ရှမ်းမြောက်
-
Aug- 2025 -20 Augustသတင်း
စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့ဒေသက ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေရှိနေ
ရှမ်းမြောက်နဲ့ကချင်ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတစ်ချို့ကို စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့နောက် ပြည်သူတစ်ချို့လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်သူတွေရှိနေတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ်အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့အာဏာသိမ်းစစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့နယ်မြေတွေ၊ မြို့နယ်တွေကို အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။ စစ်တပ်ထုတ်ပြန်ကြေညာလိုက်တဲ့အထဲမှာ…
Read More » -
19 Augustသတင်း
နမ္မတူမှာ (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးနေ့ကျင်းပ
ရှမ်းမြောက်၊ နမ္မတူမြို့မှာ ကချင်အမျိုးသမီးများနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့ဟာ (၄၇) နှစ်ပြည့် (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးများနေ့ (Wunpawng Mungdan Shanglawt Amyu Shayi…
Read More » -
14 Augustသတင်း
မူဆယ်မြို့အဝင်ထွက်နေရာတွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အဝင်အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတင်းကြပ်တာတွေ ကြောင့် ပြည်သူတွေသွားလာရေးပိုခက်ခဲလာတယ်လို့ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ မူဆယ်မြို့ကနေ နမ့်ခမ်းဘက်သွားလမ်းပေါ် နေရာ ၂နေရာနဲ့ မူဆယယ်– ၁၀၅မိုင်ကြား ၂ နေရာ…
Read More » -
Jul- 2025 -30 Julyသတင်း
ကွတ်ခိုင်မြို့ စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့၊ရာစုသစ် ဟိုတယ် ( ၂ ) ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အပါအဝင် လူ ၆ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်…
Read More » -
May- 2025 -21 Mayသတင်း
မုံးမော်ရှိ KIA တပ်စခန်းတွေဖယ်ပေးဖို့ TNLA က အင်အားသုံးဖိအားအားပေးနေ
ရှမ်မြောက်၊ မန်တုံမြို့နယ် မုံးမော်(မိုင်းမော်)ရှိ KIA တပ်စခန်းတွေကို TNLA က အတင်းအဓမ္မ ဖယ်ရှားဖို့လုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှုမဖြစ်ဖို့ စခန်းငယ်တစ်ခုဆုတ်ပေးထားရတယ်လို့ ဒေသခံတွေ ဆိုပါတယ်။ “TNLA…
Read More » -
Apr- 2025 -24 Aprilသတင်း
လားရှိုးမှာ ကိုးကန့်တပ်နောက်ဆုတ်ပြီးနောက် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ တပ်ချနေရာယူ
ရှမ်းမြောက် လားရှိုးမြို့ကနေ ကိုးကန့်တပ်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်အင်အားတစ်ထောင်ဝန်းကျင်နဲ့ လားရှိုးတက္ကသိုလ်ဝင်းထဲ ဝင်ရောက်တပ်ချနေရာယူနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့က စစ်ကောင်စီတပ်ကိုပြန်လွှဲပေးပြီး နောက် ဧပြီလ ၂၂ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်ဘက်က ကားအစီး ၂၀၀ ၊ စစ်အင်အား တစ်ထောင်ဝန်းကျင်နဲ့ ရောက်ရှိလာပြီလို့ ဆိုပါတယ်။ “အစကတော့…
Read More » -
Jan- 2025 -24 Januaryသတင်း
ပွင့်လင်း မြင်သာမှုမရှိတဲ့ MNDAA ရဲ့ သက်ငယ် မဒိမ်းမှု စီရင်ချက်ကို ဒေသခံများ ကျေနပ်မှု မရှိ
ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ ကိုးကန့် MNDAA တပ်အရာရှိကို တရားလိုမိသားစု မပါဝင်ဘဲ ထောင်ဒဏ် နဲ့ ငွေဒဏ်ချမှတ်လိုက်တဲ့အပေါ် မိသားစုဝင်တွေက ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။ သက်ငယ် မုဒိမ်းကျူးလွန်သူ တရားခံကိုးကန့် MNDAA အရာရှိ ဦးရှောက်ချိ ကို…
Read More » -
20 Januaryသတင်း
ဝိန်းဆိုင် ကျေးရွာအလယ် တပ်ချဖို့ပြင်ဆင်တဲ့ ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်
ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ အလယ်မှာရှိတဲ့ အများပိုင်ဆန်စက်ရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်စခန်းချဖို့ ပြင်ဆင်လာတဲ့အပေါ် ဒေသခံပြည်သူတွေက ကန့်ကွက်နေကြပါတယ်။ ဇန်နဝါရီ ၂၀ ရက်၊ ဒီမနက် ၁၀ နာရီခန့်မှာ ကချင်ဒေသခံလူထုက သွားရောက်ကန့်ကွက်ခဲ့တယ်လို့ ဝိန်းဆိုင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကိုးကန့် MNDAA တပ်ဖွဲ့က သူတို့ရုံးစိုက်ဖို့ နေရာလာယူတာ၊ အဲဒီနေရာက စျေးနားမှာလည်း ဖြစ်တယ်။ ပြီးတော့ ကလေးတွေ…
Read More » -
10 Januaryသတင်း
တအာင်းအလံ မထောင်မနေရ ညွန်ကြားချက်ကို ဒေသခံများ ဝေဖန် ကန့်ကွက်
ရှမ်းမြောက် နမ္မတူမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒေသခံ လူထုကို TNLA အမျိုးသားအလံ မထောင်မနေရ အမိန့်နဲ့အတူ အလံတန်ဖိုးကို ပေးဆောင်ခိုင်းစေတယ်လို့ ဒေသခံတွေ ပြောဆိုလာပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့ကျရောက်မယ့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အတွက် နမ္မတူမြို့ရှိ နေအိမ်အားလုံးမှာ တအာင်းအလံ မထောင်မနေရအမိန့်ချမှတ်ထားပြီး ပျက်ကွက်ပါက…
Read More » -
2 Januaryသတင်း
ရှမ်းမြောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိ
ရှမ်းမြောက် သိန္နီမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ည ၁၁ နာရီ၀န်းကျင်ခန့်က သိန္နီမြို့ ရပ်ကွက် ၃ ရှိ သိန္နီဟိုတယ်တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့်…
Read More »