ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

ဖားကန့်မြို့နယ် မက်လင်ချောင်ကျေးရွာမှ စစ်ကောင်စီဖမ်းဆီးသွားသည့် ပြည်သူ ၂၃ ဦးအနက် သက်ကြီးရွယ်အို ၂ ဦးသာပြန်လွတ်လာပြီး ဆယ်နှစ်အောက် ကလေး ၄ ဦးအပါ ကျန်ရှိသူများကို စစ်ကြောရေးတွင်သာ ထားရှိဆဲ ဖြစ်ကြောင်း ဒေသခံများ ဒေသခံများထံမှသိရသည်။ "အသက်ကြီးဆုံးနှစ်ယောက်ကိုတော့ပြန်လွတ်ပေးလိုက်ပြီ တစ်နေ့ကပဲ လွတ်ပေးလိုက်တယ်။ သူတို့ကိုတော့ အသက် ကြီးပြီမို့လို့ပြန်လွတ်ပေးလိုက်တာတဲ့ လင်မယားတွေဟုတ်တယ်။ ကလေး လေးယောက်အပါ ကျန်လူတွေကိုတော့ ဖားကန့်ဗျူဟာကုန်းက စစ်ကြောရေးမှာပဲ ရှိသေးတယ်လို့သိရတယ်။ ဘာကြောင့်မလွတ်သေးတာလဲတော့မသိရသေးဘူး"ဟု ဒေသခံ အမျိုးသားတစ်ဦးက