စစ်ကြောင်းထိုး
-
Feb- 2026 -26 Februaryသတင်း
ဗန်းမောက်မြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အရှေ့ခြမ်းကို စစ်ကော်မရှင်တပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှား လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစလို့ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ အရှေ့ဘက်ခြမ်း ကျွဲကောကြီးကျေးရွာတစ်ဝှိုက်ကိုဦးတည်စစ်ကြောင်းထိုးလာရာကနေတိုက်ပွဲတွေဖြစ်ပွားနေတာလို့ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “မြို့ထဲကနေ…
Read More » -
18 Februaryသတင်း
ငါးဘတ်ဝရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အမြန်ထွက်ခွာဖို့ KIA ပူးပေါင်းတပ် သတိပေးထား
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ငဘတ်ဝကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေအမြန်ထွက်ခွာပေးကြဖို့ KIA ပူးပေါင်းတပ် သတိပေးထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သေူတွဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ အနီးက ငါးဘတ်ဝကျေးရွာထဲဝင်ရောက်လာတာဖြစ်တယ်လို့ ရွှေကူဒေသခံအမျီုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညပိုင်းကနေဝင်လာတာ အခုထိရှိနေတုန်းပဲ အင်အားသုံးဆယ်ကျော်တယ် အခြေနေကတော့စောင့်ကြည့်နေတုန်းတိုက်ပွဲဖြစ်တာတော့မရှိသေးဘူး ရွာသားတွေထွက်ပြေးချိန်မရလိုက်ဘူးအခုရွာသားတွေကိုလည်းပိတ်ဆို့ထားတယ်။ သူတို့စစ်သားတွေလည်းရွာထဲမှာပဲတပ်ချထားတယ်ခုထိပဲ”လို့သူကပြောပါတယ်။ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကားနှစ်စီးနဲ့ရွာထဲဝင်ရောက်တာဖြစ်ပြီး ဒီကနေ့ညနေပိုင်းအထိ ရွာသားတွေကိုအကာအကွယ်ယူပြီးတပ်ချနေတယ်လို့သိရပါတယ်။ ငါးဘတ်ဝကျေးရွာအထက်ဘက်က တောင်ထိပ် (ဒေသအခေါ် ဘုရားကုန်း)မှာတော့ လက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေက နေရာယူထားပြီး ရွာထဲဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ရွာထဲကနေပြန်လည်ဆုတ်ခွာပေးဖို့သတိပေးထားကြောင်းသိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေ ဆုတ်ခွာမပေးပဲရှေ့ဆက်တိုးလာမယ်ဆိုပါက နှစ်ဖက်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ငါးဘတ်ဝရွာရဲ့ဘုရားကုန်းထိပ်မှာက ကျွန်တော်တို့ထိုင်ထားတဲ့ ရွာနဲ့ ကျနော်တို့ထိုင်တဲ့နေရာက နီးနီးလေးပဲလှမ်းမြင်နေရတယ်။ အခုပစ်မိန့်တော့ပေးထားတယ်သူတို့မထွက်သွားရင်တော့ပစ်တော့မှာခုတော့ငြိမ်နေဆဲ ခြေနေစောင့်ကြည့်နေတုန်း”လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၈၈ လို့သိရပြီးရွှေကူမြို့တွင်းအထိုင်တပ်ကနေ ငါးဘတ်ဝဘက်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း စစ်အင်အား ၄၀ ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ကနေ ငါးဘတ်ဝဘတ်စစ်ကြောင်းထိုးဝင်ရောက်လာစဥ် KIAပူးပေါင်းတပ်က ကြားဖြတ်ပစ်ခတ်မှုကြောင့် မြို့ထဲပြန်ဝင်သွားတာဖြစ်ပြီး ယခုဒုတိယအကြိမ်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ရွှေကူမြို့အရှေ့ခြမ်းက စီသာ၊သီသောင်၊ နန့်လန်၊နောင်လတ်ကြီး၊မံဝင်း၊စီမူကြီးစတဲ့ကျေးရွာတွေဘက်မှာ လချီစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရွာပေါင်း ၁၀ ကျော်ကိုလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာ ၁၀ ကျော်ဟာ လက်ရှိအချိန်အထိစစ်ရေးမတည်မငြိမ်မှုတွေကြားမှာ ပြန်လည်ထူထောင်ရေးအတွက်ခက်ခက်ခဲခဲရှုန်းကန်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေကို ၂၀၂၄နှစ်ဆန်းပိုင်းလောက်ကတည်းက ရပ်တန့်ခဲ့ပြီးနောက် ယခုတစ်ကျော့ပြန်စစ်ကြောင်းထိုးတာတွေပြန်လည်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Jan- 2026 -20 Januaryသတင်း
ဝိုင်းမော် လမြန်ရွာဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ စစ်အင်အားအလုံးအရင်းနဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခချောင်း(N-Myan Hka)ဘက်ကို ယခုရက်ပိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနဲ့ KIA တပ်တွေ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ တိုက်ပွဲဖြစ်နေတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီမနက်တိုက်ပွဲဖြစ်နေတဲ့နေရာက လမြန်ရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခပတ်ပတ်လည်မှာဖြစ်နေကြတယ်။ ဒီရက်ပိုင်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးလာလို့ လမြန်ဘက် နေရာအနည်းငယ် ရွေ့ပေးလိုက်ရတာရှိတယ်။ ဒါပေမယ့် ဒီကနေ့ မနက်တော့ ဝူယာန်ဘက်ကို ပြန်ပြီး တွန်းလှန်ပေးလိုက်တာရှိတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ယခုဇန်နဝါရီလထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လမြန်ကျေးရွာအထက်ပိုင်းကို စစ်ကြောင်းထိုးတက်နိုင်ဖို့ ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ယခုလို စစ်ကြောင်းထိုးလာတဲ့အပေါ် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဆန်းပိုင်းကနေ စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ရေးရှုံးနိမ့်နေတဲ့အတွက် ဝိုင်းမော်မှာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက ဆက်ပြီးသုံးသပ်ပြောဆိုပါတယ်။ “ဒီရက်ပိုင်း စစ်တပ်က ဗန်းမော်တိုက်ပွဲမှာ နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတဲ့ဟာတွေရှိတယ်။ အဲဒါကြောင့် စစ်ရေးအားနည်းသွားအောင် ဝိုင်းမော်ဘက်ကို တန်ပြန်ထိုးစစ်လုပ်လာတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ နှစ်ဆန်းပိုင်းကနေ ဗန်းမော်တိုက်ပွဲပြင်းထန်လာတာနဲ့အညီ တစ်ဖက်မှာ စစ်တပ်က ဝိုင်းမော် လမြန်ကျေးရွာအထက်ဘက်ကို ထိုးဖောက်နိုင်ဖို့ စစ်ကြောင်းထိုး တိုက်ခိုက်လာတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ပြောပါတယ်။ ဝိုင်းမော်လမြန်ကျေးရွာဘက်မှာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လက်နက်ကြီးအသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ “ဒီမနက် ၃ နာရီလောက်ကနေ တိုက်ပွဲသံတွေအကျယ်ကြီးပြန်ကြားရတယ်။ အခု ၁၀ နာရီအထိ ဆက်တိုက်ကြားနေရတယ်။ ဘယ်မှာဖြစ်နေလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ လမြန်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇန်နဝါရီလ ၁၉ ရက်နေ့စကပြီး တန်ပြန်ခုခံတိုက်ခိုက်လိုက်တာကြောင့် ဝူယာန်ကျေးရွာဘက်ခြမ်းကို တပ်ဆုတ်သွားခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဝူယာန်ကျေးရွာအထက် လမြန်ကျေးရွာကနေ ဆဒုံး – ကန်ပိုင်တည် တစ်လျှောက်ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၅ တစ်နှစ်တာလုံး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ လမြန်ကျေးရွာကနေ KIA ဘက်က ပိတ်ဆို့ တိုက်ခိုက်ထားတာကြောင့် စစ်ကြောင်းထိုးဖောက်နိုင်ခြင်းမရှိဘဲ လမြန်ကျေးရွာအနီးတဝိုက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
7 Januaryသတင်း
ဝန်းသိုနယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးနေပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေး
စစ်ကိုင်းနဲ့ကချင်အစပ် ဝန်းသိုမြို့နယ်ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပေမယ့် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ့မရှိသေးဘူးလို့ ဝန်းသိုမြို့က ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ညပိုင်းကစလို့ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်…
Read More » -
Dec- 2025 -1 Decemberသတင်း
မိုးမိတ်ဘက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း KIA ပူးပေါင်းတပ်တိုက်ခိုက်လို့ ယာဉ်တန်းပြန်ဆုတ်ခွာ
ရှမ်းမြောက် မိုးမိတ်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်လိုက်တဲ့အတွက် ယာဉ်တန်းပြန်လည်ဆုတ်သွားတယ်လို့ မိုးမိတ်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ည ၉ နာရီဝန်းကျင် မိုးကုတ်ဘက်ကနေ မိုးမိတ်ဘက်ကိုဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့စစ်ကား ၅ စီးကို မိုးမိတ်မရောက်ခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြန်ခေါက်သွားတယ်လို့ မိုးမိတ်ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “မိုးမိတ်မြို့တွင်းမှာတော့ မနေ့ကစပြီး စစ်တပ်တွေ ယူနီးဖောင်းတွေနဲ့ထင်ထင်ရှားရှား ဝင်ရောက်နေပြီ။ KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကတော့ မြို့ပြင်တွေမှာ နေရာယူထားတယ်။ မနေ့ညကတော့မိုးမိတ်နဲ့ ဘောတဲကြားမှာ စစ်တပ်ကား ၅ စီးလောက် ထွက်လာချိန် KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်လို့ ပြန်ခေါက်သွားတယ်။ အဲဒီချိန်မှာပဲ လေယာဉ်လည်း လာဝဲသွားတယ်။အရမ်းကြီးအပြန်အလှန် တိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့ မရှိဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ထဲကို အစပိုင်းမှာ TNLA တပ်ဖွဲ့ဝင်တွေနဲ့ ရောနှောကာ အရပ်ဝတ်တွေနဲ့စတင်ဝင်ရောက်လာခဲ့ပေမဲ့ နိုဝင်ဘာလ ၂၉ ရက် ညမှာတော့ TNLA က လုံခြုံရေးယူပေးကာ စစ်တပ်ယာဉ်တန်းအမြောက်အများဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ မိုးမိတ်ဒေသခံက ပြောပြပါတယ်။ မိုးမိတ်ဒေသခံ ပြောဆိုချက်အရ နိုဝင်ဘာ ၃၀ ရက်နေ့ မနေ့ကစပြီး မိုးမိတ်မြို့တွင်းမှာ TNLA တပ်ဖွဲ့ဝင်တွေကို ယူနီးဖောင်းနဲ့တကွ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း မိုးကုတ်၊ မိုးမိတ်မြို့တွေထဲကနေ TNLA တပ်ဖွဲ့တွေဆုတ်ခွာပြီးနောက်မှာတော့ စစ်ကောင်စီတပ်ကို PDF တပ်ပေါင်းစုတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။ “လက်ရှိထိတော့ KIA နဲ့ PDF တွေက မိုးကုတ်၊ မိုးမိတ်တွေမှာ TNLA နဲ့ပါ ပြဿနာမဖြစ်အောင် အပစ်အခတ်မဖြစ်ကြအောင် အရမ်းကို သတိထားနေတဲ့ အခြေအနေလို့ မြင်ရတယ်။ ဒါပေမဲ့ဆက်လက်ပြီးပဲ TNLA က စစ်တပ်နဲ့ အတူ လှုပ်ရှားသွားလာနေတယ်၊ စစ်ရေးလှုပ်ရှားတာတွေရှိလာရင်တော့ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး စစ်ကောင်စီနဲ့အတူလှုပ်ရှားနေတဲ့ TNLA နဲ့ PDF တွေတိုက်ပွဲမဖြစ်ပွားလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါမျိုးအခြေအနေ မဖြစ်လာရင်တော့ ပိုကောင်းတာပေါ့။အခြေအနေတော့ TNLA တွေအကုန်ထွက်ခွာပြီဆိုရင်တော့ စစ်တပ်နဲ့ KIA၊ PDF တပ်ပေါင်းစုတွေတိုက်ပွဲဖြစ်ပွားလာနိုင်တယ်”လို့ ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးကလည်း ပြောဆိုထားပါတယ်။ လက်ရှိ မိုးမိတ်မြို့ပြင်မှာတော့ KIA အပါအဝင် PDF တပ်ပေါင်းစုတွေ နေရာယူလှုပ်ရှားထားပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား…
Read More » -
Oct- 2025 -10 Octoberသတင်း
ဆိုင်းတောင်ကိုရဖို့ စစ်တပ်က မလန်း(Malang) ရွာဘက်ခြမ်းကို လေကြောင်းနဲ့ တိုက်ခိုက်နေ
ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ မလန်းကျေးရွာဘက်ကို လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ဝင်ရောက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့ အရေးပါတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ထဲမှာ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာက အဓိကပါဝင်နေပြီး စစ်တပ်ဟာ မြေပြင်စစ်ကြောင်းနဲ့ အလွယ်တူဝင်ရောက်နိုင်ဖို့…
Read More » -
Sep- 2025 -16 Septemberသတင်း
ကချင်အထူးဒေသ(၁) ပြန်ရဖို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က လမ်းကြောင်း ၃ ခုနဲ့စစ်ရေးပြင်ဆင်နေ
မြစ်ကြီးနားမြို့ထဲရှိမြောက်ပိုင်းတိုင်စစ်ဌာနချုပ်(မပခ)နဲ့ မြို့မရောက်ခင် ၁၅ မိုင်ဝန်းကျင်မှာအကွာမှာရှိတဲ့ ပြည်ထောင်စစ်လေ့ကျင့်ရေးသင်တန်းကျောင်းဟာ ကချင်ဒေသတွင်း ခေတ်အဆက်ဆက် စစ်တပ်ရဲ့အဓိက စစ်သင်တန်းပို့ချရာနေရာဖြစ်ပါတယ်။ ဒီစစ်လေ့ကျင့်ရေးသင်တန်း ကျောင်းနှစ်ခုမှာ စစ်တပ်အပြင် လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေ စစ်သင်တန်းပုံမှန်ပို့ချလျက်ရှိပြီး ပြီးခဲ့တဲ့ မေလမှာတော့ အင်အား ၅၀၀ ခန့် အများဆုံးသင်တန်းဆင်းခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့…
Read More » -
5 Septemberသတင်း
လေရှီးမြို့ အနောက်ဘက်ခြမ်း စစ်ကောင်စီ စစ်ကြောင်းထိုးနေ
အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ စစ်အင်အား ၃၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ လေရှီးမြို့ရဲ့အနောက်ဘက်ကို စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကား ၂ စီးနဲ့စစ်ကြောင်းထိုးနေတာလို့ လေရှီးမြို့ခံအမျိုးသားတစ်ဦး…
Read More » -
Aug- 2025 -27 Augustသတင်းဆောင်းပါး
စစ်ရေးအရှိန်ပိုပြင်းထန်လာတဲ့ ဖားကန့်ဒေသ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ
စစ်တပ်အာဏာပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ်ရဲ့ အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားထောင်ချီဖြည့်တင်းနေရာယူလိုက်ပြီးနောက် ဖားကန့်ပြည်သူတွေကြား စစ်ရေးစိုးရိမ်မှုဟာ တစ်ထစ်တိုးလို့လာပါတယ်။ လတ်တလော ဖားကန့်ဒေသထဲကို ဝင်ရောက်ထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ လက်လွတ်လိုက်ရတဲ့နေရာတစ်ချို့ပြန်ရဖို့နဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် ကားမိုင်း…
Read More » -
21 Augustသတင်း
ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား
ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ် ၁၀ ရက်ကျော်အတွင်းမှာပဲ စစ်ကြောင်း ၂ ကြောင်းထိုးတက်လာပြီး ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းကြောင်းအားလုံးကို စစ်တပ်ကနေရာယူထားတယ်လို့ သိရပါတယ်။ ဩဂုတ်လ ဆန်းပိုင်းမှာ စစ်အင်အား ၃၀၀…
Read More »









