ဗန်းမော်
-
Mar- 2026 -13 Marchသတင်း
စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား
ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။ စင်းခန်းကျေးရွာအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ် စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် လေကြောင်းရန်စိုးရိမ်းနေရတယ်လို့ မြလယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရမှုအဆိုးဆုံးက စင်းခန်းနဲ့ နန့်ခုတ်မှာပေါ့လေ။ အဲ့ကြောင့် ဒီကြောမှာရှိကြတဲ့ ရွာသားတွေက သတိထားပြီးနေနေရတယ်။ တစ်ချို့က အပြင်တောင်မထွက်ကြသေးဘူး။ အချင်းချင်းလည်း သတိထားပြီးနေထိုင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတော့ သက်ကြီးရွယ်အိုရှိတဲ့သူတွေဆို ရှောင်ထားရတဲ့အခြေအနေမှာကြုံနေရတယ်”လို့ပြောပါတယ်။ လက်ရှိမှာ မြစ်ကမ်းတစ်လျှောက်ရှိတဲ့ ကျေးရွာနေပြည်သူတွေက ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျေးရွာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောဆိုဖို့တောင် ခက်ခဲတဲ့အခြေအနေမှာလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့ စင်းခန်းတံတားအထက် မြစ်ကမ်းတစ်လျှောက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စင်းနဲ့ ရွှေဖောင်ရှိတဲ့နေရာတွေကို တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင် ၁၀ စီးကျော် မီးလောင်ပျက်စီးသွားပြီးတော့ KNG ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ရွှေဖောင်လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာ အသက်သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေဖောင်လုပ်တဲ့မြစ်ကမ်းတစ်လျှောက်ကို Y -12 ၊ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ပြီး ပြည်သူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။ “စစ်ကြောင်းတက်တာတွေကမရှိသေးဘူး။ ဒါပမယ့် လေယာဉ်ကမနေ့ကအထိလာရောက်ပျံဝဲတာတွေရှိနေသေးတယ်။ ဒီကနေ့ကတော့ အခုချိန်အထိလာဝဲတာမရှိသေးဘူး”လို့အထက်ပါ မြလယ်ရွာအမျိုးသားကဆက်ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၀ နဲ့ ၅၀ ကြားရှိခဲ့ပြီး များသောအားဖြင့် ရွှေဖောင်အစီးလိုက်မီးလောင်ကျွမ်းတဲ့ မီးတွင်းထဲသေဆုံးခဲ့ရတဲ့အပြင် တစ်ချို့ရုပ်အလောင်းတွေက ရေထဲမျောပါသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တိတိကျကျပြန်လည်ဖော်ယူဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကိုလည်း ရပ်နားထားကြတယ်လို့ နောက်ထပ် စင်းခန်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “လက်ရှိတော့ ရွှေဖောင်လုပ်ငန်းတွေအကုန်လုံးရပ်နားထားကြသေးတယ်။ ခဏနားတာလား ဘယ်လိုအခြေအနေရှိလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်အစီးရေ ထောင်ဂဏန်းခန့်ရှိပြီး စစ်တပ်က အခွန်မရရှိတဲ့အတွက် KIA ရဲ့ ဝင်ငွေပိတ်ဆို့ပေးတဲ့သဘောနဲ့ အရပ်သားတွေကို လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။ လက်ရှိ ရွှေဖောင်လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) နယ်မြေထဲပါဝင်ပြီး အဲဒီဒေသမှာ ကွပ်ကဲနေတဲ့ တပ်မဟာ၊ တပ်ရင်းတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာလည်းဖြစ်နိုင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
11 Marchသတင်း
စင်းခန်း ရွှေဖောင်လုပ်ကွက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ရွှေလုပ်သား ၃၀ ခန့် သေဆုံး၊ ရုပ်အလောင်းတွေမဖော်နိုင်
ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ရွှေဖောင်လုပ်သား ၃၀ ခန့် သေဆုံးမှုရှိခဲ့ပေမယ့် ရုပ်အလောင်းတွေကို ဖော်လို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ စင်းခန်းအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ်ကျေးရွာရှိတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေဖောင်များဖြင့်…
Read More » -
Jan- 2026 -28 Januaryသတင်း
ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော
ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ တာဝန်ပေးညှိနှိုင်းဆောင်ရွက်ထားပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဆေးရုံတက် ကုသပေးနေတဲ့ တစ်ချို့က ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခိုင်းတာတွေတော့ရှိနေပါပြီ။ ကလေးငယ် နှစ်ယောက်နဲ့ လူကြီးပိုင်း ၆ ယောက်ခန့်က ဒဏ်ရာပြင်းထန်တော့ အချိန်ယူပြီး ကုသရအုံးမှာပါ။ နောက်နေအိမ်ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားပါပြီ”လို့ပြောပါတယ်။ လက်ရှိမှာ ကလေးငယ် သုံးဦးအပါ ပြည်သူ ၆ ဦးခန့်က ပြင်းထန်ဒဏ်ရာကြောင့် အချိန်ယူကုသရအုံးမှာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး ၂၂ ယောက်က ပွဲချင်းပြီးသေဆုံးမှုရှိခဲ့ပါတယ်။ အသက်လွတ်မြောက်လာတဲ့ ပြည်သူ ၂၈ ယောက်ထဲမှာ အယောက် ၂၀ ကျော်က ဆေးရုံတင်ကုသခံယူခဲ့ရပြီး အဲဒီထဲမှာ လသားအရွယ်ကလေးငယ် တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးပါဝင်တယ်လို့သိရပါတယ်။ လသားအရွယ်ကလေးငယ်က မျက်နှာပေါ် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးနှစ်ဖက်စလုံးလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူဆက်ဆိုပါတယ်။ “လသားအရွယ်ရှိတဲ့ ကလေးငယ်ကလည်း တော်တော်လေးကောင်းမွန်လာပြီ။ မျက်နှာပေါ်ထိသွားတယ်ဆိုတော့ မျက်လုံးတွေလည်း အခုကပွင့်လာပြီ။ နောက် ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက်လည်း ကျန်မာစွာရှိနေပါတယ်”လို့ပြောပါတယ်။ အဆိုပါ လသားကလေးငယ်တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ နီးစပ်တဲ့ပြည်သူတွေက အကူအညီတောင်းခံနေတာလည်းတွေ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့ ထီးလင်း၊ ကောင်ဂျာရွာတဝိုက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ နာရေးဆုတောင်းပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ နေအိမ်မှာ ကျမှန်ခဲ့တာကြောင့် အရပ်သားပြည်သူ အများစွာထိခိုက်သေဆုံးမှုရှိခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
23 Januaryသတင်း
ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်၊ သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ KIO ပြော
ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိလာပြီလို့ KIO ပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄…
Read More » -
15 Januaryသတင်း
ဗန်းမော် စကခ (၂၁)၊ ခလရ ၄၇ တပ်ရင်း နဲ့ ထောက်ပို့ ၉၃၃ တပ်ရင်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကစစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ စကခ ၂၁ ၊ ခလရ ၄၇တပ်ရင်း၊ ထောက်ပို့တပ် ၉၃၃ စတဲ့အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ တပြိုင်နက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ ၂၀၂၅ ဒီဇင်ဘာလ…
Read More » -
Dec- 2025 -23 Decemberစစ်ရေး
စစ်ကောင်စီ ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် စစ်ရှောင် ၅ ဦး ထိခိုက် ဒဏ်ရာရ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မံမလင်းကျေးရွာမှာ စစ်ကောင်စီက လေယာဥ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် စစ်ရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ…
Read More » -
Nov- 2025 -5 Novemberသတင်း
ဗန်းမော်တိုက်ပွဲရပ်တန့်မှုမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲငြိမ်သက်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ လက်ရှိ ဗန်းမော်ကနေ မိုးမောက်သွားတဲ့လမ်း ဗန်းမော်တက္ကသိုလ်ဝင်းနေရာ၊ ၃ မိုင်နေရာနဲ့ ခလရ ၄၇ တပ်ရင်းအနီးတဝိုက်တွေမှာ နှစ်ဖက်တပ်အကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုတိုက်ပွဲရှိပါတယ် နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ ဘက်ခြမ်း လက်နက်ကြီးတွေပစ်ပြီး ခြေလျင်နဲ့ ထိုးတော့တိုက်ပွဲဖြစ်တယ်။ ပြီးရင် ၃ မိုင် ၊ ခလရ ၄၇ သွားတဲ့လမ်း တစ်လျှောက် နေ့တိုင်းလိုဖြစ်နေတယ်။ စစ်တပ်ဘက်ကနေ ထိုးနေပေမယ့် KIA နေရာယူထားတဲ့ဘက်ကို ထိုးဝင်လာနိုင်တာမျိုးတော့မရှိဘူး။ KIA ဘက်ကလည်း နေရာအသစ်သိမ်းယူနိုင်တာမရှိသလို လက်လွတ်လိုက်ရတဲ့နေရာလည်းမရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်တဲ့အကြောင်း ဗန်းမော်တိုက်ပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်စာမျက်နှာပေါ်မှာ သတင်းတွေအမျိုးမျိုးထွက်ပေါ်လာပါတယ်။ ဒါပေမယ့် မြေပြင်အခြေနေမှာတော့ စစ်တပ်ကဘက်နေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း သိသိသာသာထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် မြို့တွင်း နေရာ ၃ နေရာမှာ တိုက်ပွဲနေ့တိုင်းနီးပါးပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ ပြောပါတယ်။…
Read More » -
Oct- 2025 -13 Octoberသတင်း
ဗန်းမောက်တိုက်ပွဲဆက်ဖြစ်နေ၊ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုခပ်စိပ်စိပ်ပြုလုပ်
ဗန်းမောက်မြို့ပေါ်ကိုတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးနောက် စစ်ကြောင်းပြန်ထိုးနေတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ၊စစ်ကောင်စီပူးပေါင်းတပ်တွေ နဲ့ တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေခပ်စိပ်စိပ်ပြုလုပ်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့ တစ်ရက်ခြားပြီးလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။ “သူတို့ကလေကြောင်းနဲ့ဗုံးကြဲတာတွေတော့ရှိတယ်။ လွန်ခဲ့တဲ့ တစ်နေ့ကဘဲ ဗုံးကြဲတယ်။…
Read More » -
3 Octoberသတင်း
ဗန်းမော် ရှေ့တန်းကာကင်း တပ်စခန်းတစ်ချို့ပြန်သိမ်းနိုင်ပြီး ဗျူဟာမြောက်တဲ့ တပ်နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ
ဗန်းမော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်လွတ်ထားတဲ့ ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို ပြန်လည်နေရာရယူနိုင်ပြီး အရေးပါတဲ့ ဗျူဟာမြောက်တပ်နေရာ ၃ နေရာလောက်မှာ တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲမှာ ခလရ ၄၇ တပ်ရင်းရဲ့ အနောက်ဘက်ခြမ်း လုံခြုံရေးရယူထားတဲ့…
Read More » -
Sep- 2025 -26 Septemberသတင်း
ဗန်းမော်တိုက်ပွဲ လေယာဉ်ကွင်းနဲ့ မနောကွင်းအနီး တိုက်ပွဲပြင်းထန်နေ
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ လေယာဉ်ကွင်း နဲ့ မနောကွင်းရှိတဲ့ ဘက်ခြမ်းကို စစ်တပ်က လေကြောင်းအပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့စပြီး ဗန်းမော်တိုက်ပွဲက ရပ်လိုက်နားလိုက်နဲ့ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရှေ့တန်းရောက် KIA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဖြစ်လိုက် နားလိုက်နဲ့ ဖြစ်နေတယ်။ အခုက လေယာဉ်ကွင်းထိပ်ပိုင်းနဲ့ မနောကွင်းရှိတဲ့ ဘက်ကို စစ်တပ်ဘက်က ပြန်ထိုးနေတယ်။ တစ်ခါတစ်လေ မနက်ပိုင်းဖြစ်တယ်။ ညနေပိုင်းဖြစ်တဲ့အချိန်တွေလည်းရှိတယ်။ ဒီကနေ့လည်း သူတို့ဘက်က လက်နက်ကြီး ပစ်တာတွေ ဆက်တိုက်လုပ်နေတယ်။ လေယာဉ်နဲ့ လာပစ်တာ ၄ ၊ ၅ ကြိမ်ရှိသွားပြီ”လို့ပြောပါတယ်။ ဒီကနေ့ နေ့လည် ၁၂ မတိုင်မှီ စစ်တပ်က လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကတော့ ယခု ညနေပိုင်း ၃ နာရီအထိ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ KIA စစ်ရေးသတင်းအရင်းအမြစ်နဲ့ ဆက်သွယ်မေးမြန်းနေတဲ့ အချိန်မှာလည်း လက်နက်ကြီးပေါက်ကွဲ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတာဖြစ်ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လေကြောင်းအပါ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ဆုတ်သွားခြင်းမရှိဘဲ စစ်ကြောင်းဝင်လာတဲ့ လမ်းကြောင်းတွေကို ခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ “စစ်တပ်ဘက်ကနေ ဒရုန်းနဲ့ ၂၄ နာရီစောင့်ကြည့်နေတယ်။ လူတစ်ယောက်ထွက်လာတဲ့ အရိပ်မွက်တွေ့နဲ့ ဆူဆိုက်ဒရုန်းနဲ့ ပစ်တယ်။ ဒါမှမဟုတ်ရင် ချက်ချင်း လေယာဉ်လှမ်းခေါ်တာတွေလုပ်တယ်။ အခြေအနေက အဲ့လိုဖြစ်နေတာ”လို့ပြောပါတယ်။ ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်အတွင်း စစ်တပ်ရဲ့ စစ်ရိက္ခာတင် စစ်သင်္ဘော အစီး ၂၀ ကျော်ဝင်ရောက်သွားပြီးနောက် ဩဂုတ်လထဲမှာပဲ စစ်တပ်က ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်း KIA သိမ်းပိုက်လိုက်တဲ့ တင့်ကားတပ်အမှတ်(၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်ရင်းနှစ်ခုအပါ နေရာတစ်ချို့ကို ယခု စက်တင်ဘာလအတွင်းမှာပဲ လက်လွတ်လိုက်ရတာဖြစ်ပါတယ်။ အခုလို တပ်နေရာတစ်ချို့ကို လက်လွတ်လိုက်ရပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မဆုတ်မနစ်ပဲ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဗန်းမော်တိုက်ပွဲဟာ ယခုလာမယ့် အောက်တိုဘာလထဲမှာဆိုရင် တိုက်ပွဲကာလ ၁၀ ကျော်ခန့် ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ ဗန်းမော်တိုက်ပွဲအပြင် စစ်တပ်က လက်လွတ်လိုက်ရတဲ့ နေရာတွေ ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာကြောင့် ခေါင်လန်ဖူး – လန်ဆယ်ဒေသနဲ့ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသတွေမှာလည်း တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »









