Covid-19 Reportingသတင်း
တရုတ်-မြန်မာနယ်စပ် KIO COVID-19 စစ်ဆေးရေးဂိတ် မြန်မာစစ်တပ်၏ ဖယ်ရှားဖျက်ဆီး ခံရ
ကချင်ပြည်နယ် Loije (လွယ်ဂျယ်)မြို့နယ်ရှိ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ COVID-19 ကပ်ရောဂါ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇွန်လ (၂၂) တနင်္လာနေ့က မြန်မာစစ်တပ်မှ ဝင်ရောက်လာသည့်အတွက် ဖယ်ရှားလိုက်ရသည်ဟု ဒေသခံများမှသိရသည်။
အဆိုပါ ဂိတ်တွင် KIO ဆေးတပ်ဖွဲ့ နှင့် အရပ်ဖက် ကျန်းမာရေးဝန်ထမ်းများမှ နှစ်နိုင်ငံနယ်စပ် ဝင်ထွက်သွားလာသူများကို ပြီးခဲ့သည့် မတ်လကတည်းက နေ့စဉ် ရောဂါစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်။
“ဒီ Loije နဲ့ Lana Zup ကြား တရုတ်နယ်စပ်ကနေ Nba Pa ဘက်ကို ဆက်သွယ်တဲ့ လမ်းတစ်ခုရှိတယ်။ အဲဒီလမ်းကြောင်း ချောင်းတံတားဂိတ်မှာ KIO ဆေးတပ်ဖွဲ့တွေ နေပြီး ဖြတ်သွားဖြတ်လာသူတွေကို COVID-19 စစ်ဆေးပေးနေတာပါ။ အဲဒါကို ဇွန်လ ၂၂ ရက် ၉ နာရီလောက်မှာ Loije ကနေ မြန်မာစစ်တပ် ဝင်စီးပြီး ဖယ်ရှား၊ ဖျက်ဆီးပစ် လိုက်တာဖြစ်တယ်” ဟု လုံခြုံရေးအရ နာမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။
သို့သော်လည်း KIO အရှေ့ပိုင်းခရိုင် ကျန်းမာရေးဌာနမှ အမည်မဖော်လိုသူ တစ်ဦး၏ပြောပြချက်အရ အဆိုပါဂိတ်ကို KIO ဘက်က ဆုတ်ခွာပြီးနောက် နောက်ဆက်တွဲအခြေအနေကို မသိရတော့ကြောင်း KNG ကိုပြောဆိုသည်။
ယခုလို KIO ကျန်းမာရေးစစ်ဆေးရေဂိတ် ဝင်စီးဖျက်ဆီးခံရပြီးနောက် အဆိုပါ နေရာသို့ Nba Pa အခြေစိုက် KIA တပ်ရင်း (၁) တပ်ဖွဲ့များ ချီတက်လာစဉ် မြန်မာစစ်တပ်က Loije စခန်းသို့ ပြန်ခေါက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် တနင်္လာနေ့က နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်လို့နီးပါး ဖြစ်ခဲ့သည်ဟုလည်း ဒေသခံများ ပြောသည်။
အလားတူ ဇွန်လ ၂၁ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် မိုးနဲမြို့နယ် နားခန်ကျေးရွာအတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)၏ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူး အမိန့်ဖြင့် လာရောက်ဖျက်ဆီးခဲ့သည် ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် SHAN သတင်းဌာနကိုပြောဆိုထားသည်ကို တွေ့ရသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ် နှင့် ကွတ်ခိုင် နှစ်မြို့နယ်အတွင်း KIA တပ်ဖွဲ့များကို တပ်မတော်က ယခုလ လဆန်းပိုင်းမှ ယခုအချိန်ထိ “နယ်မြေရှင်းလင်းရေး” ခေါင်းစဉ်ဖြင့် လိုက်လံ တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
တပ်မတော်၏လုပ်ရပ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် KIA တပ်ဖွဲ့ကို “ထိုးစစ်” ဆင်နေခြင်း ဖြစ်သည်ဟု သတ်မှတ်ကြောင်း ကချင်ပြည်နယ် လိုင်ဇာမြို့မှ KIO သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘူ ပြောသည်။
နိုင်ငံအတွင်း COVID-19 ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်၊ ကုသရေးပြုလုပ်နေသည့် ကာလမှာ ၎င်းတို့ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်သော ရခိုင် AA အဖွဲ့နှင့်ဖြစ်သော စစ်ပွဲကလွဲပြီး ကျန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရှိသည့် နေရာ၊ ဒေသအားလုံးမှာ မေ (၁၀)ရက်မှ သြဂုတ် (၃၁)ရက်ထိ စစ်ပွဲ ရပ်ထားကြောင်း မြန်မာ့တပ်မတော်က မေလ (၉)ရက်နေ့ ထုတ်ပြန်ခဲ့သည်။
……Zawgyi……
June 22, 2020/ Kachin News Group
ကချင်ပြည်နယ် Loije (လွယ်ဂျယ်)မြို့နယ်ရှိ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ COVID-19 ကပ်ရောဂါ စစ်ဆေးရေးဂိတ် တစ်ခုကို ဇွန်လ (၂၂)၊ တနင်္လာနေ့က မြန်မာစစ်တပ်မှ ၀င်ရောက်စီးနင်းကာ ဖယ်ရှား၊ ဖျက်ဆီးပစ်လိုက်ကြောင်း ဒေသခံများ ဆိုပါသည်။
ယခုလို KIO ကျန်းမာရေးစစ်ဆေးရေဂိတ် ၀င်စီးဖျက်ဆီးခံရပြီးနောက် အဆိုပါ နေရာသို့ Nba Pa အခြေစိုက် KIA တပ်ရင်း (၁) တပ်ဖွဲ့များ ချီတက်လာစဉ် မြန်မာစစ်တပ်က Loije စခန်းသို့ ပြန်ခေါက်သွားကြောင်း ဒေသခံများကို မေးမြန်းသိသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် တနင်္လာနေ့က နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်လို့ နီးပါး ဖြစ်ခဲ့သည်ဟုလည်း ဒေသခံများ ဆိုပါသည်။
သို့သော်လည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ် နှင့် ကွတ်ခိုင် နှစ်မြို့နယ်အတွင်း KIA တပ်ဖွဲ့များကို တပ်မတော်က ယခုလ လဆန်းပိုင်းမှ ယခုအချိန်ထိ “နယ်မြေရှင်းလင်းရေး” ခေါင်းစဉ်ဖြင့် လိုက်လံ တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
တပ်မတော်၏လုပ်ရပ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် မိမိတို့ KIA တပ်ဖွဲ့ကို “ထိုးစစ်” ဆင်နေခြင်း ဖြစ်သည်ဟု သတ်မှတ်ကြောင်း ကချင်ပြည်နယ် လိုင်ဇာမြို့မှ KIO သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘို ပြောပါသည်။
Show More
Related Articles
Back to top button