Starlink wifi
-
Dec- 2025 -16 Decemberသတင်း
ပူတာအိုမှဖမ်းဆီးထားတဲ့ Starlink Wifi စက်တွေ ရွေးကောက်ပွဲပြီးမှပြန်ပေးမယ်လို့ဆို
ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်မှာ စစ်ကောင်စီဖမ်းဆီးသွားတဲ့ Starlink Wifi စက်အားလုံး ရွေးကောက်ပွဲပြီးမှ ပြန်ပေးမယ်လို့ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပူတာအိုမြို့ပေါ်က Starlink Wifi စက် အလုံး ၆၀ ဝန်းကျင်ခန့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလိုက်လံဖမ်းဆီးခဲ့ပြီး အဲ့ဒီ Starlink Wifi စက်တွေကို ရွေးကောက်ပွဲပြီးမှပြန်ပေးမှာဖြစ်တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “တစ်ချို့တော့ပိုက်ဆံနဲ့သွားရွေးကြတယ်တဲ့ ဒါပေမယ့် မရွေးခိုင်းဘူးဘယ်လောက်ပေးပြီးရွေးရွေးမရဘူးတဲ့/ ရွေးကောက်ပွဲပြီးမှပဲအားလုံးပြန်ပေးမယ်ဆိုပြီးပြောလာတယ်”လို့အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ လုံးစွတ်၊ကောင်ကထောင်၊အောက်ချိုင့်နဲ့ လေယာဥ်ရပ်ကွက်တွေကနေ Starlink Wifi စက်တွေကို ဒီဇင်ဘာလ ၈ ရက်ကနေ ၁၀ ရက်အထိ လိုက်လံဖမ်းဆီးရာအလုံး ၆၀ ဝန်းကျင်လိုက်လံဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Starlink စက်ပိုင်ရှင်တွေက ပိုက်ဆံနဲ့သွားရွေးခဲ့ပေမယ့်ရွေးခွင့်မပေးဘူးလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ကျနော့်အသိဆိုင်တစ်ဆိုင်ပါသွားတယ် ၁၅သိန်းပေးမယ်ဆိုပြီးသွားရွေးတာစက်မရခဲ့ဘူး ပြန်မပေးဘူးကြာမယ်ပြောတယ်ပေးတာတော့ပြန်ပေးမှာရွေးကောက်ပွဲပြီးမှတဲ့”လို့ အသက် ၄၀ ကျော်အရွယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာ Wifi ဆိုင်တွေပိတ်ထားဖို့ ကြိုတင်အသိပေးညွှန်ကြားတာမျိုးမရှိပဲ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် မြို့ပေါ်မှာဖွင့်ထားတဲ့ Starlink wifi စက် သုံးပုံနှစ်ပုံခန့်သိမ်းဆည်းခံလိုက်ရကြောင်းသိရပါတယ်။ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲ ပထမအပိုင်း (၁) မှာကချင်ပြည်နယ်ထဲက ပူတာအိူ၊နောင်မွန်၊ခေါင်လန်ဖူး၊ မြစ်ကြီးနား၊တနိုင်း၊မိုးညှင်းစတဲ့မြို့နယ်တွေပါဝင်ပြီး လက်ရှိ ကျန်တဲ့မြို့နယ်တွေအားလုံးမှာတော့ Starlink wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၁ ကိုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ခုလိုရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ ပြည်သူတွေဆိုရှယ်မီဒီယာသုံးဖို့ အသုံးပြုနေတဲ့ ဝိုင်ဖိုင်စက်တွေသိမ်းဆည်းနေတဲ့အပေါ် ကချင်နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးပြောပါတယ်။ “အဓိကတော့ သူတို့ရွေးကောက်ပွဲအတွက်လုံခြုံရေးစိုးရိမ်တာ၊ပြီးတော့ ပြည်သူတွေကို သတင်းအမှောင်ဖုံးချင်တာကြောင့်ဖြစ်တယ်။ ဒါက ဘာကိုညွန်ပြနေလဲဆိုရင် ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့သဘောသက်ရောက်ပါတယ်”လို့ ပြောပါတယ်။ ကချင်တစ်ပြည်နယ်လုံးကိုစစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ကုန်ပိုင်းကစပြီး ဖုန်းလိုင်း၊ဖုန်းအင်တာနက်လိုင်းနဲ့ Wifi အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဖုန်းနဲ့Wifiအင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ထဲက နေရာဒေသ အများစုမှာတော့ ဖုန်းနဲ့Wifi အင်တာနက်လိုင်းတွေအစား Starlink ဂြိုလ်တု အင်တာနက်တွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်။ By –…
Read More » -
10 Decemberသတင်း
ပူတာအိုမှာ ဖမ်းဆီးခံလိုက်ရတဲ့ Starlink wifi စက်အလုံးရေ ၆၀ အထိရှိလာပြီး ဆက်ပြီးလိုက်လံဖမ်းဆီးနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်ဖမ်းနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေမှာ ဖွင့်ထားတဲ့ Starlink wifi စက်တွေကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစပြီး လိုက်ပြီးဖမ်းနေတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကုန်လိုက်ဖမ်းတယ် ဘယ်တော့ပြန်ပေးမလဲတော့မသိရသေးဘူး။ခုမြို့ထဲမှာဖွင့်ထားတဲ့စက်တွေကော ရွာဘက်ကဆိုင်တွေကော အကုန်လိုက်စစ်တယ် အခုလောလောဆယ်တော့အကုန်လုံးပိတ်ထားတယ်”လို့ အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက Starlink wifi စက်တွေကို လိုက်ဖမ်းနေတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်က Starlink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာဖွင့်ထားတဲ့ wifiတွေနဲ့ အိမ်သုံးတပ်ထားတဲ့ wifi တွေကအစ ပိတ်ထားရကြောင်း သိရပါတယ်။ ပူတာအိုမြို့ပေါ်မှာ Starlink wifi စက်တွေကို ခုလိုရုတ်တရက်လိုက်လံဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “အသိလည်းမပေးဘူးရုတ်တရက်ကြီးကိုဝင်စစ်ဝင်သိမ်းလုပ်သွားတာ အခြေနေကတော့အမျိုးမျိုးကြားနေရတယ် မ. ပ.ခ ကနေဒုတိုင်းမှူးလာမှာမလို့လည်း ကြားရတယ်။ ရွေးကောက်ပွဲနီးလာလို့လည်း ကြားရတယ်။ ဘာကြောင့်ပိတ်ခိုင်းတာလဲဆိုတာအတိအကျတော့မသိရဘူး”လို့သူကပြောပါတယ်။ လတ်တလော ပူတာအိုမြို့မှာ စတားလင့်တွေကို လိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့သိရပြီး ဖမ်းထားတဲ့စတားလင့်စက်အလုံးရေ ၆၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း အထက်မှာဖော်ပြတဲ့ ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားက ဆက်ပြောပါတယ်။ ပူတာအိုမြို့နဲ့ဝေးတဲ့ လုံရှာယာန်၊ ဖက်မာ၊ နမ်ထူခူးစတဲ့ကျေးရွာတွေဘက်မှာတော့ လိုက်လံသိမ်းဆည်းတာမျိုးမရှိသေးကြောင်းသိရပါတယ်။ လက်ရှိပူတာအိုမြို့ခံတွေဟာ Mytel ဆင်းမ်ကဒ်နဲ့ အင်တာနက်အသုံးပြုရဖို့အတွက် ဖုန်းအရောင်းဆိုင်တွေမှာ VPN ဝယ်ပြီးသုံးနေရကြောင်း သိရပါတယ်။ “Mytel နဲ့ရတယ် ဒါပေမယ့် vpn ဝယ်သုံးရတယ် တစ်သောင်းနဲ့ဝယ်ရတယ်သူတို့ပေးတဲ့VPN နဲ့ ပြီးတော့ File သီးသန့်ချပေးသေးတယ်အဲ့ဖိုင်ထည့်သုံးမှရတယ်”လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးချက်အရ ရွေးကောက်ပွဲနီးကပ်လာလို့ပိတ်တာလည်းဖြစ်နိုင်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးရဲ့ခရီးစဥ်ရှိတာကြောင့်ပိတ်တာလည်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ပူတာအိုမြို့အပါအဝင် မြစ်ကြီးနား၊ တနိုင်း၊နောင်မွန်၊ခေါင်လန်ဖူး၊ မိုးညင်းစတဲ့မြို့နယ်တွေမှာတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ Starlink Wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။ စစ်ကောင်စီဟာကချင်ပြည်နယ် ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကတည်းက ဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။…
Read More »

