သေဆုံးမှု
-
Aug- 2025 -25 Augustသတင်း
ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး
ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီး ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်နေတာလို့ ရွှေကူ့မြို့ခံအမျိုးသားတစ်ဦး KNG…
Read More » -
21 Augustသတင်း
ကောလင်းမြို့တစ်နေရာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့အရှေ့ခြမ်း စွယ်ရကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး၈ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ထောက်ပို့လေယာဥ် Y12 အမျိုးအစားနဲ့ ဗုံးသီးအလုံး ၃၀ကြဲချခဲ့တာလို့ စစ်ကိုင်းနဲ့ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။…
Read More » -
19 Augustသတင်း
မိုးညှင်းမြို့အမြောက်တပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
မိုးညှင်းခရိုင် နန်းမားမြို့အဝင်မှာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် မိုးညှင်းမြို့ (၄၀၉) အမြောက်တပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဩဂုတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးစီးလာတဲ့ ကားတစ်စီးကို…
Read More » -
18 Augustသတင်း
ပူတာအိုမှာ ကလေးတစ်ဦး ကျောင်းကအပြန် ကားတိုက်ခံရပြီးသေဆုံး
ကချင်ပြည်နယ် ပူတာအိုမြို့မှာ KG တန်းတက်နေတဲ့ မိန်းကလေးငယ်တစ်ဦးကျောင်းသွားနေစဥ်ကားတိုက်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ထဲက KG တန်းတက်နေတဲ့ အသက် ၄ နှစ်ခန့်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးဟာ ယနေ့ သြဂုတ် ၁၈ ရက်နေ့ နေ့လည်ပိုင်းကျောင်းဆင်းချိန်အိမ်အပြန်မှာ…
Read More » -
15 Augustသတင်း
ဖားကန့် – ကားမိုင်းလမ်းပိုင်းမှာ ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံး
ဖားကန့်မြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဖားကန့်–ကားမိုင်းလမ်းပိုင်းက နန့်ယားကျေးရွာတစ်နေရာမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၄ ရက်နေ့မွန်းလွှဲပိုင်းလောက်မှာ စစ်ကောင်စီတပ်နဲ့KIAပူးပေါင်းတပ်တွေအကြား နန့်ယားကျေးရွားတစ်ဝှိုက်တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး ခရီးသွားကားတွေပိတ်မိနေခဲ့ကြချိန်မှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ်ခရီးသွားသုံးယောက်ကလည်း ထိခိုက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ကာမိုင်းလမ်းကြောပေါ်ပေါ့လေ ဒရုန်းဗုံးထိတာ။…
Read More » -
12 Augustသတင်း
မြစ်ကြီးနားမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဓားထိုးလုယက်မှု ခပ်စိပ်စိပ်ဖြစ်လာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်းအတွင်း အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ဓားထိုးလုယက်မှု ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၀ ရက် တနင်္ဂနွေနေ့ ညတစ်ညအတွင်းမှာဘဲ ဓားထိုးလုယှက်မှု ၂ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ နောက်ထပ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ…
Read More » -
8 Augustသတင်း
ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့
မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့အရေး စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောအစီး ၂၀ ကျော်နဲ့…
Read More » -
4 Augustသတင်း
မြေမြှုပ် မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ပြတ်ထွက်သေဆုံး
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ညာဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ မနေ့က ဩဂုတ်လ ၃ ရက် မနက် ၁၁ နာရီခန့် အမှတ်–၃…
Read More » -
Jul- 2025 -21 Julyသတင်း
နာရေးကပြန်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ရှောင်အမျိုးသမီးတစ်ဦး နာရေးအိမ်ကနေ ပြန်လာချိန် ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက် ဒီညနေပိုင်း ၄ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်…
Read More » -
8 Julyသတင်း
ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံး၊တစ်ဦးရုပ်အလောင်းပြန်တွေ့
ကချင်ပြည်နယ် ပူတာအိုမြို့နယ် နမ့်ထွမ်ချောင်းမှာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းပြန်တွေ့ကြောင်းဒေသခံများထံမှ သိရပါတယ်။ ရေနစ်သေဆုံးတဲ့ အမျိုးသမီးနှစ်ဦးဟာ ပူတာအိုမြို့နယ် နာမ်ထူခူးကျေးရွာထဲကဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့မွန်းလွဲပိုင်းမှာ အခင်းကနေ နေအိမ်ပြန်လာတဲ့လမ်းရှိ နမ့်ထွမ်ချောင်းဖြတ်ကူးစဥ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပြန်လာတာက သုံးယောက်တဲ့ယောက်ကျားလေးတစ်ယောက်နဲ့အဲ့မိန်းကလေးနှစ်ယောက်ပေါ့။ ယောက်ကျားလေးကရှေ့ကနေဦးဆောင်ပြီးချောင်းကူးတာ။ အဲ့မှာတွဲထားတဲ့လက်ကပြုတ်သွားတာရေစီးသန်တော့ လက်တွဲပြုတ်သွားတော့နှစ်ယောက်စလုံးရေနစ်သွားတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးက နာမ်ထူခူးရွာခံ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်ပြီး မြေအဖွားတော်စပ်သူတွေဖြစ်ကြောင်းသိရပါတယ်။ “အဖွားရဲ့ရုပ်အလောင်းကိုတော့ မနေ့က ပြန်တွေ့တယ်။ ရွာသားတွေရှာတော့ပြန်တွေ့တာကလေးမရဲ့ရုပ်အလောင်းကတော့ပြန်မတွေ့သေးဘူးပြောတယ်”လို့ ဖြစ်စဥ်သိတဲ့အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ နာမ်ထူခူးကျေးရွာဟာ ပူတာအိုမြို့ရဲ့တောင်ဘက် မြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာတည်ရှိတာဖြစ်ပါတယ်။ ပူတာအိုမှာပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းကနေ မိုးတွအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိနမ့်ထွမ်ချောင်းရေကြီးရေလျှံနေတဲ့အပြင် နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံပါရေကြီးမှုကြောင့်စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နာမ့်ထွမ်ချောင်းရေကြီးပြီး ရေအားလျှပ်စစ် စက်ရုံစက်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုဖြစ်သွားတာကြောင့် ပူတာအိုမှာ တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးတွေပြတ်တောက်နေတာ ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က အမျိုးသမီးနှစ်ဦးရေနစ်မြှပ်မှုဖြစ်သွားတဲ့ နာမ့်ထွမ်ချောင်းမှာ ၂၀၂၄ ခုနှစ်တုန်းကလည်း ပူတာအိုအထက်တန်းကျောင်းက ကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့တဲ့ချောင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More »