သေဆုံးမှု

  • Jul- 2025 -
    4 July
    သတင်း

    ကချင်မှာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၃၀ ဦးထိရှိလာ

    ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ  ၂၀၂၅ ဇွန်လထိ သေဆုံးသူ ၂၃၀ ဦးထိရှိခဲ့တယ်လို့ Kachin Human Rights Watch(KHRW) ကနေသိရပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအထိပါဝင်ပြီး အသက် ၁၈ နှစ်အထက် အမျိုးသားသေဆုံးမှု အများဆုံးဖြစ်ပြီး ဖြစ်စဉ်တွေထဲမှာ လေကြောင်းပစ်ခတ်မှုကြောင့်…

    Read More »
  • 3 July
    သတင်း

    မြစ်ကြီးနားမှာ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းဘေးမှာသေဆုံးနေသူ ၅ ဦးထိရှိလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းဘေးမှာသေဆုံးနေသူ ၅ ဦးထိရှိလာတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဒီသေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး  အေးစေတီရပ်ကွက်၊ အောင်နန်းရပ်ကွက်၊ ရမ်ပူရပ်ကွက် ၊ ပလနရပ်ကွက်စတဲ့နေရာတွေမှာ တွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။ “ရမ်ပူဘက်တော့များတယ် ဒါမယ့် အခုကတော့…

    Read More »
  • Jun- 2025 -
    30 June
    သတင်း

    မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်–ဆိပ်မူသွားကားလမ်းမကြီးပေါ် ယူမာကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိရာကနေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က အမျိုးသားတစ်ဦးဟာ ယူမာကျေးရွာတစ်နေရာက သောက်ရေအိုးစင်မှာရေသွားသောက်ရာကနေ…

    Read More »
  • 20 June
    သတင်း

    ဖားကန့်မှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာ နဲ့ ထပ်မံသေဆုံးနေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာအရှေ့မုဒ်ဝမှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာနဲ့သေဆုံးနေတယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၀ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အလောင်းကို ပြည်သူတစ်ချို့ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ လုံးခင်းရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အလောင်းက နေ့လည် ၁…

    Read More »
  • 20 June
    သတင်း

    ဝါရာဇွပ်ကျေးရွာမှာ ကူးစက်ရောဂါကြောင့် အိမ်မွေးတိရိစ္ဆာန်များ အစုလိုက်အပြုံလိုက် သေဆုံး

    ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာ အိမ်မွေးတိရိစ္ဆာန်များ ရောဂါကူးစက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကတည်းက ကျွှဲ၊ နွား သေဆုံးမှုတွေ ဖြစ်ပေါ်နေပေမယ့် ဒေသခံအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ထိရောက်တဲ့ကုသမှုတွေ မလုပ်နိုင်ဘဲ သေဆုံးမှုအရေအတွက်…

    Read More »
  • 19 June
    သတင်း

    စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ

    ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ လဝါး – ကားမိုင်း…

    Read More »
  • 17 June
    သတင်း

    လုံးခင်းမှာလက်နက်ကြီးကျ ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရ

    ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေမှော်ကျေးရွာထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက နတ်စင်အနောက်ဘက်ခြမ်းရှိ လူနေအိမ်မှာကျမှန်ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်တွေလည်း တစ်စစီပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း ၁၀…

    Read More »
  • 7 June
    သတင်း

    ယမ်းဂိုဒေါင်နေရာကို စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ချလို့ ကလေး ၄ ဦးအပါ အရပ်သား ၉ ဦးသေဆုံး

    ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီတပ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့ ဒရုန်းလက်နက်ကြီး ပေါက်ကွဲမှုဖြစ်စဉ်မှာ အရပ်သားပြည်သူ ၉ ဦးသေဆုံးသွားတဲ့အပြင် လူနေအိမ်အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဇွန်လ ၆ ရက်နေ့ ည ၉…

    Read More »
  • 6 June
    သတင်း

    ကချင်မှာတစ်လအတွင်း အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရတယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ပြော

    ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများကို ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သား ၃၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ (KHRW )က ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲက အရပ်သား ၃၀ ဦးဟာ မေလ ၈ ရက်နေ့ ဗန်းမော်ြမို့ပေါ်ဘုန်းကြီးတစ်ခုမှာခိုလှုံနေတဲ့ ဒေသခံစစ်ရှောင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေကယ်ထုတ်နေချိန် စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာသေဆုံးခဲ့ရတာလို့ KHRW ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် နောက်ထပ်သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တွေကတော့ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ၊ လုံးခင်းရွာ နဲ့ မိုးညှင်းမြို့နယ် ဟဲပါရွာတို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတဲ့ချိန်ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာတွေ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်ဘေးလွှတ်ရာကိုစွန့်ခွာရသူတွေလည်းများလာသလို နေစရာအခက်အခဲ အကြပ်အတည်းဖြစ်လာပေမယ့် နိုင်ငံတကာအကူညီတွေက ပိုလျော့နည်းလာတယ်လို့ KHRW ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါတယ်။ “အရပ်သားပြည်သူတွေထွက်ပြေးနေတဲ့နေရာတွေမှာနေဖို့နေရာ Shelter တွေကမရှိသလောက်ဖြစ်နေပြီ။ တော်တော် ခက်ခဲနေတဲ့အခြေနေပါ။ နောက်တစ်ခုကတော့ အခြေခံအစားအသောက်၊ နိုင်ငံတကာကနေလူသားချင်းစာနာမှုအကူညီလည်း မရှိသလောက်နည်းသွားပါပြီ”လို့ ကိုဂျေကော့ကဖြည့်စွက်ပါတယ်။…

    Read More »
  • 3 June
    သတင်း

    တောင်ကျချောင်းရေကြီးမှုကြောင့် ဆဒုံးဒေသခံ ၅ ဦး သေဆုံး၊ အလောင်း ၁ ခုသာ တွေ့ရှိ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အနီးရှိ ကျေးရွာ ၃ ရွာတွင် တောင်ကျချောင်းရေကြီးမှုကြောင့် သေဆုံးခဲ့ရသော ဒေသခံ ၅ ဦးအနက် ၁ ဦး၏ အလောင်းသာ တွေ့ရှိရပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ ဆဒုံးမြို့အနီး…

    Read More »
Back to top button