KIA တပ်မဟာ(၁၁)

  • Sep- 2025 -
    19 September
    သတင်း

    KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ KIA ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၂ နေရာမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်းလည်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ “သိရသလောက်က ပစ်ခတ်ခံရတာကသေချာပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်စာရင်း ရတာမျိုးတော့ မရှိဘူး။ ပစ်ခတ်ခံရတာလည်း KIA တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေမှာထဲမှာ လို့ကြားပါတယ်။ နေရာလည်းအတိအကျလည်း သေချာမသိရသေးပါဘူး”လို့…

    Read More »
  • May- 2024 -
    30 May
    သတင်း

    KIA က ရွှေလီမြစ်ဝှမ်းတစ်ကြောကိို တပ်မဟာ (၁၁) သတ်မှတ်ဖွဲ့စည်း

    ကချင် နဲ့ ရှမ်းအစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်း(N-mau Hka) တစ်ကြော ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို  KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်ပြီလို့ KIA  ဘက်ကပြောပါတယ်။ KIA အရှေ့ပိုင်းစစ်ဌာနချုပ်ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ တပ်မဟာ ၃ လက်အောက် တပ်ရင်း (၁၂) နဲ့ (၂၇) နေရာတွေကို KIA တပ်မဟာ (၁၁) နေရာအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တပ်မဟာ ၁၁ နယ်မြေဖွင့်လိုက်တာမှန်ပါတယ်။ ရွှေလီမြစ်ဝှမ်း(N-mau Ginwang)ထဲမှာဖွင့်လိုက်တာဖြစ်တယ်။ ပြီးခဲ့တဲ့ KIA အရှေ့ပိုင်းစစ်ဌာနချုပ်က အုပ်ချုပ်ရေးနယ်မြေမှာပါတဲ့ အူလန်ပါဒေသ (U Lang Pa Ginwang)၊ ရွှေကူဒေသ(Shwe Gu) တပ်ရင်းအနေနဲ့တော့ ၁၂ နဲ့ ၂၇ တွေကိုသတ်မှတ်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေသတ်မှတ်လိုက်တဲ့ နေရာဒေသဟာ အဓိကအားဖြင့် ရွှေလီမြစ်ဝှမ်းတစ်လျှောက် KIA သိမ်းပိုက်ရရှိထားတဲ့ မန်ဝန်းကြီး၊ မဘိမ်းနဲ့ ရွှေကူဒေသအထိပါဝင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ခုလို KIO/KIA အနေနဲ့ တပ်မဟာတစ်ခုကို ထပ်မံတိုးချဲ့လိုက်တာနဲ့ပတ်သက်ပြီး KIA ရဲ့ အုပ်ချုပ်ရေးနယ်မြေ အရင်ကထက် ပိုပြီးကျယ်ပြန့်လာတဲ့အတွက် တိုးချဲ့လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “အခုအဲဒီဘက်မှာ မြေနေရာဒေသ ကျယ်ပြန့်လာတယ်။ မူလအုပ်ချုပ်ရေးဒေသဖြစ်တဲ့ အရှေ့တိုင်းစစ်ဌာနချုပ်ကနေဘဲ အုပ်ချုပ်တာ သိပ်ပြီးလက်လှမ်းမမှီလာတော့ဘူး။ အဓိကတော့ ပြည်သူလူထုတွေရဲ့ ငြိမ်းချမ်းစွာရပ်တည်နေထိုင်ရေးအတွက် အုပ်ချုပ်ရေးယန္တရားတွေကို ထပ်မံတိုးချဲ့တဲ့ သဘောပါပဲ”လို့ပြောပါတယ်။ KIA တပ်မဟာ ၁၁ နေရာကို မန်ဝန်းကြီးဒေသမှာ…

    Read More »
Back to top button