KIO/KIA ကိုထောက်ခံသည့် လှုပ်ရှားမှုများ ကချင်ပြည်နယ်တွင် ပြုလုပ်လာ

ကချင်ပြည်နယ်၏ မြို့နယ်အချို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို လူငယ်များက ဆင်နွဲနေကြရာတွင် KIO/KIA ကိုထောက်ခံသည့် စာတမ်းများလည်း ကိုင်ဆောင်လာကြသည်ကိုတွေ့ရသည်။ မတ်လ ၁၁ ရက်နေ့မှစတင်ပြီး မိုးညှင်းခရိုင်အတွင်း အာဏာသိမ်းစစ်တပ်၏ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စတင်တိုက်ခိုက်သည့်နောက်မှစတင်ပြီး မြို့တွင်းဆန္ဒဖော်ထုတ်မှုများတွင် ယခုလို ထောက်ခံလာခြင်းဖြစ်သည်ကို တွေ့ရသည်။ “CRPH အနေဖြင့် EAOs တွေနဲ့ အမြန်ဆုံး မဟာမိတ်ပြုရန်”၊ “ပြည်သူ့ဆန္ဒကို အလေးထားသော KIO/KIA အား…