်းများနေထိုင်သော ၄ ခန်းတွဲ အ‌ဆောင်တန်းလျား မေလ ၂၉ ရက်ည ၈ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်မသူငယ်ချင်းတောင် ဘာမှမရလိုက်ဘူး။ နေ့ဆိုင်းဆင်းတဲ့ သူတွေအခန်းထဲ ခြင်ဆေးခွေ ထွန်းခဲ့တာလား၊ ရေနွေးတည်ခဲ့တာလား။ မီးလောင်လာမှ သူတို့ ရေလောင်းတာမနိုင်တော့မှ မီးသတ်ခေါ် လိုက်တာ မီးသတ်ကားလည်းလောင်ကုန်မှ ရောက် လာတယ်”ဟု အဆောင်နေသူနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်သည့် အဆောင်တန်းလျားသည် လောင်းကစားကုမ္ပဏီဝန်ထမ်းများနေထိုင်ရာ အခန်းဖြစ်ပြီး မီးလောင်ပျက်စီးသွားခဲ့သည့်အဆောက်အဦးသည် ကိုဝဏ္ဏဆိုသူ ပိုင်ဆိုင်ကြောင်း  သိရသည်။

မီးငြိမ်းသတ်နိုင်းမရှိနိုင်ခြင်းသည် မီးသတ်ဝန်ထမ်းအပြောင်းအလဲကြောင့် မီးငြှိမ်းသတ်ရာမှာ ကျွမ်းကျင်မှုအားနည်းမှုရှိခဲ့ကြောင်းဖြစ်ကြောင်း မူဆယ်ခရိုင်မီးသတ်ဌာနမှ တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ဟိုတယ်၊ တည်းခိုခန်း၊ စာသင်ကျောင်းများအပါအဝင် ပြည်သူလူထုအား ၃ လလျှင် တကြိမ်ခန့် မီးဘေးအန္တရယ်ကာကွယ်မှုဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းပြုလုပ်သင့်ကြောင်းလည်း မူဆယ်ခရိုင် မီးသတ် တာဝန်ကျ ဝန်ထမ်းတစ်ဦးကပြောဆိုသည်။

၂၀၂၂ ခုနှစ်တွင် မူဆယ်မှာ ပထမဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားတာ ဖြစ်ကြောင်း ခရိုင်မီးသတ်ရုံးမှ သိရသည်။

Show More

Related Articles

Back to top button