တိုက်ပွဲ

  • Jul- 2024 -
    23 July
    သတင်း

    လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

    “မြို့အဝင် မုခ်ဦးနားအထိတော့တိုက်ပွဲကရောက်လာပြီပေါ့နော်။ ၄၁ တပ်ရင်းနားထိပေါ့လေ အပြန်အလှန် ပစ်ခတ်တဲ့သဘောပေါ့ ကိုးကန့်ဘက်ကလည်း မြို့နားကပ်လာတာကို ဒါ့ကြောင့်မြို့နားမှာရှိတဲ့တပ်နဲ့ တွေ့တဲ့ သဘောပေါ့”လို့ပြောပါတယ်။

    Read More »
  • 22 July
    သတင်း

    လားရှိုးမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူအားလုံး မြို့စွန်ခွာထွက်ပြေးနေဆဲ

    လားရှိုးမြို့ထဲ ကိုးကန့် MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲဆက်လက်ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံးနီးပါး မြို့စွန့်ခွာထွက်ပြေးနေဆဲဖြစ်တယ်လို့ လားရှိုးကနေထွက်ပြေးနေတဲ့ ဒေသခံပြည်သူတွေ ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ပြင်နဲ့ မြို့ထဲထိ ကိုးကန့် MNDAA တပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာကြောင့် ဇူလိုင် ၂၂ ရက်နေ့ မြို့ထဲကနေစွန့်ခွာထွက်ပြေးနေသူ ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “လက်ရှိအခြေအနေက မြို့ထဲကို ကိုးကန့် MNDAA ဝင်ရောက်နေပြီ။ ကျနော်တိုလည်း မြို့ပြင်ရောက်သွားပြီ။ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်။ မြို့ထဲတချို့ရှိသေးတယ်။ မထွက်ပြေးပဲ ရှိနေမယ်ဆိုတဲ့သူတွေ ရှိနေတယ်။ အားလုံးနီးပါးထွက်ပြီ။ မနေ့ကမနက်မြို့ထဲ လက်နက်ကြီးကျလို့ အများအပြားထိခိုက်တာ တွေ့ခဲ့လိုက်တယ်။ လမ်းမှာလည်း ပြည်သူတွေစစ်ရှောင်ထွက်နေကြချိန် လက်နက်ထိသူတွေရှိတယ်။ ထွက်ခွာသူတွေက ဒီနေ့တစ်နေ့လုံးလည်း ထွက်နေကြဆဲပဲ။”  လို့ လားရှိုးမြို့ထဲကနေ ထွက်ပြေးနေသူပြည်သူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ မနေ့က လားရှိုးမြို့ထဲ လက်နက်ကြီးထပ်ကျလို့ အရပ်သားပြည်သူအများအပြား ထပ်မံ ထိခိုက်သေဆုံးကြောင်း သိရပေမဲ့ အသေးစိတ်မသိရှိရသေးတဲ့အပြင် ဇူလိုင် ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာလည်း လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ဧဒင်ဘုရားကျောင်းမှာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး ဘုရားကျောင်းပျက်စီးသွားပါတယ်။ တစ်ဖက်မှာ မြို့စွန့်ခွာထွက်ပြေးနေသူတွေမှာလည်း လမ်းခရီးမှာ လက်နက်ထိမှန်တာတွေရှိနေတဲ့အပြင် ကိုးကန့် MNDAA က ပစ်ခတ်လို့ အသက်သေဆုံးရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေထဲက လူငယ်၊လူလတ်တွေကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်သားစုဆောင်းတာတွေ၊ စစ်ရှောင်လာတဲ့သူတွေရဲ့ ကား၊ဆိုင်ကယ် ငှားရမ်းသိမ်းယူလိုက်တဲ့ဖြစ်စဉ်တွေ၊ စစ်ရှောင်ကူညီရေးကားတွေကို ပစ်ခတ်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေကြောင်း ဆက်လက်သိရပါတယ်။ လက်ရှိ မြို့ထဲကနေ မထွက်ပြေးပဲကျန်နေတဲ့ ဒေသခံပြည်သူတစ်ချို့ကိုတော့ ကိုးကန့် MNDAA က ကာကင်းစခန်းတွေအတွက် ကတုတ်ကျင်းလိုက်လံတူးခိုင်းတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “လားရှိုးစစ်ပွဲက ကြာအုံးမယ်ထင်တယ်။ စစ်တပ်လည်း ထောက်ပို့ဆက်တိုက်ဖြည့်နေဆဲပဲ။ လေယာဉ်နဲ့ ဆက်တိုက်ဖြည့်နေတယ်။ ကို့ကန့်တပ်ဖွဲ့လည်း မြို့ထဲကို ထိုးစစ်ဆင် ဝင်နေဆဲပဲ။” လို့ ထွက်ပြေးနေသူ ဒေသခံကဆက်ပြောပါတယ်။   မြို့ထဲကို ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင် ဝင်ရောက်နေရာယူနေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ စစ်အင်အားဖြည့်တာတွေလုပ်နေတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့ထဲကနေ ပြည်သူ အားလုံးနီးပါး ခြေလျင်၊ ကား၊ဆိုင်ကယ်တွေနဲ့  လားရှိုးမြို့ထဲကနေ တောင်းကြီးဘက်ကို ထွက်ပြေးစစ်ရှောင်နေပြည်သူ ဒေသခံပြည်သူတစ်ဦးကလည်း ပြောပါတယ်။ “အိုး…လုံးလုံးမရဘူး။ ဆက်နေနေလို့ကိုမရဘူး။ လားရှိုးမှာ ဖုန်းလိုင်းလည်းပြတ်တောက်နေတယ်။ လမ်းလျှောက်တာနဲ့ ဆိုင်ကယ်နဲ့ ကားနဲ့ ကိုယ့်ဟာနဲ့ကိုယ်တတ်နိုင်သလိုထွက်နေတယ် မရှောင်ဘူးလို့ကျန်နေတဲ့ ကျနော့အသိဆွေမျိုးတွေလည်း အားလုံးရှောင်ပြီ။ လားရှိုးမြို့ကနေ ဘယ်မှမထွက်ဘူး အနှစ် ၆၀ ရှိပြီ ဆိုတဲ့အဘိုးတွေလည်း အကုန်ထွက်ပြီ”  လို့ သူကပြောပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့ပြင်ဘက် နောင်လဲန်ကျေးရွာမှာ ရွာသားအားလုံးနီးပါး ထွက်ပြေးနေပေမယ့် အိမ်မှာကျန်ရှိနေသေးတဲ့သူတစ်ချို့လည်းရှိနေသေးတယ်လို့ နောင်လဲန်(Nawngleng)ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကတော့ အခုလို ပြောဆိုပါတယ်။ “ဝက်အများကြီးမွေးထားတော့ ဒီတိုင်းပစ်ထားလို့မရတာကြောင့် ဘေးပတ်ဝန်းကျင် တစ်ယောက်တစ်လေရှိနေသေးတော့ ကိုယ်လည်းရှိနေသေးတယ်။ ကတုတ်ကျင်းတွေတူးထား၊ အိပ်ခန်းမှာ ကုတင်ပေါ်မွေ့ယာအထူတွေတင်လိုက်ပြီး ညဆိုအဲ့အောက်မှာအိပ်တယ်။ သေနတ်သံအရမ်းဆူညံလာရင် ကတုတ်ကျင်းထဲပြေးဝင်လိုက်နဲ့ နေနေတယ်။ ပလောင်၊ ရှမ်း ၊ ဗမာ တို့ တချို့ဆို ထွက်ပြေးပြီး သွားဒုက္ခကြုံကြတာကြောင့် ပြန်ခေါက်လာသူတွေလည်းရှိတယ်။ ထွက်ပြေးနေစရာမရှိ၊ တောကျောက်ဆောင်တွေထဲပဲ လိုက်ပုန်းအောင်းကြသူတွေက အစားအသောက်ကုန်လာလို့ ပြန်လာကြတယ်။” လို့ အိမ်မှာကျန်နေသေးတဲ့ နောင်လဲန်( Nawngleng) ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။   ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစပြီး ၄ ရက်တာ အပစ်အခတ်ယာယီရပ်စဲဖို့ ကိုးကန့် MNDAA ဘက်က ထုတ်ပြန်ခဲ့ပြီးနောက် ၄ ရက်ပြည့်ပြီး ဇူလိုင် ၁၉ ရက်နေ့ကစလို့ လားရှိုးမြို့ထဲကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကြောင်းခွဲပြီး ထပ်မံ ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့ စစ်ကောင်စီတပ်စခန်းတည်ရှိရာ နေရာတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေကြသလို စစ်ကောင်စီက ကိုးကန့်ထိန်းချူပ်ရာနေရာတွေထိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာဖြစ်ပါတယ်။ ဒါကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြှင့်တက်နေပြီး ဘာသာရေးအဆောက်အအုံများ၊ ကျောင်းဆောင်များ၊ နေအိမ်အမြောက်အများထိခိုက်ပျက်စီးနေရကြောင်း ဒေသခံပြည်သူတွေ ပြောပါတယ်။ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ စစ်ကောင်စီတပ်ကို အပြင်းအထန် တိုက်ခိုက်ဝင်ရောက်လာရာ တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူအားလုံးလည်း တောင်ကြီး၊ မန္တလေးနဲ့ နမ္မတူ၊ ကွတ်ခိုင်၊ ၀ ပြည် စသဖြင့် နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့တိုက်ပွဲကြောင့် တအာင်း TNLA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့် MNDAA စသဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချူပ်နေတဲ့ ကွတ်ခိုင်၊ သိန္နီ၊ လောက်ကိုင်၊ နမ့်ဖတ်ကာ၊ ကောင်းခါးမြို့၊ လွယ်ခမ်း ၊ နမ့်ခမ်း၊ တာမိုးညဲ နဲ့ အခြားလေကြောင်းအန္တရာယ်စိုးရိမ်ရတဲ့နေရာတွေမှာ စာသင်ကျောင်းအားလုံး ပိတ်ထားတယ်လို့ ဆက်လက်သိရပါတယ်။ By –…

    Read More »
  • 18 July
    သတင်း

    တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်

    ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့  မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅…

    Read More »
  • 17 July
    သတင်း

    အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ

    စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့နယ်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မနက်ပိုင်းကလည်းပစ်ခတ်သံတွေကြား နေရသလို ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၅၀၇ အနီးတစ်ဝှိုက်ကနေပစ်ခတ်မှုသံတွေကြားနေရဆဲလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “လားရှိုးကတော့ဆက်ဖြစ်နေတုန်းပဲ မနက်ကလည်းပစ်နေတာပဲ။ မနက်က ၅၀၇ တပ်နားတွေဖြစ်နေ တုန်းပဲ။ အပစ်ရပ်တယ်ဆိုပေမဲ့လည်း ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ ဒေသခံတွေကတော့နေ့တိုင်းပြေးနေ တုန်းပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ကိုးကန့်တပ်မတော် MNDAA ဘက်က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့နယ်အဝင်မုခ်ဦးအထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေဆက်တိုက်ဖြည့်တင်းထားတဲ့အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ မနေ့ကညပိုင်း ၈ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့နယ် နားမခေါ်ရပ်ကွက် လမ်းသွယ် ၄ မှာ လက်နက်ကြီး စထိမှန်ခဲ့လို့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသားတစ် ယောက်ထိခိုက် ဒဏ်ရာရှိခဲ့ပါသေးတယ်။ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကထုတ်ပြန်ချက်ထဲမှာဆိုရင် နောင်ချိုမြို့နယ် ဘန့်ဘွေးနဲ့ ရေဝင်ရွာတွေမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ သဲခေါ်ရွာနားက TNLA ရဲ့တပ်စခန်းကိုလက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁၊ ၅၀၂ တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာလို့ နတ်တောင်အနီးတစ်ဝှိုက်နဲ့ နောင်ပိန်ရွာ တစ်ဝှိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့နဲ့ စစ်ကောင်စီတပ်အကြား ဇူလိုင်လ ၁၄ ရက် နေ့ကနေ ၁၈ ရက်နေ့အထိ ၄ ရက်ကြာအပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်လာရင်တော့ ပြန်လည်ခုခံနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • 9 July
    သတင်း

    မိုးမိတ်မှာ အရပ်သား ၃ ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ မနေ့က နေ့လည်ပိုင်း ၃ နာရီဝန်းကျင် သရက်တောကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရသလို တအာင်းတပ်မတော် TNLA ဘက်က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့က လက်ခုတ်ပင်နဲ့မြောက်ပိုင်းရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်နေ့တည်းမှာ အရပ်သား ၃ ယောက်သေဆုံးခဲ့ရပြီး နေအိမ်ထိမှန် ပျက်ဆီးတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ညနေပိုင်းကတည်းကနေ ညပိုင်းအထိ သရက်တောဘက်မှာ သေနတ်သံနဲ့လက်နက်ကြီးသံ တွေကတောက်လျှောက်ပဲ လက်ခုတ်ပင်ဘက်က ဟိုတစ်နေ့ကဆိုရင် ၂ ယောက် မြောက်ပိုင်း ရပ်ကွက်က တစ်ယောက် ၃ ယောက်ပေါ့”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူတွေဟာ လက်ခုတ်ပင် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ဦးကျော်ဦး ၆၅ နှစ် နဲ့ မြောက်ပိုင်းရပ်ကွက်က ကိုနိုင်ဦး ၅၅ နှစ် သေဆုံးခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့နယ်မှာ လက်တလောဖုန်းလိုင်းအားလုံးပြတ်တောက်နေသလို ကုန်စည်အဝင်လည်းမရှိတော့သလို တစ်ဖက်မှာ သောင်းနဲ့ချီတဲ့ဒေသခံတွေကလည်း တိုက်ပွဲတွေနဲ့လွတ်ကင်းတဲ့နေရာတွေကို ထွက်ပြေးနေကြရပြီး ဖုန်းအဆက်အသွယ်ခက်ခဲလို့ သူတို့အခြေနေအသေးစိတ်ကိုသိရဖို့ KNG က စုံစမ်း‌နေဆဲဖြစ်ပါတယ်။ “ရှောင်ကြတာကတော့ အောက်ပိုင်းရွာတွေပါပဲပြန်ရှောင်ကြတာပေါ့ စစ်မဖြစ် နိုင်တဲ့အခြမ်းတွေ ပေါ့ မြို့ရဲ့တောင်ဘက်ခြမ်းဖြစ်နိုင်တယ်ဆိုရင် တောင်ဘက်ကိုပြေးပေါ့ ဒီလိုပဲကြည့်ပြီးရှောင်ရတာ ပေါ့ ကျနော်တို့မြို့ကကြေမှာ အထိုင်တပ်က မြို့နဲ့ ၂ မိုင်လောက်ပဲရှိတာ အဲ့ကိုကျသွားမတိုက်ကြဘူး မြို့ထဲပဲခိုပြီးတိုက်တော့ မြို့ကကြေမှာပဲ“ လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ လက်ခုပ်တန်း၊ ရွှေဇာလီ နဲ့မိုမိတ်တံတားတစ်ဝှိုက်မှာ အဓိက စစ်ရေး လှုပ်ရှားတာတွေရှိသလို မြေပြင်ရောလေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့သိရ ပါတယ်။ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် နေ့ကစလို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA ဘက်က မိုးမိတ်မြို့အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း လက်ခုတ်တန်း နဲ့ လယ်ကြီးရွာဘက်က တပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ညကတိုက်ခိုက်အပြီးမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ မိုးမိတ်မြို့နယ် ထဲက ရွှေသာယာတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ By – အမိုး

    Read More »
  • 6 July
    စစ်ပြေးဒုက္ခသည်များ

    ဝိုင်းမော် စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ၏ အခက်အခဲ

    ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး အခြေအနေကို ဖြတ်ကျော်နေရသည်။ ထိုအထဲတွင် ဇူလိုင်လ ပထမအပတ် ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ကမ်းရှိ စစ်ရှောင်စခန်းများ…

    Read More »
  • 5 July
    သတင်း

    လားရှိုးမြို့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု ၁၃ ဦးအထိရှိလာ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃ ဦးအထိရှိလာပြီလို့ တအာင်း တပ်မတော် TNLA သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နဲ့ မနေ့ကအထိ နှစ်ရက်အတွင်း မိသားစု ၆ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပါအဝင် ကလေးငယ် နဲ့အမျိုးသမီးတွေပါသေဆုံးခဲ့ရပြီး နှစ်ရက်အတွင်းမှာပဲ သေဆုံးသူက ၁၃ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ TNLA ရဲ့သတင်းထုတ်ပြန်ချက်တွေအရ လားရှိုးမြို့နယ်ထဲက ရပ်ကွက် ၁၊ရပ်ကွက် ၉၊ နမ့်ပေါင်ရွာ၊ ရပ်ကွက် ၁၁ နဲ့ ရပ်ကွက် ၅ တို့က ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ မနေ့က မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရပ်ကွက် ၉ က…

    Read More »
  • Jun- 2024 -
    27 June
    သတင်း

    ဆိုင်းတောင်နှီးဘုရားကုန်းမှာ တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်  ဆိပ်မှု(ဆိုင်းတောင်)ကျေးရွာ နှီးဘုရားကုန်းမှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ ဆိပ်မှု( ဆိုင်းတောင်) နှီးဘုရားကုန်းမှာ စစ်အင်အား ၃၀ ခန့်လောက် ယာယီလာရောက်တပ်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊KPDF ပူးပေါင်းတပ်တွေကြား ဒီကနေ့…

    Read More »
  • 26 June
    သတင်း

    နန့်မွန်းမြို့မှာ စစ်တပ်က ကချင်ဘုရားကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်းဆီးတာတွေလုပ်နေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အင်တော်ကြီးဒေသ ချေင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် စစ်တပ်စခန်းတွေကို KIA ပူပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ပြီး စစ်တပ်ဘက်ကနေလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်နေတဲ့အတွက် နန့်မွန်းဒေသခံပြည်သူတွေက ဇွန်လ ၂၅ ရက်နေ့ မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်ထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ နန့်မွန်းဒေသခံတွေ တိမ်းရှောင်သွားပြီးနောက် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်တောင်ကနေ ဆင်းလာပြီးတော့ ဘုရားကျောင်းဝင်ထဲမှာ ဝင်ရောက်နေထိုင်ပြီး ဘုရားကျောင်းမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်တာ၊မြို့တွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ နန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဘုရားကျောင်းတွေမှာက ခတ်ထားတဲ့ သော့တွေရိုက်ထုတ်လိုက်ပြီး မနေ့ညကနေ ရှိနေကြတယ်။ ဘုရားကျောင်းထဲမှာ အသုံးပြုတဲ့ စက်တွေကို ဖွင့်ပြီး သီချင်းတွေအော်ဆိုနေကြတယ်။ ပြီးရင်လူမရှိတဲ့ အိမ်တွေမှာဝင်ပြီး နေကြတယ်။ ဒီလိုလုပ်တာက ကာဗာယူတယ်လို့ပဲမြင်ပါတယ်။ တိမ်းရှောင်တဲ့ သူတွေလည်း အကုန်တော့မဟုတ်ဘူး။ တစ်ချို့အိမ်ထောင်စုတွေလည်းရှိနေသေးတယ်။ အဲဒီသူတွေလည်း မနေ့က ဖမ်းဆီးတာတွေလုပ်တယ်။ ဖမ်းဆီးခံရတဲ့ သူတွေကိုတော့ မနေ့ည ပြန်လွတ်ပေးလိုက်တယ်လို့တော့ကြားတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်းမြို့တွင်းရပ်ကွက်တွေထဲက ကချင်ပြည်သူတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်မှာ အခုလို ဝင်ရောက်တပ်စွဲထားပြီး နေအိမ်တွေကို မွှေနှောက်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေထဲမှာ နန့်မွန်းဒေသခံပြည်သူတွေအပါ လုံးတုံဒေသခံပြည်သူတွေလည်း ယာယီတိမ်းရှောင်နေကြပြီလို့သိရပါတယ်။ အခုလို အင်းတော်ကြီးတဝိုက်မှာ ရှိကြတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချောင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်စခန်းတွေကို လက်လွတ်လိုက်ရတာကြောင့် တိုက်ပွဲက နန့်မွန်းနဲ့ လုံးတုံ၊ မမုံကိုင်၊ နေရာဘက်ကို ပြန်လည်ဦးလာနေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဒါကြောင့် နန့်မွန်၊ လုံးတုံ စတဲ့ ဒေသခံပြည်သူတွေက မြို့နဲ့ နီးတဲ့ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ နန့်မွန်းဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုဆက်ပြောပါတယ်။ “၂၄ ရက်နေ့ညကနေ လက်နက်ကြီးတွေ ပစ်တော့ ကျမတို့နဲ့ အရမ်းနီးကပ်လာတယ်။ အဲဒါကြောင့် ပြင်ဆင်စရာပြင်ပြီးတော့ လုံခြုံတယ်လို့ ထင်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်လာကြတာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ တိုက်ပွဲရှောင် နန့်မွန်၊ လုံးတုံ၊ မမုံကိုင် စတဲ့ ဒေသခံပြည်သူတွေ မိုးညှင်း၊ ဟိုပင်မြို့ပေါ်ဘက်ကိုလည်း ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေ ပြီးခဲ့အပတ် ဇွန်လ ၂၁ ရက်နေ့မှစပြီး ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ By –…

    Read More »
  • 26 June
    သတင်း

    ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှုရှိနေ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်က စတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တအာင်းတပ်မတော် TNLA သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲက ကျောက်မဲမြို့ စစ်ကောင်စီရဲ့အမြောက်တပ် အမှတ် ၃၅၂ နဲ့ စခန်းသာကုန်းတို့မှာ ပြင်းထန်နေတာလို့ တအာင်းတပ်မတော် TNLA ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ မနေ့ကစတင်ပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လက်နက်ကြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဆက်ဖြစ်နေတယ်။ အခုဗုံးသံတွေလည်းကြားရတယ် ဒီမနက်မှာပဲလူ ၄ ယောက်ထိသွားတယ်။ မြို့အဝင် အထွက်တော့မသိဘူး ရဲစခန်းတွေတော့သူတို့သိမ်းပြီပြောတယ်။ ဒီမနက်တော့ ဈေးတွေဘာတွေသွားလို့ ရအောင်ခနနားပေးတယ်။ ၁၀ နာရီလောက်တိုက်ပွဲစမယ်ဆိုပြီး ၉ခွဲလောက်က တည်းကပစ်နေတယ်။ အခုတော့ဘယ်သူမှအပြင်မထွက်ကြတော့ဘူး။”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေကတော့ ဘေးလွှတ်ရာကျေးရွာတွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေဆီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပြီး တစ်ချို့ဒေသခံတွေကတော့ မြို့တွင်း နေအိမ်မှာပဲနေထိုင်နေကြရသလို လုံခြုံမှုတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “ဘယ်သူမှလည်းပြေးလို့မရဘူး ဂုတ်တွင်းကလည်း ပိတ်လိုက်ပြီလေ ဒါ့ကြောင့် ကိုယ့်အိမ်မှာပဲကိုယ်နေ ကြတယ်။ တစ်ချို့လည်း နောင်ပိန် ဘက်ပြေးကြတယ်။ တိုက်ပွဲနဲ့နီးတဲ့နေရာတွေကတော့ အကုန်လုံးရွှေ့ပြီး တော့ နီးစပ်ရာဆွေမျိုးတွေအိမ်တွေဆီရွှေ့ကြတယ်။အားလုံးကအိမ်ထဲမှာပဲနေကြတယ်။”လို့ပြောပါတယ်။ တိုက်ပွဲစဖြစ်တဲ့ မနေ့ကတော့ ရပ်ကွက် ၈ ထုံးဖို အခွန်လွတ်ဈေးအနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ လို့ အမျိုးသားတစ်ဦးသေဆုံးခဲ့သလို ရပ်ကွက် ၉ တိလင်ရပ်ကွက်မှာလည်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ KNG က လက်လှမ်းမှီသလောက်ပြုစုထားတဲ့စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ ဇွန်လ ၂၆ ရက်နေ့ကနေ ဒီနေ့ အထိ ကျောက်မဲမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့မြောက်ပိုင်းညီနောင် ၃ ဖွဲ့အကြား တရုတ်ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်ခဲ့တာ ၅ လကြာအပစ်ရပ်ထားချိန် မိုးကုတ်၊ နောင်ချို နဲ့ မိုးမိတ် ဒေသတွေကို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း တအာင်းတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က စစ်ကောင်စီရဲ့အခုလိုလုပ်ရပ်တွေကြောင့် စစ်ရေးအရစိုးရိမ်ရတဲ့အခြေနေဖြစ်သလို ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီတပ်က လိုက်နာနိုင်ဖို့သံသယရှိတယ်လို့ ဆိုခဲ့ပါတယ်။ By – အမိုး

    Read More »
Back to top button