ကသာ

  • Sep- 2024 -
    4 September
    သတင်း

    ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့  ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ စက်တင်ဘာလ၄ရက်နေ့ ဒီကနေ့မနက်ပိုင်း၉နာရီဝန်းကျင်လောက်မှာ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်း ကနေ ရွှေကူမြို့ဆီဦးတည်ထွက်ခွာနေတာဖြစ်ပြီး ကသာမြို့နယ်အဆုံးကရွာဖြစ်တဲ့ မိုးတားလေးတစ်ဝှိုက်ကို ရောက်ရှိနေပြီလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ မိုးတားလေးအထက်နားရောက်ပြီ ကသာနယ်ဆုံးတော့မှာ။ မနက်က ၉ နာရီကစထွက်တာ လေယာဥ်က လည်း ၈ စင်းလောက်သုံးသွားတယ်။ လေယာဥ်က ဗုံးတွေချလိုက်တာတွေရော စုံတယ် စက်သေနတ်တွေ နဲ့ရောပစ်တာ”လို့ပြောပါတယ်။ ကသာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း တက်လာတဲ့စစ်သင်္ဘောတွေနဲ့ အပြန် အလှန်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဆက်တိုက်အသုံး ပြုတာတွေကြောင့် မရပ်တန့်နိုင်ခဲ့ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောပေါ်ကရော လေကြောင်းကနေပါ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကကျေးရွာနေအိမ်တစ်ချို့တော့ပျက်ဆီးနိုင်တယ်လို့ ဆိုပါ တယ်။ “ လောလောဆယ်တော့ ဒေသခံတွေအခြေနေမကြားသေးဘူး။ မြစ်ကမ်းဘေးကရွာတွေကတော့ ကြိုပြီး ရှောင်ခိုင်းထားတယ်။ ဒီနေ့တော့ထိခိုက်မှုမရှိလောက်ဘူးထင်ပါတယ်။ အဆောက်အဦးတွေကတော့ ပျက်ဆီးနိုင်တယ်”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်လက်နက်ရိက္ခာတွေအဓိကသယ်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၅ စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်း တွင် ၂ ညအိပ်ပြီး ကသာမြို့နယ်ထဲက စစ်သားအင်အားတွေလည်းဖြည့်တင်းသွားတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်တဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ကသာမြို့နယ် ကလုံ၊ညောင်ခြေထောက်ရွာတို့မှာ အရပ်သားတွေ ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတာဖြစ်ပြီး စတင်ထွက်ခွာလာချိန် ၈ စီးရှိပေမဲ့ ၃ စီးကတော့ သပိတ်ကျင်းမြို့နယ်မှာကျန်နေခဲ့တာ လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်ကနေတော့ စစ်သင်္ဘော ၅ စီးထွက်ခွာလာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ ထီးချိုင့် နဲ့ မြတောင်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တစ်ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ကသာမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်မယ်ဆိုတော့မသိရသေးပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မတိုင်ခင်ကာလတွေမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အထိဆန် တက်ပြီး ရိက္ခာရောလူအင်အားပါဖြည့်တင်းလေ့ရှိတာဖြစ်ပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ မတ်လက KIA နဲ့ပူးပေါင်းအဖွဲ့တို့ဆောင်ရွက်ခဲ့တဲ့ ကချင်ပြည်နယ်တစ်ပြည်နယ် လုံး အတိုင်းအတာ အရှိန်မြင့်စစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်ကြောင်းက အရေးပါတဲ့နေရာတစ်ချို့ကို KIA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားပါတယ်။ By – အမိုး

    Read More »
  • 3 September
    သတင်း

    ကသာကိုတက်လာတဲ့ စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်ကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာရောက်ရှိလာတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ်အတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ “အရပ်သားပြည်သူက သူတို့ပစ်လို့သေတာ ၂ ယောက်ပေါ့။ ၃ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီသင်္ဘောပေါ်က နေပစ်တာပေါ့”လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ သေဆုံးခဲ့သူတွေဟာ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေဖြစ်တဲ့ ကလုံရွာက ၁ ဦး သေဆုံး ၁ ဦးဒဏ်ရာရခဲ့သလို ညောင်ခြေထောက်ကျေးရွာက ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရခဲ့တာလို့ သူကဆက်ပြောပါတယ်။ အဲ့ဒီစစ်သင်္ဘောတွေဟာ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်အင်အားနဲ့ရိက္ခာတွေတင်လာတဲ့ စစ်သင်္ဘောတွေဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာချိန်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းကိုဆက်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာဆိုရင် ထီးချိုင့်မြို့နယ်နဲ့မြတောင်ရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆက်မသွားနိုင်တော့ဘဲ ထီးချိုင့်မြို့မှတစ်ညအိပ်ခဲ့ရသလို ကသာကိုထွက်လာချိန်မှာလည်း လမ်းတစ်လျှောက် ပစ်ခတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။ “ကသာမြို့နယ်ကိုတော့ ၅ စီးလုံးရောက်လာပြီ။ ပြီးခဲ့တဲ့ရက်တွေက ထီးချိုင့်မှာပစ်ခတ်ခံရတာတွေလည်း ပြန်ရောက်လာခဲ့တာ။ ၅ စီးလုံးကသာမှာပေါ့ ထီးချိုင့်မှာကသူတို့ခဏကမ်းကပ်ရပြီး ပြန်ဆန်လာတာပေါ့ လေ။”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်သင်္ဘော ၅ စီးတက်လာချိန်မှာလည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာနေရာယူထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ၁၈ ဦးဒဏ်ရာ ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ အခုလို စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပေမဲ့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးခဲ့တဲ့အတွက် မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ အရပ်သား ၉ ဦးသေဆုံးခဲ့ရပါသေးတယ်။ ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေး ပေမဲ့ ဗန်းမော်မြို့နယ်မရောက်ခင် ဧရာဝတီစင်းခန်းတံတားကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေက သုံးသပ်နေကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အနေနဲ့ ကချင်ပြည်နယ်အထက်ပိုင်းကို ဝင်ရောက်ဖို့ ရေကြောင်းကိုအဓိကထား အသုံးပြုခဲ့ကြပေမယ့် သင်္ဘောတက်လာတိုင်းမြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရမှုကြောင့် အတော်အတန်ကြာ ရပ်နားသွားရာကနေ ခုတစ်ဖန်ပြန်ပြီးဆန်တက်လာတာဘဲဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Jul- 2024 -
    16 July
    သတင်း

    ကသာမှာ ရွာပေါင်း ၃၀ လောက်မှာ ရေဝပ်နေတဲ့အတွက် ရေဘေးကြုံခဲ့ရ

    စစ်ကိုင်းနဲ့ကချင်အစပ်က ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွာပေါင်း ၃၀ လောက် ရေဘေးအန္တရာယ်ကြုံတွေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ စိုးရိမ်ရေအမှတ်အောက်ကို ရောက်ရှိသွားပြီ မြစ်ကမ်းနဘေးက ကျေးရွာတွေနဲ့ မြေနိမ့်ပိုင်းကျေးရွာတွေ ရေဝပ်နေဆဲဖြစ်ပါတယ်။ လက်ရှိ ရေဘေးကြုံခဲ့ရတဲ့ဒေသခံတွေအတွက် အစား အသောက်၊ ဆေးဝါးနဲ့ အကူညီတွေလိုအပ်နေပြီး ကသာဒေသခံတွေဟာဖုန်း နဲ့ အင်တာနက်လိုင်းပြတ်တောက်မှုတွေကြောင့် ရေဘေးအတွက်ကြိုတင် ပြင်ဆင်ချိန်လည်းမရလိုက်ဘူး လို့ဒေသခံတွေကပြောပါတယ်။ “ကျနော်တို့လူထုတွေကလည်း မိုးလေဝသသတင်းအချက်လက်တွေက သတင်းနားထောင်တာတွေလည်း နည်းသလို အင်တာနက်မရတော့လည်းသတင်းတွေကမသိရဘူးလေ။ မသိရတော့ ကြိုကြေညာထားလည်း ရွှေ့ပြောင်းတာမလုပ်ဘူး ရေရောက်လာမှပဲ လုပ်ကြတဲ့အခါ ပြင်ဆင်ချိန်အားနည်းတာပေါ့ ဆေးဝါးနဲ့ စား နပ်ရိက္ခာပါပဲ အဓိကပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ရေဘေးကြုံခဲ့ရတဲ့ ကျေးရွာတွေက ကျော်ပင်၊ သံပုရာကျွန်း၊ ညောင်ခြေထောက်၊ ကျောက်ပုံ၊ ကလုံ ဆယ်ကြီး နဲ့ ဒေါင့်ကြီးစတဲ့ကျေးရွာတွေအပါအဝင် မြေနိမ့်ပိုင်းကျေးရွာပေါင်း ၃၀ လောက်ရေဘေးကြုံတွေ့ ခဲ့ကြရတာဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး တဖြည်းဖြည်းမြင့်တက်လာရာ ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ အမြင့်ဆုံးစိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိခဲ့ ကြောင်း မိုးဇလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာတော့ တိရစ္ဆာန်သေဆုံးမှုနဲ့ စပါးခင်းပျက်စီးမှုတွေများပြားသလို လူပျောက်ဆုံးနေတာ တွေပါရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ “အရင်နှစ်တွေနဲ့မတူပဲ ရေကတစ်အားတိုးလိုက်တယ်။ ရေကနေ့ချင်းညချင်းတိုးပြီးဖြစ်သွားလိုက်တာ။ ပျောက်ဆုံးတာတွေလည်းရှိတယ်။ ပျောက်သွားတာတွေလည်းအခုချိန်ထိဆက်သွယ်လို့မရသေးဘူး။ “လို့ပြောပါတယ်။ ရေနစ်ပြီးတဲ့နောက်ပိုင်းပျောက်ဆုံးသူတွေရှိပေမဲ့လည်း အတိအကျအတည်ပြုဖို့ခက်သလို ပျောက်ဆုံးသူ တွေရှိတာတော့သေချာကြောင်းဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် ကသာမြို့နယ်အတွင်း စက်သုံးဆီပြတ်လက်မှုနဲ့ စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာအခက်အခဲတွေရှိနေတယ်လို့ပြောပါတယ်။ လက်ရှိတော့ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတွေအတွက် ဆေးဝါးနဲ့အစားအသောက်အကူညီတွေများစွာလိုအပ် နေပြီး ပြန်လည်ထူထောင်ရေးအတွက်လည်းအကူညီတွေလိုအပ်နေတယ်လို့ပြောပါတယ်။…

    Read More »
  • Jun- 2024 -
    14 June
    သတင်း

    ကသာမှာတိုက်ပွဲပြင်းထန်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကသိရပါတယ်။ တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်ကနေ ကသာမြို့အနောက်ဘက် ဝဲကြီးကျေးရွာအနီးတစ်ဝှိုက်မှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ “ကသာအောက်ဘက်မှာထိတွေ့မှုတွေဖြစ်နေတာ အဲ့ဘက်ကိုစစ်ကြောင်းက မကြာမကြာထိုးနေတာ ဒီမနက်တော့ ထိတွေ့မှုကတော်တော်ဖြစ်လိုက်တယ်။ မနက်ပိုင်းတော့တိုက်ပွဲကပြင်းထန်တယ်။ အခုတော့ အသံ တွေတော့ကြားနေရတယ်။” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီး ဝဲကြီးရွာအနောက်ဘက်ကိုကျရောက်ပေါက် ကွဲခဲ့လို့ ဝဲကြီးရွာကဒေသခံတစ်ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကသာဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဒေသခံတွေရဲ့အခြေနေနဲ့ပတ်သက်လို့ အတည်ပြုနေဆဲဖြစ်သလို လက်နက်ကြီးက ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်တာလဲဆိုတာကိုလည်း KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေး ပါဘူး။ တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ကသာမြို့ပြင်မှာရှိတဲ့ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေပြီး စစ်သားစုဆောင်းတာတွေပါလုပ်နေတယ်လို့ ကာကွယ်ရေး တပ်တွေဘက်ကပြောပါတယ်။ “ကသာမှာက သူတို့စစ်ကြောင်းက မြို့ပြင်တွေကိုထွက်ပြီး စုဆောင်းရေးတွေလုပ်တယ်။ စစ်ရေး အတွက် လည်းပြင်ဆင်တာတွေရှိတယ်။ အဓိကတော့ မြို့နဲ့နီးတဲ့ရွာတွေပတ်ချာလည်စစ်ကြောင်းထိုးတာ။ “လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတဲ့အခါ စစ်ကြောင်း ၃ကြောင်းခွဲပြီး လှုပ်ရှားလေ့ရှိပြီဂ  စစ်ကြောင်းတစ်ကြောင်းကို အင်အား ၃၀ ကျော်နဲ့ ထိုးလေ့ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ဝဲကြီးရွာဟာ ကသာြမို့အနောက်ဘက် ၃ မိုင်အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကသာမြို့နယ် မြို့ပြင်က ပေါမမြိုင်ရွာမှာလည်း ပြီးခဲ့တဲ့ မေလ နဲ့ ဇွန်လ ပထမအပတ်ကလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့သေးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကပြောပါတယ်။ ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီး ဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့မြို့ဖြစ်ပါ တယ်။ By – အမိုး

    Read More »
  • May- 2024 -
    8 May
    သတင်း

    ကသာမှာ တိုက်ပွဲဖြစ်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ ကသာမြို့ရဲ့ မြို့အစွန်ရပ်ကွက်၊ မြို့ပြင်ကရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မြို့ပြင်က…

    Read More »
  • 6 May
    သတင်း

    ကသာမှာ မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မေလ ၅ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင် မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ကသာမြို့နယ် မိုးတားလေးကျေးရွာ တစ်ဖက်ကမ်းမှာရှိတဲ့ မြေနုကျွန်းရွာမှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးသေဆုံးတဲ့အပြင် နွား ၄…

    Read More »
  • 2 May
    သတင်း

    ကသာမြို့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းတွေထိုးနေပြီး အဲ့ဒီစစ်ကြောင်းကို ကသာမြို့ပြင်က ကပ္ပလိပ်ရွာမှာ ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ကသာမြို့က…

    Read More »
  • Apr- 2024 -
    6 April
    သတင်း

    ကသာမှာ အမျိုးသမီးတစ်ယောက်အပါအဝင် အရပ်သား ၃ ယောက်ထပ်ဖမ်းခံရ

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ ရပ်ကွက် ၂ မှာ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်က စစ်ကောင်စီတပ်က အမျိုးသမီးတစ်ယောက်အပါအဝင်အရပ်သား ၃ ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကသာမြို့နယ်…

    Read More »
  • 3 April
    သတင်း

    ကသာမှာ အမျိုးသားတစ်ဦးဖမ်းဆီးခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့ မတ်လ ၃ ရက်နေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာအမျိုးသားတစ်ဦး စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကသာမြို့ပေါ် ဇေယျာချောင် ရပ်ကွက်( ၅) မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်နေတဲ့အချိန် စစ်ကောင်စီဘက်ကဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့ကပေါ့ ရဲဘော်တော့မဟုတ်ဘူး…

    Read More »
  • Mar- 2024 -
    22 March
    သတင်း

    ကသာမှာ တိုက်ပွဲဖြစ်တာမရှိပဲ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကသာမြို့နယ်ထဲက ဟဲနားဆိုတဲ့ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာတစ်စုံတစ်ရာမရှိပဲ ဂျက်ဖိုက်တာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG…

    Read More »
Back to top button