ကသာ
-
Mar- 2026 -31 Marchသတင်း
ကသာမြို့စစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်း မှန်ကန်မှုမရှိဘူးလို့ပြော
စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ၃ လရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၂၉ ရက်နေ့မှာတော့ ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ကာကွယ်ရေးတပ်ဘက်က နောက်ဆုတ်သွားပြီဆိုတဲ့အကြောင်း လူမူကွန်ယက်ပေါ်မှာ သတင်းတွေထွက်ပေါ်လာတာပါ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကသာကာကွယ်ရေးတပ်တွေကို KNG က မေးမြန်းရာမှာ ဒီသတင်းဟာမှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းနဲ့ စစ်ရေးအရ ခနတာနောက်ဆုတ်ထားရတဲ့အခြေနေမှာရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ “စစ်ရေးအရ ဆုတ်လိုက်တက်လိုက်ပါပဲ ဟိုလိုကြီးတပ်ဆုတ်သွားတာမရှိပါဘူး။ ဒါကသတင်းမှားသာဖြစ်တယ် ကျနော်တို့လည်း အဖက်ဖက်ကနေရင်းထားရတာလေ လွယ်လွယ်နဲ့နောက်ဆုတ်မလား မြို့သိမ်းတိုက်ပွဲရတဲ့အထိ တိုက်သွားမှာ”လို့ ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ မတ်လ ၃၁ ရက်နေ့အထိ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို ကာကွယ်ရေးတပ်တွေရရှိထားတဲ့ နေရာတစ်ချို့ကို စစ်တပ်ကပြန်လည်ရယူထားတာကြောင့် ဝါဒဖြန့်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့ပေါ်ဟာ မြို့ပေါ် ရပ်ကွက် ၁၁ ခု မြို့နယ်အတွင်းကျေးရွာ ၂၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေအားလုံးနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာတော့ မြို့ပေါ်ရပ်ကွက်အချို့မှာ စစ်တပ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အဲဒီနေ့မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ အဲဒီနောက် မတ်လ ၂၀ ရက်နေ့မှာတော့ ကသာမြို့မှာ စစ်တပ်ရဲ့ အဓိက တပ်ရင်းဖြစ်တဲ့ ခမရ– ၃၀၉ကို ကာကွယ်ရေးတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဟာ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းလေးထပ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် မြို့ထဲကျန်နေသေးတဲ့ပြည်သူတွေအနေနဲ့ဖြစ်နိုင်ရင် တိမ်းရှောင်ကြဖို့ ကာကွယ်ရေးတပ်က အကြိမ်ကြိမ်သတိပေးနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၂၉ ရက်ကစပြီး ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဟာ ပြည်သူတွေကို နေရပ်ပြန်လာဖို့ စစ်တပ်က တစ်ဖက်လှည့်နဲ့ခေါ်နေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်ပြောပါတယ်။ “ခုက တိုက်ပွဲကငြိမ်သွားတာမဟုတ်ဘူး ဖြစ်နိုင်ရင် ဒီလိုသတင်းတွေကို ပြည်သူယုံပြီး မြို့ထဲပြန်လာကြမှာစိုးရိမ်တယ် ဖြစ်နိုင်ရင်နေရပ်ပြန်တာတွေမလုပ်ဖို့ လိုတယ်”လို့ နောက်ထပ် ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ စစ်ကိုင်း–ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ကသာမြို့ဟာ ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းကနေ ဝင်ရောက်နိုင်ပြီး စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်ပြီး တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်များ၊ ကျောင်းသားတပ်မတော်(ABSDF)၊ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။…
Read More » -
27 Marchသတင်း
ကသာပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းတို့ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ကချင်အစပ် ကသာမြို့နယ်က ကသာပြည်သူ့ဆေးရုံ၊ ကျောက်ထုံးကြီးကျေးရွာက တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးခဲ့ရတယ်လို့ ကသာမြို့ဒေသခံတွေကအတည်ပြုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့တစ်ရက်တည်းမှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၅ စင်းနဲ့ ကသာမြို့ကိုဦးတည်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “ပြည်သူ့ဆေးရုံက အောက်စီဂျင်ထားတဲ့ရုံးကိုထိတာ။ အောက်စီဂျင်ဘူးတွေကြီးပဲထုတ်တာ။ ကသာမြို့ကပြည်သူတွေ တော်တော်များများ ကြိုးစား ပမ်းစားလုပ်ထားတဲ့ အဆောက်အဦးကြီးဟုတ်တယ်။ ပြီးတော့ကျောင်းသစ်ဘုန်းကြီးကျောင်း တို့က နေ့လည်ကတိုက်ခိုက်ခံရတာ။ ကျောက်ထုံးကြီးကဆေးရုံဟောင်းကတော့ ည ၁၀ နာရီကျော်လောက်တိုက်ခိုက်ခံရတာ”လို့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦးတချို့ ရစရာမရှိအောင်ပျက်စီးသွားသလို ကျောင်းသစ်ဘုန်းကြီးကျောင်း လည်း ထိခိုက်ပျက်စီးမှုများတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကျောင်းသစ်ဘုန်းကြီးကျောင်းနဲ့ ကသာမြို့ပြည်သူ့ဆေးရုံဟာ ကပ်လျှက်မှာတည်ရှိပြီး လူထိခိုက်မှုရှိမရှိကိုတော့ အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကျောက်ထုံးကြီးဆိုတာက ကသာမြို့ကနေဆိုဧရာဝတီမြစ်ခြားထားတာပေါ့ မြစ်ရဲ့တစ်ဖက်ကမ်း ကသာနဲ့တည်နေရာအရ ကြည့်ရင် တည့်တည့်လောက်သွားကြတယ်လေ။ အဲ့တာက လက်ရှိမှာလည်းအသုံးမပြုကြပါဘူး။ ထိခိုက်သေဆုံးတာတော့ မရှိဘူး ကြဲသာကြဲသွားတာပေါ့”လို့ ကသာဒေသခံတစ်ဦးကပြောပါတယ်။ ကျောက်ထုံးကြီးကျေးရွာဟာ ကသာမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ၇ မိုင်အကွာမှာတည်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ အဆိုပါ မတ်လ ၂၅ ရက်နေ့တစ်ရက်တည်းမှာဘဲ ကသာမြို့ရဲ့နာမည်ကြီး အိမ်နီကြီးလို့ခေါ်တဲ့ ကိုလိုနီခေတ် ကာလက အိမ်အိုကြီးလည်း လေကြောင်းတိုက်ခိုက်ခံရမှုမှာပျက်စီးသွားတယ်လို့ သတင်းတွေမှာရေးသားနေကြပေမဲ့ KNG က အခြေနေအသေးစိတ်ကိုအတည်မပြုနိုင်သေးပါဘူး။ လက်တလော ကသာမြို့တွင်းမှာ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ဒေသခံထောင်နဲ့ချီကိုလည်း စစ်ကော်မရှင်က မြို့ကနေထွက်ခွင့်ပိတ်ထားဆဲလို့သိရပါတယ်။ စစ်ကော်မရှင်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်ကနေ ယခုလ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားစုစုပေါင်း ၇၉၅၂ ဦး ရှိလာ ပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
20 Marchသတင်း
ကသာမြို့လယ်ခေါင် ဗုံးကြဲခံရ၊ သေဆုံးဒဏ်ရာရသူတွေများနိုင်တယ်လို့ဆို
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့ အမည်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ဒီမနက် ၁၁ နာရီဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာ ရသူတွေများနိုင် တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးကတော့…
Read More » -
9 Marchသတင်း
ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် လက်နက်ကြီးကျပေါက်ကွဲမှုရှိနေ၊အရပ်သားတစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကသာမြို့မှာ လက်တလောနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ အရပ်သားတစ်ဦးသေဆုံးခဲ့သလို နေအိမ်မီးလောင်မှုတွေလည်းရှိနေတယ်လို့ ကသာဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေကို ကသာမြို့ကိုသိမ်းပိုက်ဖို့ထိုးစစ်ဆင်နွှဲခဲ့ပြီး တစ်လကြာနှစ်ဖက်ပစ်ခတ်မှုတွေရှိပြီးတဲ့နောက် တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေခဲ့တာဒီနေ့အထိဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက ကသာမြို့ပြင်နေရာတချို့တွေမှာဆက်လက်နေရာယူထားဆဲဖြစ်သလို စစ်ကော်မရှင်တပ် ဘက်ကလည်း မြို့တွင်းနေရာတစ်ချို့မှာအထိုင်ချထားပြီး နှစ်ဖက်စစ်ရေးအခြေနေစောင့်ကြည့်နေဆဲအခြေနေလို့ စစ်ရေးအခြေနေ သိရှိတဲ့ ကသာမြို့ဒေသခံတွေကပြောပါတယ်။ “မြို့ထဲကတော့ မနေ့တုန်းက မီးလောင်တယ်ဆိုတဲ့သတင်းကြားတယ်။ ရှော့တိုက်ဒုံးလည်း ရပ်ကွက် ၆ ထဲကျတယ်။ တိုက်ပွဲက ဖြစ်နေလားဆိုရင်တော့ တိုက်ပွဲဖြစ်နေတယ်တော့မရှိဘူး။ ရှော့တိုက်ဒုံးကလည်းဘယ်ဘက်ကပစ်တယ်ဆိုတာမသိဘူး။ သိရသလောက် တစ်ပတ်တောင်မပြည့်သေးဘူး။ ဘူတာဈေးမှာလက်နက်ကြီးမှန်လို့ ဆိုင်ကယ်စီးလာတဲ့တစ်ယောက် ရပ်ကွက် ၅ ဇေယျာချောင်ထဲက အဲ့တစ်ယောက်သေတယ်။ အသက် ၃၀ ကျော်ဘဲရှိသေးတယ်”လို့ စစ်ရေးအခြေနေသိရှိတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ကသာမြို့တွင်း MEC ဆင်းကဒ်တစ်မျိုးသာဖုန်းလိုင်းရပြီး တခြားသောဖုန်းလိုင်းအားလုံးပြတ်တောက်နေတယ်လို့ သိရ ပါတယ်။ တစ်ဖက်မှာ ကသာမြို့တိုက်ပွဲစဖြစ်ကတည်းကဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြို့ခံတွေဟာ စစ်ဘေးရှောင် တာကြာရှည်လာတာနဲ့အမျှ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေပြန်ယူဖို့ မြို့ထဲယာယီပြန်ဝင်ကြတာတွေရှိနေပြီး တချို့တွေမြို့ထဲ ပြန်ဝင်ပြီးတဲ့နောက် ပြန်ထွက်မရတဲ့အခြေနေတွေလည်းကြုံနေရတယ်လို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ရေးအခြေနေကတင်းမာနေဆဲဖြစ်တာမို့ ကသာမြို့ထဲပြန်ဝင်လာဖို့ဒီနေ့အထိ ခွင့်ပြုထားတာမရှိသေးသလို စစ်ကော်မရှင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဘက်ကတော့ မြို့တွင်းပြန်ဝင်လို့ရပြီဖြစ်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာမျှဝေတာတွေရှိနေပါတယ်။ ဒါ့ကြောင့် ကသာမြို့ကလက်ရှိအခြေနေမှာပြန်ဝင်ဖို့ လုံခြုံမှုရှိမရှိသိရဖို့ မန္တလေးမြို့မှာစစ်ဘေးတိမ်းရှောင်နေတဲ့ ကသာမြို့ဒေသခံ တစ်ဦးကို KNG ကဆက်သွယ်မေးမြန်းချိန် အခုလိုပြောပါတယ်။ “မပြန်ရဲသေးပါဘူး။မပြန်ရဲဘူးဆိုတာက အခု လေယာဥ်တွေနဲ့က ရွာနီးခြောက်စပ်တွေကိုချနေတယ်ဆိုတော့။ ချတဲ့နေရာက လည်း ကိုယ်ပြန်မယ့်လမ်းတွေချည်းပဲ။အခုလူကြုံရှိတယ်အဲ့ဘက်ကိုပြန်မယ့်ဟာ ဒါပေမဲ့ အန်တီတို့လိုက်မသွားဘူး။ လမ်းစရိတ် ကလည်း အရမ်းကုန်တယ်။”လို့ အထက်ပါ ကသာဒေသခံအမျိုးသမီးကပြောပါတယ်။ ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ လက်ရှိတော့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပြီး ကသာမြို့ပြင် ဧရာဝတီ မြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါ အဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် ကသာမြို့သိမ်းတိုက်ပွဲဟာ ရုတ်တရက်စစ်ဆင်ရေးဖြစ်တာမို့လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတဲ့ ကသာမြို့ခံများစွာအတွက် အကူအညီများစွာလိုအပ်နေကြတယ်လို့သိရပါတယ်။ By – အမိုး
Read More » -
Jan- 2026 -20 Januaryသတင်း
တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ပြင်ဆင်နေ
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ဘက်ကပြင်ဆင်နေတယ်လို့ကသာမြို့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကော်မရှင်က ကျောင်းသား/သူ နဲ့ Non-CDM ဆရာ/မ စုစုပေါင်း ၄၀၀ ကျော်ကို ကသာမြို့ကိုဝင်ရောက်စေပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ပြင်ဆင်နေတာလို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်ကော်မရှင်ကကျောင်းပြန်ဖွင့်ဖို့ကြိုးစားတာဟာ…
Read More » -
15 Januaryသတင်း
ကသာမြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူ သောင်းကျန်းနေတဲ့ အုပ်စုဖွဲ့သူခိုးများထဲ အမျိုးသမီးတွေပါဝင်
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့က ဒေသခံတွေဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေရချိန် အုပ်စုဖွဲ့ကာနေအိမ် ဖောက်ထွင်း ခိုးယူတာတွေဖြစ်ပွားနေပြီး အဲ့ဒီသူခိုးအဖွဲ့မှာ အမျိုးသမီးတွေပါ ပါဝင်နေတယ်လို့ ကသာမြို့ကနေထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ကပြောပါတယ်။ ကသာမြို့ခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့နေ့ကစလို့ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာ…
Read More » -
14 Januaryသတင်း
ကသာမြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးပျောက်ဆုံးနေ
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာမြို့တွေမှာတိမ်းရှောင်နေကြရပြီး ကသာမြို့ကနေ မန္တလေးမြို့ကိုတိမ်းရှောင်နေတဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦး မိသားစုတွေနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင် ကသာမြို့ကနေ မန္တလေးမြို့ကို ပထမဆုံးရောက်တဲ့နေ့ ၃၈/၅၈–၅၉…
Read More » -
6 Januaryသတင်း
ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ
ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။ ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့…
Read More » -
Dec- 2025 -30 Decemberသတင်း
ကသာမြို့ပတ်လည်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင်တွေထပ်တိုးလာနေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မနေ့ညပိုင်းကစလို့ ဒီကနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ယမန်နေ့ညပိုင်း ၉ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်နဲ့ အကြိမ် ၆၀ ကျော်နီးပါး မြို့ပတ်ပတ်လည်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး…
Read More » -
29 Decemberသတင်း
ကသာမြို့ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်
လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ဒီဇင်ဘာလအစကတည်းက ခပ်စိပ်စိပ်ကြားနေရတဲ့ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်နေ ပြီလို့သိရပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲနေ့ ဒီဇင်ဘာလ…
Read More »









