မြစ်ကြီးနားမြို့
-
Aug- 2025 -16 Augustသတင်း
အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့
မြစ်ကြီးနားမြို့မှာ အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်ခု ဩဂုတ်လ ၁၅ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ရမ်ပူရပ်ကွက် နယ်မြေ(၁၁)က ခြံတစ်ခု အိမ်သာကျင်းဟောင်းထဲ အမျိုးသားတစ်ဦးသေဆုံးနေတာကို မနေ့က နေ့လည် ၁နာရီဝန်းကျင်အချိန် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး…
Read More » -
7 Augustသတင်း
မြစ်ကြီးနားမြို့အဝင်အထွက်မှာ စစ်တပ်က စစ်ဆေးရေးဘယ်လိုတင်းကြပ်နေသလဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြို့အဝင်အထွက် စစ်တပ်ဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်လာတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ ဒေသတွင်းပြည်သူများ သွားလာရေးမှာ ပိုခက်ခဲလာတယ်လို့မြစ်ကြီးနား ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်းမှာတော့ ကား၊ ဆိုင်ကယ်ကို အဓိကဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မြို့ဝင်၊မြို့ထွက်ဂိတ်တွေမှာလည်း မှတ်ပုံတင်၊ဖုန်း၊ခရီးဆောင်အိတ်အပြင် ပစ္စည်းဖာတွေကိုဓားနဲ့ ဖောက်ထွင်းစစ်ဆေးတာအထိ…
Read More » -
Jul- 2025 -22 Julyအင်တာဗျူး
မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှု ဘယ်လောက်ထိဆိုးရွားနေပြီလဲ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယှက်မှုတွေက တစ်ရက်ထက်တစ်ရက်ပိုးဆိုးလာနေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ခိုးဆိုးလုယှက်မှုတွေဟာဆယ်ကျော်သက်အရွယ်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်၊လူလတ်ပိုင်းတွေဖြစ်ပြီး ဒုတ်၊ဓါးကိုင်ဆောင်ကာ အုပ်စုဖွဲ့လုယက်နေတာလို့ မြစ်ကြီးနားဒေသခံတွေ ပြောပါတယ်။ ဒီခိုးဆိုးလုယှက်မှုလုပ်သူတွေဟာ အရင်က လူသူသွားလာမှုနည်းတဲ့…
Read More » -
18 Julyသတင်း
အိမ်ဘေးနား ထိုင်နေတဲ့ အမျိုးသားကို လူ ၆ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လာလု
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေစဉ် လူ၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လာလုယက်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည ၁၀ခွဲဝန်းကျင်အချိန် ခေမာသိရိရပ်ကွက်မှာ အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေတဲ့ အသက် ၄၀ဝန်းကျင်အရွယ်…
Read More » -
Jun- 2025 -24 Juneသတင်း
မြစ်ကြီးနားမြို့ရပ်ကွက်တစ်ချို့မှာ Mytel အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ရနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်ကစပြီး စစ်ကောင်စီထုတ် Mytel အော်ပရေတာရဲ့ အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ပြုလုပ်လို့ရနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တစ်ဝှိုက် ဒီနေ့မနက်ပိုင်းမှာပဲ 4Gအင်တာနက်လိုင်း အထိတက်လာတာဖြစ်ပြီး ငွေလွှဲ ငွေထုတ်အက်ပလီကေးရှင်းတွေဖြစ်တဲ့ Kpay…
Read More » -
May- 2025 -19 Mayသတင်း
ကားတိုက်ခံရတဲ့ ဖခင် အရေးပေါ်ခန်းမှာ သတိမေ့မျောနေဆဲ ဖြစ်တဲ့အတွက် သားဖြစ်သူကို ဖခင်မပါဘဲ သင်္ဂြိုလ်လိုက်ရ
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၄ ရက်ခန့်က ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူလည်း ဒဏ်ရာဖြင့် ဆေးရုံမှာ သတိမေ့မျောနေဆဲ အခြေအနေကြောင့် ဖခင်မပါဘဲ ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ သင်္ဂြိုလ်လိုက်ပြီ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် မြေမြင့်ရပ်ကွက် Second Family ဖုန်းဆိုင်အနီး ဆိုင်ကယ်မောင်းလာတဲ့ သားအဖနှစ်ယောက်ကို ကားအဖြူတစ်စီးက ဝင်တိုက်သွားတာကြောင့် သားဖြစ်သူက ဗိုက်ပေါက်ဒဏ်ရာအပြင် မျက်နှာနဲ့ ဦးခေါင်းဒဏ်ရာတွေကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။ ဖခင်ဖြစ်သူကတော့ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခွဲစိတ်ခဲ့ရသလို ပြီးခဲ့တဲ့ သောကြာနေ့ထိ သတိမလည်သေးဘဲ မြစ်ကြီးနားဆေးရုံကြီး အရေးပေါ်အခန်းမှာရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ အသက် ၁၂နှစ်အရွယ် ဆွတ်ဆိုင်းဒီးကို ဆွေးမျိုးသားချင်းတွေနဲ့ ဘာသာရေးအသင်းတော်တွေက ကူညီပြီး ဒီကနေ့မှာပဲ သင်္ဂြိုလ်လိုက်ပြီလို့ သိရပါတယ်။ အဖေဖြစ်သူ ဦးအားဒီယောဟန်ရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့အထိ သတိမလည်သေးလို့ အမည်မဖော်လိုသူ အခြေအနေကို သိရှိသူ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။ “လူနာဒဏ်ရာ အရမ်းပြင်းထန်တယ် ခေါင်းက အတော်လေးကိုထိထားတယ်။ လက် ခြေထောက်ပွတ်ပဲ့တယ် အခုထိသတိမရပါ“ လို့ ဆိုပါတယ်။ မိခင်ဖြစ်သူမှာလည်း အရင်ကတည်းက ဆုံးပါးသွားပြီလို့သိရပြီး လက်ရှိ သေဆုံးသွားတဲ့ ကလေးကတော့ အငယ်ဆုံးသားလေး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့ သားအဖနှစ်ဦးကို ကားဖြင့်တိုက်ပြေးသွားတဲ့ ကားဟာ အဖြူရောင်လို့ သိရှိရပေမယ့် အသေးစိတ်ကို မသိရတဲ့အတွက် သေချာမသိရှိရသေးသလို တရားခံလည်း အခုချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ လိုင်စင်မဲ့ကားတွေ များပြားနေသလို ညအချိန်အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သောက်စားပြီး ယာဉ်မောင်းနှင်မှုတွေကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ By – Hope
Read More » -
Apr- 2025 -2 Aprilသတင်း
မြစ်ကြီးနားမြို့မှာ ဓါးပြတစ်ဦးဖမ်းဆီးရမိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဓားပြတစ်ဦးဖမ်းဆီးရမိတယ်လို့ စီတာပူရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ ၁ ရက် မနေ့ည ၈ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မနောကွင်းရှေ့ ဖြတ်သန်းသွားလာနေတဲ့သူတွေကို ဓားကိုင်ထားတဲ့…
Read More » -
Jan- 2025 -7 Januaryသတင်း
မြစ်ဆုံ မှာ လုပ်ငန်းရှင်များ စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီး
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသ မှာ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ် နှင့် နီးစပ်တဲ့ လုပ်ငန်ရှင်တွေက စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာနေကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။ မြစ်ဆုံ မြစ်ကမ်းတလျှောက် ဒေသခံတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့မှုကြောင့် လအနည်းငယ် ယာယီရပ်တန့်ခဲ့တဲ့ နေရာတချို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်ပြီး…
Read More » -
6 Januaryသတင်း
ပူတာအို ကုန်ကားကြီးများ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီဂိတ်တွေမှာ ငွေကြေး အဆမတန် ပေးဆောင်နေရ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်တဲ့ ကုန်ကားကြီးတွေ မြစ်ကြီးနားမြို့အထွက်ဂိတ်တွေမှာ ငွေကျပ် ၁၀ သိန်းနီးပါး ပေးဆောင်ပြီးမှ ဖြတ်သန်းခွင့်ရကြောင်း ကုန်ကားမောင်းသူတွေ ပြောပါတယ်။ မြစ်ကြီးနားမြို့ကနေ ပူတာအို၊ ဆွမ်ပရာဘွမ်မြို့နယ်ကို ဆန်၊ စက်သုံးဆီ နဲ့အခြားစားသောက်ကုန်၊ လူသုံးကုန်တင်ဆောင်လာတဲ့ ကုန်ကားကြီးတွေဟာ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီဂိတ် အဆင့်ဆင့်မှာ ငွေပေးဆောင်နေရတာလို့ မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းမှာ မောင်းနင်နေတဲ့ကုန် အမည်မဖော်လိုသူ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။ “မြစ်ကြီးနားမြို့အထွက်ပေါ့…
Read More » -
Nov- 2024 -29 Novemberသတင်း
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်သူများ နေထိုင်ခွင့်ထောက်ခံလုပ်နေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်တဲ့ရပ်ကွက်နေပြည်သူများ နေထိုင်ခွင့်ထောက်ခံစာလုပ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်းမှာရှိတဲ့ ပမ္မတီး၊ရေကြည် ရပ်ကွက်နေပြည်သူများအားလုံး နေထိုင်ခွင့်ထောက်စာကို ရပ်ကွက်ရုံးမှာသွားလုပ်နေရတယ်လို့ ပမ္မတီးရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “နေထိုင်ခွင့်ထောက်ခံစာတဲ့ တစ်ခါမှလည်း မကြားဖူးဘူး ခုလုပ်နေရပြီ စစ်တပ်ကမလုပ်မနေရ လုပ်ခိုင်းတာလို့ ပြောတယ်။ ခု ၃၇ ဂိတ်နဲ့ ပမ္မတီးရပ်ကွက် အဝင်ထွက်ဂိတ်တွေမှာ အဲဒီထောက်ခံစာပြပြီး သွားလာနေရတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအဝင်မှာရှိတဲ့ ၃၇ ဂိတ် (တစ်နည်းအားဖြင့်) အောင်ဇေယျာဘုရားတစ်ထောင်ဘုန်းကြီးကျောင်း၊ အထက ၄ ကျောင်းအနီးရှိဂိတ်နဲ့ မိုးညှင်း၊မိုးကောင်းဘက်ကနေ မြစ်ကြီးနားမြို့ ဝင်ရောက်နိုင်တဲ့လမ်း ပမ္မတီးရပ်ကွက် ဂိတ်နေရာတွေမှာ စစ်ရေးတင်းကြပ်နေပြီး ရပ်ကွက်ထောက်ခံစာ၊မှတ်ပုံတင် ပြနိုင်မှသာ ဝင်ခွင့်ပြုနေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် ၃၇ ဂိတ်ဟာ မြစ်ကြီးနားလေဆိပ်သွားတဲ့လမ်းမှာရှိတဲ့အတွက် လေဆိပ်သွားတဲ့ ခရီးသွားပြည်သူတွေ၊ဆိုင်ကယ်ကယ်ရီသမားများ၊ အိုးဝေမောင်းသူတွေကိုလည်း စစ်ဆေးရေးတင်းကြပ်နေတယ်လို့ နောက်ထပ် မြို့သစ်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဟုတ်တယ် အိုးဝေသမားဆိုရင်လည်း အသင်းဝင်ထားတဲ့ကဒ်တွေပြရတယ် ယာဉ်မောင်းလိုင်စင်။ ပြီးတော့ ခရီးသွားသူတွေဆိုလည်း မှတ်ပုံတင်ပြရတယ် အဲဒီတိုင်းရုံးဘက်သွားမယ်ဆိုရင် ခရီးသည်တွေကော၊ မြို့တွင်းတစ်ခြားရပ်ကွက်က ပြည်သူတွေဆိုရင် မှတ်ပုံတင်ပြရတယ်”လို့ ပြောပါတယ်။ ခုလို နေထိုင်ခွင့်ထောက်ခံစာလုပ်ခိုင်းတာ၊ မြို့အဝင်အထွက် စစ်ဆေးရေးပိုတင်းကြပ်လာတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ တရုတ်–မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တည်မြို့ကို KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်တဲ့နေ့ကစတင်လုပ်ဆောင်လာတာလို့ မြစ်ကြီးနားမြို့ခံတွေပြောပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ခတ်ချို၊ကြက်ပေါင်ခြံကနေ မြို့ထဲဝင်နိုင်တဲ့ ကူးသို့ဆိပ်တွေကိုလည်း ပိတ်ထားသလို၊ တချို့နေရာတွေမှာ မှတ်ပုံတင်ပြပြီးဝင်ရတာတွေကြောင့် မြို့တွင်းမြို့ပြင် ခရီးသည်လိုက်လံပို့ဆောင်ပေးနေတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေအတွက် ပိုခက်ခဲလာတယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနားနဲ့ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တတံားမှာလည်း ကုန်ကားနဲ့ခရီးသည်ကားတွေကို စစ်ဆေးရေးတင်းကြပ်နေတဲ့တွက် ကားသမားတွေ အခက်တွေ့နေကြပါတယ်။ မြန်မာပြည်အထက်ပိုင်းဒေသရှိ ကချင်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖုန်း၊အင်တာနက်လိုင်းများ မကြာခနပိတ်ခံနေရတဲ့အပြင် မြို့တော်မြစ်ကြီးနားမြို့အဝင်အထွက်နေရာတွေအားလုံးနီးပါး စစ်ဆေးရေးပိုပြီးတင်းကြပ်လာနေပါတယ်။ မြို့တွင်း၊မြို့ပြင် စစ်ရေးဆေးတင်းကြပ်ရုံသာမက စစ်တပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမြောက်တပ်၊ ကြက်ပေါင်ခြံရပ်ကွက် ကြံ့ခိုင်ရေးရုံးမှာအထိုင်ချထားတဲ့ လက်နက်ကြီးတွေနဲ့ မြို့တွင်း၊မြို့ပြင်ပစ်ခတ်မှုတွေလည်း ပုံမှန်လုပ်ဆောင်နေတာကြောင့် မြို့တွင်းလက်နက်ကြီးကျပေါက်ကွဲတာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ်ဟာ လူဦးရေ တစ်သန်းကျော်၊ခရိုင်လေးခု၊ မြို့နယ်ပေါင်း ၁၈ မြို့နယ်ဖွဲ့စည်းထားပြီး မြို့ပြဧရိယာထက် ကျေးလက်ဧရိယာအများဆုံးရှိတဲ့ပြည်နယ်ဖြစ်ပါတယ်။ By…
Read More »