ဖားကန့် CDM တွင်ပါဝင်နေသူများ ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိဟုဆို ကူညီရေးအဖွဲ့ပြော
,
ကချင်ပြည်နယ် Loije (လွယ်ဂျယ်)မြို့နယ်ရှိ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ COVID-19 ကပ်ရောဂါ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇွန်လ (၂၂) တနင်္လာနေ့က မြန်မာစစ်တပ်မှ ဝင်ရောက်လာသည့်အတွက် ဖယ်ရှားလိုက်ရသည်ဟု ဒေသခံများမှသိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သော ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရန် ကချင်ပြည်နယ် Kambaiti (ကန်ပိုင်တီ) နှင့် Loije (လွယ်ဂျယ်)နယ်စပ်ဂိတ် နှစ်ခုတွင် ရောဂါစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေပြီး၊ နယ်စပ်ဂိတ်ပိတ်ရန်လည်း ပြည်ထောင်စုသို့ စာတင်ထားကြောင်း သက်ဆိုင်ရာ ဌာနများဆိုသည်။ ဇန်နဝါရီ (၂၇)ရက်နေ့မှစတင်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေး Kambaiti ဥမင်ထွက်ပေါက်ဝ တွင် ဖြတ်သန်းသွားလာသူများကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန မဖြတ်သန်းမှီ ကြိုတင်စစ်ဆေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် နယ်စပ်ဂိတ်များကို…