အလွန်အကျွံ

  • May- 2023 -
    9 May
    သတင်း

    လူနေရပ်ကွက်အထိ ကျောက်စိမ်းအလွန်အကျွံ့တူးဖော်လာမှုကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာ

    ဖားကန့်မြို့နယ် လုံးခင်း မှော်စီဆာကျေးရွာတွင် လူနေရပ်ကွက်များအထိ စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းအလွန်အကျွံ့ တူးဖော်လာသောကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာကြောင်း သိရသည်။  စစ်တပ် အာဏာသိမ်းပြီးချင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ စစ်တပ်နှင့် ပူးပေါင်းသည့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကြီးများသည် လူနေရပ်ကွက်များအထိပါ ကျောက်စိမ်းတူးဖော်လာသောကြောင့် လက်ရှိတွင် ရေကြောများ ပျက်လာကြောင်း မှော်စီဆာကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်ဒီမှာနေတာ လေးနှစ်ငါးနှစ်ရှိပြီ တစ်ခေါက်မှဒီလောက်ထိရေခက်ခဲတာမကြုံဖူးဘူး ဒီနှစ်ကပိုပြီးရေရှားလာတယ် မနှစ်ကထက်ပေါ့။ ဘာလို့ဆို စက်ယန္တရားကြီးတွေက တဖြည်းဖြည်းနဲ့ရပ်ကွက်ထဲ ရောက်လာတာလေ ။ အခုဟာက အဝီစိတွင်းတောင်ရေခမ်းကုန်ပြီ တချို့အဝီစိရေတွင်းတွေတော့ ရတယ်။ ဒါပေမယ့် သောက်လို့မရဘူး ရေချိုးဘာညာလောက်ပဲရတယ်”ဟုပြောသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် စစ်တပ်နှင့် အကျိူးတူ ပူးပေါင်းသည့်…

    Read More »
Back to top button