တိုက်ပွဲသတင်း

ဗန်းမောက်တိုက်ပွဲဆက်ဖြစ်နေ၊ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုခပ်စိပ်စိပ်ပြုလုပ်

ဗန်းမောက်မြို့ပေါ်ကိုတော်လှန်ရေးအင်အားစုတွေ‌ထိန်းချုပ်ပြီးနောက် စစ်ကြောင်းပြန်ထိုးနေတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ၊စစ်ကောင်စီပူးပေါင်းတပ်တွေ နဲ့ တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေခပ်စိပ်စိပ်ပြုလုပ်လာတယ်လို့ ‌‌စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့ တစ်ရက်ခြားပြီးလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။

သူတို့ကလေကြောင်းနဲ့ဗုံးကြဲတာတွေတော့ရှိတယ်။ လွန်ခဲ့တဲ့ တစ်နေ့ကဘဲ ဗုံးကြဲတယ်။ Y 12 နဲ့ ဗုံး ၁၁ လုံးကြဲချသွားတာ။ ပြီးတာ့ ၉ရက်နေ့ကလည်း ဗန်းမောက်အရှေ့ခြမ်းကိုဗုံးကြဲခဲ့သေးတယ်လို့ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမဟုတ်တဲ့ ဗန်းမောက်မြို့ပေါ်နဲ့ အနီးတစ် ဝှိုက်ကကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကစလို့ ဟုမ္မလင်းမြို့နယ်မှာရောက်ရှိနေတဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ နယ်မြေခံ SNA တပ်သားတွေပူးပေါင်းပြီးတော့ ဗန်းမောက်မြို့ပေါ်ကိုပြန်လည် ထိန်းချုပ်ဖို့ကြိုးစားလာနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီတန်ပြန်ထိုးစစ်မှာ စစ်ကောင်စီက အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာတဲ့အပြင် လေကြောင်းတိုက်ခိုက်မှု တွေလည်းခပ်စိပ်စိပ်လုပ်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

အခုလို နှစ်ဖက်တပ်တွေအကြားပြင်းထန်လာတဲ့တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗန်းမောက်မြို့ပေါ်နဲ့ကပ်လျှက်ရှိတဲ့ကျေးရွာတွေအပါအဝင် ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေအများစုက ဒေသခံတွေဟာဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရပြီးအကူညီတွေလိုအပ်နေတယ်လို့ ဗန်းမောက်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဗန်းမောက်မြို့အနီးတဝိုက် မှာ တိုက်ပွဲများ နေ့စဥ်ရက်ဆက် ဖြစ်ပွားနေသည့် အတွက် မြို့အနီးတဝိုက် ကျေးရွာ တစ်ဆယ့်ငါးရွာ ခန့် နှင့် မြို့ပေါ် လေးရပ်ကွက် က ပြည်သူတွေ ဟာ ဘေးလွတ်ရာ ကို ရှောင်တိမ်းနေကြရပါသည်။ တချို့ကျေးရွာများဟာ အသက်လုပြေးရှောင်လာရ သည့်အတွက် စားသောက်စရာ ၊ အဝတ်အထည် ၊ စောင်ခြင်ထောင်များ လိုအပ်လျက် ရှိပါသည်လို့ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကရေးသားထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စက်တော၊ နားယကာ၊ အလယ်ရွာ၊ ကံရွာ၊ ကြောင်လည်၊ ပင်ဟင်းခါး၊ ခမိုး၊ မြစ်သေးချင်းစတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံတွေဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီရဲ့ထိုးစစ်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း သိမ်းပိုက်ထိန်းချုပ်ပြီးသား ဗန်းမောက်မြို့ ကပ်လျှက်က ခမိုးရွာနဲ့ စက်တောရွာတွေကနေ နောက်ဆုတ်ထားရပြီး လက်ရှိနှစ်ဖက်တိုက်ပွဲကလည်း အဲ့ဒီကျေးရွာတွေ အနီးတစ်ဝှိုက်မှာဘဲပြင်းထန်နေတာလို့ပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button