ကသာ
-
Jan- 2026 -15 Januaryသတင်း
ကသာမြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူ သောင်းကျန်းနေတဲ့ အုပ်စုဖွဲ့သူခိုးများထဲ အမျိုးသမီးတွေပါဝင်
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့က ဒေသခံတွေဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေရချိန် အုပ်စုဖွဲ့ကာနေအိမ် ဖောက်ထွင်း ခိုးယူတာတွေဖြစ်ပွားနေပြီး အဲ့ဒီသူခိုးအဖွဲ့မှာ အမျိုးသမီးတွေပါ ပါဝင်နေတယ်လို့ ကသာမြို့ကနေထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ကပြောပါတယ်။ ကသာမြို့ခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့နေ့ကစလို့ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာ…
Read More » -
14 Januaryသတင်း
ကသာမြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးပျောက်ဆုံးနေ
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာမြို့တွေမှာတိမ်းရှောင်နေကြရပြီး ကသာမြို့ကနေ မန္တလေးမြို့ကိုတိမ်းရှောင်နေတဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦး မိသားစုတွေနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင် ကသာမြို့ကနေ မန္တလေးမြို့ကို ပထမဆုံးရောက်တဲ့နေ့ ၃၈/၅၈–၅၉…
Read More » -
6 Januaryသတင်း
ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ
ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။ ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့…
Read More » -
Dec- 2025 -30 Decemberသတင်း
ကသာမြို့ပတ်လည်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင်တွေထပ်တိုးလာနေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မနေ့ညပိုင်းကစလို့ ဒီကနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ယမန်နေ့ညပိုင်း ၉ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်နဲ့ အကြိမ် ၆၀ ကျော်နီးပါး မြို့ပတ်ပတ်လည်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး…
Read More » -
29 Decemberသတင်း
ကသာမြို့ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်
လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ဒီဇင်ဘာလအစကတည်းက ခပ်စိပ်စိပ်ကြားနေရတဲ့ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်နေ ပြီလို့သိရပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲနေ့ ဒီဇင်ဘာလ…
Read More » -
Oct- 2025 -30 Octoberသတင်း
ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ်…
Read More » -
Sep- 2025 -15 Septemberသတင်း
ဖမ်းဆီးခံရတဲ့ ကသာမြို့ခံ ၃ ဦး စစ်သင်္ဘောကနေ ထွက်ပြေးလွတ်မြောက်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ခံအမျိုးသား ၃ ဦးကိုဖမ်းဆီးသွားပြီးနောက် စစ်သင်္ဘောနဲ့အတူ ခေါ်ဆောင်သွားချိန် သင်္ဘောပေါ် ကနေ ခုန်ချလွတ်မြောက်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ စစ်တပ်ရဲ့ စစ်သင်္ဘောများ ကသာမြို့နယ် သံပုရာရွာဆိပ်ကမ်းရောက်ချိန်…
Read More » -
3 Septemberသတင်း
ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတစ်ဝှိုက်မှာ သံခွန်သင်္ဘော ၅ စီး ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကိုစစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀…
Read More » -
Aug- 2025 -7 Augustသတင်း
ကသာမှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဖို့နဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီကအစည်းအဝေးလုပ်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဖို့အပါအဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်စစ်ကောင်စီကအစည်းအဝေးတစ်ခုပြုလုပ်ခဲ့တယ်လို့ကသာမြို့ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့နေ့လည်ပိုင်းလောက်က ကသာမြို့ ရပ်ကွက် ၇ က အုပ်ချုပ်ရေးမှူးရုံးခန်းမှာ အဆိုပါအစည်းအဝေးကိုပြုလုပ်ခဲ့ကြတာလို့သိရပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက“စစ်မှုထမ်းဥပဒေကတော့သူတို့ပြောနေတာကြာပါပြီ။ အခုဒီတစ်ခါကတော့ရှောင်လွဲလို့ရမှာမဟုတ်တော့ဘူး။ သူတို့အမှန်တကယ်ဒီဟာကိုအကောင်အထည်ဖော်မယ်။ တိုက်ပွဲတွေမှာကလေးတွေကိုထည့်သုံးမယ်။ မလွယ်ဘူးဗျ။ မြို့ခံတွေအတွက်အတော်လေးအခက်တွေ့စေတဲ့အနေအထားတစ်ခုပဲဗျ”လို့ပြောပါတယ်။…
Read More » -
Jul- 2025 -7 Julyသတင်း
ကသာ-အင်းတော်လမ်းပိုင်းရှိ တံတား ၃ စင်း မိုးများလို့ကျိုးကျ
စစ်ကိုင်းတိုင်းဒေသကြီး ကသာနဲ့အင်းတော်မြို့တွေကိုချိတ်ဆက်ထားတဲ့ ဗျူဟာလမ်းပိုင်းက တံတား ၃ စင်း မိုးများလို့ပျက်စီး ကျိုးကျသွားတာကြောင့် ကုန်စည်တင်ပို့်တာနဲ့ ဒေသခံတွေသွားလာနေထိုင်ရေးအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ အချက်အချာကျတဲ့မြို့နှစ်မြို့ကိုချိတ်ဆက်ထားတဲ့လမ်းကြောင်းဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့လမ်းပိုင်းပိတ်ဆို့မှုကြောင့် ကွင်းလမ်းကိုအသုံးပြုနေကြရတဲ့ မန္တလေး–မြစ်ကြီးနားကားသမားတစ်ချို့လည်း ဒီလမ်းပိုင်းကိုအသုံးပြုကြတာဖြစ်ပါတယ်။ လက်ရှိတော့အဲ့ဒီလမ်းပိုင်းကို ကားတွေလုံးဝသွားလာလို့မရတာ တစ်ပတ်ကျော်ကြာရှိလာပြီလို့ဒေသခံတစ်ယောက်ကအခုလို ပြောပါတယ်။ “အခုကအပျက်ကြီးကိုမှဖြစ်သလိုပဲ သစ်တွေဝါးလုံးတွေတစ်ချောင်းထိုးနှစ်ချောင်းထိုးပြီး ဆိုင်ကယ်တွေသွားလို့ရအောင် လုပ်ပြီးမှသွားနေကြတာ ကားတွေကတော့လုံးဝသွားလို့မရဘူး ဆိုင်ကယ်တွေပဲသွားလို့ရတာ” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပျက်စီးနေတဲ့ တံတားတွေကတော့ ကသာမြို့–ကြာအင်း–သံပုရာ–ကျောက်ပုံ စတဲ့ကျေးရွာတွေကိုချိတ်ဆက်ထားတဲ့တံတားတွေ ဖြစ်ပြီး တံတားတွေကမကြီးပေမယ့် သွားလာရေးအတွက်အလွန်အခက်တွေ့စေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ လက်ရှိအဲ့ဒီလမ်းပိုင်းတွေကိုတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့လက်အောက်ခံ ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး လမ်းပိုင်းအမြန်ဆုံးပြန်ပြင်ပေးနိုင်ဖို့အတွက် ဒေသခံတွေကမျှော်လင့်နေကြပါတယ်။ “ကသာမြို့နယ်ကရွာတွေအားလုံးက ကသာမြို့ကိုကျန်းမာရေးရော၊ လူမှုနေထိုင်မှုကအစအားကိုးရတာဆိုတော့ လမ်းကအခုလို ဖြစ်သွားတော့ လုံးဝအဆင်မပြေဘူး။ကုန်စည်စီးဆင်းမှုတွေကအစဒီလမ်းကိုအသုံးပြုရတော့ လမ်းကဆိုးရွားနေတော့ အကုန် ပြတ်တောက်ကုန်တာပေါ့” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒီတံတားတွေပျက်စီးသွားတာဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က အင်းတော်မြို့နယ်မှာရှိတဲ့ နန့်သဲချောင်းရေကြီးမှုဖြစ်တဲ့ တစ်နေ့ တည်းမှာဘဲ ဖြစ်ပျက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ်အပါအဝင် မြန်မာပြည်တစ်ဝှမ်းမှာ ဒီနှစ်ပိုင်းတွေအတွင်း အချိန်အခါမဟုတ်မိုးကြီးတာတွေကြောင့် တောင်ကျ ချောင်းတွေရေလျှံတာ၊မြစ်ရေလျှံတာတွေမကြခဏဖြစ်ပေါ်လာပြီး ဒီဖြစ်ရပ်တွေဟာ သစ်တောပြုန်းတီးမှု၊ သဘာဝသယံဇာတ တူးဖော်မှုတွေကြောင့်လို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကဆိုကြပါတယ်။ ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကလည်း မြန်မာပြည်မြောက်ဖျားပိုင်းဒေသ ချီဖွေ၊ ပူတာအို အပါအဝင် မြစ်ကြီးနား၊ ဝိုင်းမော် နဲ့ ဗန်းမော်ဒေသတွေမှာ မိုးကြီးခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ဘေးကိုရင်ဆိုင်နေကြရတဲ့ဒေသခံ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်မှာဆိုရင် နိုင်ငံတစ်ဝှမ်းစံချိန်တင်ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး နေအိမ်၊ အဆောက်အဦးတွေပါပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သလို လူသေဆုံးတဲ့အထိရေကြီးရေလျှံတာကိုဒေသခံတွေကြုံတွေ့ခဲ့ကြရပါတယ်။ By – အမိုး
Read More »









