ဖမ်းဆီးမှု

  • Oct- 2024 -
    23 October
    သတင်း

    KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က စက်တင်ဘာလ ၂၂ ရက်နေ့ရက်စွဲနဲ့ KIA  ဖမ်းဆီးထားတဲ့သတင်းသမား ၂ ဦးကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ KIA အနေနဲ့ စစ်ကောင်စီတပ်လို သတင်းသမား တွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့လည်း ဆိုထားပါတယ်။ “မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့အဖွဲ့တိုင်းဟာ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ သတင်းထောက်တွေကို ပစ်မှတ်ထားခွင့်မရှိဘူး ကချင်လွတ်ရေးတပ်မတော်က သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလိုမလုပ်သင့်ပါဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခု လွှတ်ပေးသင့်တယ်”လို့ CPJ ရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အဆိုပါ သတင်း သမား ၂ ဦးကို ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေမှာဖမ်းဆီးထားပြီး လက်ရှိအခြေနေနဲ့ပတ်သက်လို့ KNG ကို အခုလိုပြောပါတယ်။ “ဘာကြောင့်ဖမ်း တယ် သူတို့အပြစ်ကဘာရှိတယ်ဆိုတာကို စစ်ဆေးမေးမြန်းနေတဲ့ အနေအထား ထင်တယ်  ဖမ်းတဲ့ကိစ္စနဲ့တော့ သတင်းဌာနနဲ့တော့ တိုက်ရိုက်ပတ်သက်မှုမရှိဘူး တပ်ပိုင်းဆိုင်ရာကနေဖမ်းတာဆိုတော့။ ဘာကြောင့် ဖမ်းတယ်ဆိုတာကတော့ ကျနော်မသိတာကိုပြောတာပါ။ သူတို့ကတော့သိမှာပါ။ သူတို့ရဲ့ စားရေးသောက်ရေးနဲ့တစ်ခြားကိစ္စတွေကတော့ စိုးရိမ်စရာတော့မရှိပါဘူး KIA ကတော့ အဲ့တာ မျိုးတွေ ဘယ်တော့မှအလေးမထားတာကိုမတွေ့ရဘူး အလေးထားပြီးတော့မှ သူတို့လိုအပ်တာတွေကို ဖြည့်ဆည်း ပြီးမှ ထိန်းထိန်းသိမ်းသိမ်းခေါ်ထားတယ်ထင်တယ် ဒါက ကျနော်သူတို့ရဲ့အခြေနေကို သုံးသပ်ပြီးမှ ပြောတာ ပါ။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ သတင်းထောက် ၂ ဦးဖမ်းဆီးခံထားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက တိတိကျကျဖြေဆိုနိုင်တာမရှိပေမယ့် သတင်းထောက် ၂ ဦးကို အလေးနက်ထားပြီး သေချာထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ ဖားကန့်မြို့နယ် နယ်ခံသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို KIA တပ်က စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ ပတ်ရှိလာပြီ ဖြစ်ပါတယ်။ သတင်းသမား ၂ ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးပြောတာကတော့ “ အဲဒီ ဖားကန့်တပ်မဟာက ၉ တပ်မဟာမှူး ပြောတာကတော့ ဆိုင်းတောင်တိုက်ပွဲပြီးရင် လွှတ်ပေးမယ်ပြောတယ်။ ဒါပေမယ့်ခုချိန်ထိ မလွှတ်ပေးသေး ဘူး” လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့သူလို့သိရပါတယ်။ သတင်းထောက်ကိုတာလင်းမောင်ကတော့ အာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်အလုပ်ကို လုပ်ကိုင်နေတာလို့သိရပါတယ်။ သတင်းသမား ၂ ဦးပြန်လွတ်ပေးဖို့ ဖားကန့်တော်လှန်ရေးအင်အားစုနဲ့ မိသားစု၊ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ ၊တပ်မဟာမှူးကို စာပေးပို့တောင်းဆိုထားကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက KIA တပ်ဟာ သတင်းသမားတွေကိုပထမဆုံးအကြိမ်ဖမ်းဆီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းကိုလည်း CPJ ကဆိုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။ By –…

    Read More »
  • Sep- 2024 -
    17 September
    သတင်း

    ဖားကန့်မှာ နေအိမ်မီးရှို့တဲ့ မူးယစ်ဆေးသမားအပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ KIO ပြော

    ဖားကန့် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးသမားနှင့် အရပ်သား ၂၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ KIO ပြောပါတယ်။ တိုက်ပွဲကြောင့် ပြည်သူတွေ စွန့်ခွာထားတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ စေခိုင်းမှုကြောင့် မီးရှို့ဖျက်ဆီးနေတဲ့ သူတွေကို ဖမ်းဆီးရမိထားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ စစ်တပ်က ရွာထဲမှာရှိတဲ့ မူးယစ်ဆေးဝါးသမားတွေကို ပြည်သူပိုင်နေအိမ်တွေကို မီးရှို့စေခိုင်းတယ်။ ဘယ်လောက်ထိသေချာလဲတော့ မသိဘူး။ ဒါပေမယ့် အခုဖမ်းဆီးထားတာ ၂၀၀ လောက်ရှိတယ်။ ဖမ်းဆီးခံထားတဲ့ သူတွေကတော့ သူတို့မလုပ်ဘူးဆိုပြီး ငြင်းဆိုနေတာတွေလည်းရှိနေတယ်”လို့ပြောပါတယ်။ အခုလို ဖမ်းဆီးတာဟာ ဆိုင်းတောင်ကျေးရွာထဲမှာ ဆက်ပြီး ဒုက္ခမပေးဖို့နဲ့ ပြည်သူလူထုတွေကို ကာကွယ်တဲ့အနေနဲ့ ဖမ်းဆီးဆောင်ရွက်တာတွေ လုပ်နေတာဖြစ်တယ်လို့သိရပြီး  ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ ဖားကန့်ဒေသကို ကွပ်ကဲနေတဲ့ KIO/KIA အနေနဲ့  တာဝန်ယူဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနေရာဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာထဲက Lucky Man Hotel ထဲမှာ နေရာယူထားပြီးတော့ အရပ်သားနေအိမ်တွေကို မူးယစ်ဆေးဝါးသမားတွေကို မီးရှို့စေခိုင်းနေတယ်လို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ စစ်တပ်က ဆိုင်းတောင်ကျေးရွာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်းတောင် ခါနန်ရပ်ကွက် စျေးနေရာတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတာဖြစ်တယ်။ ဆိုင်းတောင်ကျေးရွာထဲမှာရှိတဲ့ အရပ်သားနေအိမ်တွေကို စစ်တပ်က နေ့တိုင်းလိုလို မီးရှို့ဖျက်ဆီးနေတာဟာ Lucky Man Hotel ထဲမှာ တစ်ပတ်လောက်အကြာရှိနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို KIA က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ မှာလည်း Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့အပြင်ဘက်ကို ထွက်လာတာကြောင့် KIA ရဲ့ လိုက်လံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ထက်မနည်း သေဆုံးမှုရှိနိုင်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ “အထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သား တစ်ချို့အပြင်ဘက်ကို ထွက်လာကြလို့ လိုက်ပစ်တာ ၁၀ ယောက်ကျော်လောက် သေတယ်။ KIA က လိုက်ပစ်တော့ တစ်ချို့က အထဲကို ပြန်ဝင်သွားကြတယ်။ အခုလည်း ပစ်နေဆဲဖြစ်တယ်”လို့ပြောပါတယ်။ မနေ့က တစ်ရက်ထဲမှာပဲ ဆိုင်းတောင်ကျေးရွာကို စစ်တပ်က…

    Read More »
  • 13 September
    သတင်း

    မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်ပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ စစ်ကောက်စီတပ်က ဇူလိုင်လ ၂၁  ရက်နေ့နောက်ပိုင်း ကချင်တစ်ပြည်နယ်လုံးကို ဖုန်းနဲ့ အင်တာနက်လိုင်း၊ wifi လိုင်းတွေဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ  IP Starနဲ့Star Link ဂြိုလ်တုနဲ့အင်တာနက်ကို အခကြေးငွေပေးပြီး ဆိုရှယ်မီဒီယာသုံးတာ၊ ငွေလွှဲငွေထုတ်တာတွေလုပ်နေကြပေမယ့် စစ်တပ်က ဆိုင်တွေကိုရှောင်တခင်ဝင်စစ်ဆေးပြီး ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “သူတို့အဓိက ဖမ်းတာက ငွေလွှဲငွေထုတ်လုပ်တဲ့သူတွေကိုဖမ်းတယ် ပြီးတော့တချို့မသင်္ကာတဲ့သူတွေကိုလည်းဖမ်းတယ်။ ကျွန်တော်တို့ဆိုင်မှာအရင်ပတ်တွေတော့ Kpay လွှဲလို့ရတယ် အခုတော့kapy လွှဲရင်ဖမ်းတယ်ဗျ။ အဲ့ကြောင့်ငွေလွှဲ ဘာညာတော့မရတော့ဘူး”လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူတွေဟာ IP Star နဲ့ Star Link တပ်ဆင်ထားတဲ့ နေရာတွေမှာ တစ်နာရီမှာ ၂ သောင်းခွဲပေးပြီး သုံးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်က စက်တင်ဘာလ လဆန်းပိုင်းကစပြီး တပ်ကုန်းရပ်ကွက် အင်တာနက်အသုံးပြုလို့ရတဲ့ ဆိုင်တစ်ချို့နဲ့မြို့ပေါ် ဟိုတယ်တစ်ချို့မှာ အင်တာနက်အသုံးပြုတဲ့သူတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဝင်ရောက်စစ်ဆေးခဲ့တဲ့ ဟိုတယ်၊မိုတယ်၊ ဖုန်းဆိုင်၊ အင်တာနက်အသုံးပြုလို့ရနေတဲ့ ဆိုင်တွေရဲ့ အမည်နာမအသေးစိတ်ကိုတော့ လုံခြုံရေးအရ ဖော်ပြခွင့်မပြုထားပါဘူး။ “အစကတော့ကျမ သူငယ်ချင်းလည်း သူ့တည်းခိုခန်းမှာလာတည်းတဲ့သူတွေလည်းအဆင်ပြေအောင် မိတ်တွေခေါ်တဲ့အနေနဲ့ Star Link လည်းတပ်မယ်ပေါ့ စီစဉ်ထားတာ။ ဒါပေမယ့်စစ်ကောင်စီဘက်က Star Link တပ်ရင် ဥပဒေနဲ့မလွတ်ကင်းဘူး။ အင်တာတက်ကိုသူတို့တားမြစ်ထားတယ်ပြောလို့ အခြားနေရာတွေလည်းအဖမ်းအဆီးတွေရှိလာတော့ မတပ်ဖြစ်တော့ဘူး ကြောက်နေရတာ”လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ခုလို အင်တာနက်အသုံးပြုလို့ရတဲ့နေရာတွေကို ဖမ်းဆီးလာတာကြောင့် မြို့ခံပြည်သူတွေ ငွေလွဲငွေထုတ်ဖို့ပိုမိုခက်ခဲလာသလို  အင်တာနက်အသုံးပြုသူတွေအတွက်လည်းလုံခြုံရေးစိုးရိမ်ရတာကြောင့် အသုံးပြုသူတွေနည်းလာတယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ မြစ်ကြီးနားမြို့ကို KIA ၊KPDF ပူးပေါင်တပ် စက်တင်ဘာလနဲ့အောက်တိုဘာလထဲမှာ မြို့ကိုသိမ်းပိုက်လာနိုင်တယ်ဆိုတဲ့သတင်းတွေပျံ့နှံ့လာတာကြောင့် အခုလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာလို့ သိရပါတယ်။…

    Read More »
  • Aug- 2024 -
    26 August
    သတင်း

    ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ

    စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ရက်စွဲနဲ့…

    Read More »
  • 16 August
    လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး

    ကချင်မှာ နှစ်ဝက်အတွင်း ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရ

    KNG မှ စာရင်းပြုစုထားချက်အရ ဇူလိုင်လအထိ ခရစ်ယာန်ဘာသာရေးဆရာများအား ဖမ်းဆီးမှုစစ်ဆေးမှု စုစုပေါင်း ၇ ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။

    Read More »
  • Jul- 2024 -
    30 July
    သတင်း

    စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး

    မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လအတွင်းမှာ မြစ်ကြီးနား စီတာပူရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ  Mading Zung Kyang ၊ ဆရာ Sut Aung တို့ကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၆ ရက်နေ့မှာ အကြောင်းမဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးထဲကနေ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ  Mading Zung Kyang တို့ ၂ ဦးကို ၂၇ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ပေမယ့် ဆရာ Sut Aung ကိုတော့ ဒီနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးသိရှိတဲ့ မြစ်ကြီးနား ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့သိထားရသလောက်ဆိုရင် ဆရာဂျုံးခေါင်နဲ့ မဒိန်ဇုန်းကရန်း နှစ်ယောက်က လွတ်လာပြီ။ ဆရာဒဘန် ဆွတ်အောင်က မလွတ်လာသေးဘူးလို့ကြားတယ်”လို့ပြောပါတယ်။ လက်ရှိမှာ ဆရာ ၂ ဦးသာ လွတ်မြောက်လာပြီး လွတ်မြောက်ဖို့ ကျန်ရှိနေသေးတဲ့ ဆရာ ဆွတ်အောင်ကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတာကို မသိရသေးဘူးလို့ ဆိုပါတယ်။…

    Read More »
  • 29 July
    သတင်း

    ဖမ်းဆီးခံရတဲ့ စီတာပူနှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာနဲ့လူငယ်ခေါင်းဆောင်လွတ်မြောက်လာ

    ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ကသိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဆွတ်အောင်ကို စစ်တပ် ဖမ်းဆီးသွာားပေမယ့် ၂၄ နာရီမပြည့်ခင်ပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီတပ်တွေဟာ စီတာပူကချင်နှစ်ခြင်းအသင်းတော် အမှုတော်ဆောင်တွေဖြစ်တဲ့ သိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်ဆရာဆွတ်အောင် ၂ ဦးကို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းမှပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို ခေတ္တရောက်နေတဲ့မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။ “၂၄ နာရီမပြည့်ခင် ပြန်လွတ်ပေးလာတယ် ကျနော်တို့ကြာားရသလောက်တော့ စီတာပူနှစ်ခြင်းအသင်းတော်မှာ ဖမ်းမခံရခင် ရှေ့အပတ်မှာ တိုက်ပွဲဖြစ်လာရင် အသင်းသူ၊သားတွေကို ဘယ်လိုရှောင်ကြမလဲဆိုပြီးပြောထားတဲ့ကိစ္စကြောင့်လို့တော့ ပြောတယ်။ အသေးစိတ်တော့မသိရဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာလည်း ဝိုင်းမော်မြို့ ဝူယန်ပြည်သူ့စစ်စခန်းအနီး ဘက်ဟိုးနဲ့ ကတုတ်ကျင်းတူးဖော်နေတဲ့ ဗီဒီယိုဖိုင်ရိုက်ကူးခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့  ဝူယန် KBC  သိက္ခာတော်ရ သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီနဲ့ပြည်သူ့စစ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပါသေးတယ်။  ခုလို စစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တာ၊ဘာသာရေးဆရာတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ၂၀၂၃ ခုနှစ် မေလ ၁ရက်နေ့က ထုတ်ဝေတဲ့ USCIRF ရဲ့ ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ အထူးစိုးရိမ်ရတဲ့နိုင်ငံများ ( Countries of Particular Concern- CPC )စာရင်းထဲမှာ ထည်သွင်းသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံတွေက အစိုးရတွေဟာ ဘာသာရေးနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ချိုးဖောက်မှုတွေကို ကိုယ်တိုင် ချိုးဖောက်တာ ဒါမှမဟုတ် အခြားသူတွေ ချိုးဖောက်တာကို မျက်ကွယ်ပြုထားတာတွေ လုပ်ဆောင်နေတယ်လို့ USCIRF ရဲ့ ကြေညာချက်မှာ ဖော်ပြထားတဲ့အပြင် USCIRF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ ဧရိယာရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမယ့်၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဆန့်ကျင်သူတွေကို ဖိနှိပ်တာ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ By – CJ

    Read More »
  • 23 July
    သတင်း

    သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်

    အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းထားတဲ့ သိက္ခာတော်ရဆရာတော် Rev. Dr Hkalam Sam Son ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တာဝန်ရှိသူတွေ ကချင်သတင်းဌာန KNG ကိုအတည်ပြုပြောဆိုပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ ထောင်ကလွတ်ပေးခဲ့ပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန်ဟု ခေါင်းစဉ်တပ်ပြီး ညတွင်းချင်း ပြန်လည်ဖမ်းဆီးထိန်းသိမ်းထားလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ၃ လကျော်ကြာပြီးနောက် ဇူလိုင်လ ၂၂ ရက် မနေ့က ၁၁ နာရီခွဲမှာ ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ပါတယ်။ “သတင်းမှန်ပါတယ်။ မနေ့က လွတ်လာတယ်။ မနေ့က ၁၁ နာရီခွဲမှာ လွတ်လာပြီ။ ဘယ်လိုနဲ့လွတ်လာသလဲဆိုတာတော့ ကောင်းကောင်းမသိဘူး။ လွတ်တော့လွတ်လာပြီနော်။ အခုအိမ်မှာရောက်နေပြီ။” ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်လာရတဲ့အကြောင်းအရင်းကိုအတိအကျမသိရပေမဲ့ လက်ရှိမှတော့ နေအိမ်မှာ ရောက်ရှိနေပြီလို့ သူက ပြောပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က မန္တလေးလေဆိပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်  မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) စတဲ့ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် ၆ ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မြစ်ကြီးနား အကျဉ်းထောင်မှာ တစ်နှစ်ကျော်ထောင်ကျခံခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေပြန်လွတ်လာခဲ့ပေမဲ့ အဲဒီနေ့ညမှာတင် စစ်ကောင်စီတပ်က ဆရာကြီးကို သူရဲ့နေအိမ်ကနေ ပြန်လည်လာရောက် ဖမ်းဆီးသွားတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးရန်ဟုဆိုကာ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားပြီး မြစ်ကြီးနားအကျဉ်းထောင် ဧည့်ရိပ်သာမှာ နေထိုင်ခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်လာပြီလို့ သိရပေမဲ့ ဆရာကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 19 July
    သတင်း

    TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၃ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦး ပြန်လွတ်လာ

    ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဖမ်းဆီးသွားတဲ့  KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦး တစ်ရက်ကြာချူပ်နှောင်ခံရပြီးနောက် ပြန်လွတ်ပေးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ နမ်လာ(namlalawk)ရပ်ကွက် မနောမြေစားသောက်ဆိုင်မှာ ထိုင်နေကြတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦးကို TNLA တပ်ဖွဲ့က ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရိုက်နှက်ဖမ်းဆီးသွားရာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီဝန်းကျင် ပြန်လွတ်လာပြီလို့ ဒေသခံတစ်ဦးက  KNG ကိုပြောပါတယ်။ “လူငယ်တွေ ပြန်လွတ်လာပြီ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လွတ်ပေးတယ်။ သတင်းတွေတက်လာတာကြောင့်ဖြစ်မယ်။ သူတို့က ပြန်လာခေါ်ယူခိုင်းလိုက်တယ်။”  လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။ လူငယ် ၆ ဦး ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၁၆ ရက်နေ့ နမ္မတူက ရပ်မိရပ်ဖတွေနဲ့ မိသားစုဝင်တွေ တွေ့ဖို့လိုက်သွားပေခဲ့ပေမဲ့ TNLA က မပေးတွေ့ပဲ ဇူလိုင် ၁၈ ရက်နေ့လာတွေ့ဖို့ ပြောခဲ့တာဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ ည KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး TNLA က နမ္မတူမြို့ တည်းခိုခန်းတစ်ခုကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့ မွန်းလွဲပိုင်းမှာ ပြန်လွတ်ပေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်တွေနည်းတူ လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီး ပန်ရှော်(Bangshau)ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA က ဇွန်လ ၉ ရက်နေ့မှာဖမ်းဆီးသွားပြီး တစ်လအကြာ ဇူလိုင် ၁၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့ပါတယ်။  ဒေသခံတွေပြောဆိုချက်အရ ဖမ်းဆီးခံပြည်သူတွေ TNLA လက်မှ ပြန်လည်လွတ်မြောက်လာတာဟာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကြောင့်လည်း ပါဝင်တယ်လို့ ပြောဆိုကြပါတယ်။ “သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှု၊ အသံထွက်မှုကြောင့် အများပြည်သူသိလာရခြင်းကြောင့် ပြန်လွတ်မြောက်လာခြင်းဖြစ်တယ်။ သတင်းမီဒီယာရဲ့ တစ်ဖက်တစ်လမ်းပါဝင်မှုအားဖြင့် ကျနော်တို့ ဒေသခံပြည်သူတွေကို တတ်နိုင်သလောက် ဆက်လက်ဝိုင်းဝန်းကာကွယ်ကြရအောင်။”လို့ ရှမ်းမြောက်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာက ကချင်အမျိုးသမီးတစ်ဦးကို ကိုးကန့် MNDAA က ဖမ်းဆီးသွားပြီး တစ်လကြာ ချူပ်နှောင်ထားပြီးနောက် ဇွန်လ ၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရပ်သားပြည်သူတွေကို တပ်သားသစ်အဖြစ်ရိုက်နှက်ဖမ်းဆီးတာ၊ဖမ်းဆီးခံရပြီး လက်လွန်အသက်သေဆုံးတာ၊ လူသူမသိ ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တဲ့ဖြစ်စဉ်တွေမကြာခနကြုံတွေ့နေကြရပြီး ဒါဟာ နိုင်ငံတကာလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြတာလည်း ဖြစ်ပါတယ်။   By – ဂျာဘောက်ရာ

    Read More »
  • 18 July
    သတင်း

    သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်ကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေ ဖမ်းဆီးသွား

    ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်ဇုံနယ်ရဲ့ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်(Mading Hkaw Bum)ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဆရာ မဒိန်ခေါဘောမ့်ကို  ဖမ်ဆီးခေါ်ဆောင်သွားတာဟာ ဇူလိုင်လ ၁၇ ရက်နေ့ ဝိုင်းမော် ဝူယန်ပြည်သူ့စစ်အဖွဲ့တွေက ဝူယန်ပြည်သူ့စစ်တပ်စခန်း ပတ်လည် ဘက်ဟိုးနဲ့ ကတုတ်ကျင်းတူးဖော်လိုက်တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံနှံ့သွားတဲ့အတွက် လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် မနေ့ညနေ ဖမ်းဆီးသွားတယ်။ သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ် ဟုတ်တယ်။ မနေ့က ပြည်သူ့စစ်အဖွဲ့တွေက ဝူယန်ပြည်သူ့စစ်စခန်းကို ကတုတ်ကျင်းတူးနေတဲ့ ဗီဒီယိုဖိုင်ပြန့်သွားလို့ စုံစမ်းရင်း နောက်ဆုံးတော့ သူရိုက်တင်လိုက်တာဖြစ်တယ်ဆိုပြီး ဖမ်းသွားတာ”လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဆရာမဒိန်ခေါဘောမ့် နေရာအိမ်နဲ့ ပြည်သူ့စစ်တပ်စခန်းက ပေ ၁၀၀ လောက်အကွာမှာသာ ရှိတာကြောင့် ဘက်ဟိုးနဲ့ မြေတူးကလော်နေတဲ့ ဗီဒီယိုဖိုင် ပြန့်နှံ့သွားတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဆရာ မဒိန်ခေါဘောမ့်ကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေးနေတာကို မသိရဘဲ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရရှိသေးဘူးလို့ပြောပါတယ်။ အဲဒီ မြေတူးကလော်ပြီး ကတုတ်ကျင်းတူးနေတဲ့ ဗီဒီယိုဖိုင် မနက်ပိုင်း Facebook နဲ့ Wechat မှာ ပျံ့နှံ့သွားပြီးနောက် ညနေပိုင်းမှာ ဆရာမဒိန်ခေါဘောမ်ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ အခုလို ဝိုင်းမော်ဒေသက သိက္ခာတော်ရ ဆရာတစ်ပါးကို ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး  မတရားမှုလုပ်ဆောင်နေတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ “ဆရာတစ်ပါးဆိုတာက ရှေ့မှာမြင်တွေ့နေရတဲ့ မတရားမှုတွေကို တွေ့ရင်တော့ ပြောဆိုရမှာပဲ။ အခုသူတို့က KBC ဆရာဆိုရင် သူတို့ဘက်ကို မရပ်တည်ဘူး။ သတင်းပေးတယ် မကောင်းဘူးလို့ ထင်နေကြတာ။ KIO/KIA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အပြစ်မရှိအပြစ်ရှာ အမြဲတမ်းမတရားသဖြင့် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ”လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဆရာ မဒိန်ခေါဘောမ့်ဟာ ဝိုင်းမော်မြို့ ဇုံနယ်ရဲ့ KBC ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေတဲ့ ဆရာတစ်ပါးဖြစ်သလို ဝိုင်းမော်ဒေသမှာ ပြီးခဲ့တဲ့ ၃ လအတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စောင့်ကြည့် ကူညီပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဝိုင်းမော်ဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်မြို့နဲ့အနီးဆုံးနေရာမှာ ကျန်ရှိနေတဲ့ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရမှာစိုးရိမ်တဲ့အတွက် စစ်တပ်နေရာရှိတဲ့ နေရာတွေမှာ ကတုတ်ကျင်းတွေတူးပြီး လုံခြုံရေးတင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button