ကုလသမ္မဂ
-
Feb- 2026 -25 Februaryသတင်းဆောင်းပါး
ကချင်ဒေသက စစ်ဘေးရှောင်များ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ
“အခုဒီမှာ လုပ်ကိုင်စားသောက်ဖို့ နေရာမရှိတော့ အရမ်းခက်ခဲတယ်။ကလေးတွေကများ သက်ကြီးရွယ်အိုတွေနဲ့ဆိုတော့လေ” လို့ ဝိုင်းမော်မြို့နယ်စစ်ရှောင်းစခန်းတစ်ခု စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ်နောက်ပိုင်း စစ်ရှောင်ဦးရေ ၇၅၀,၀၀ ပေမယ့် လက်ရှိ ၂၀၂၆ ဇန်နဝါရီ ၂၆ ရက်အထိ ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေဟာ ၂၄၃,၂၀၀ ဦးထိ ရှိလာပြီလို့ ဖော်ပြထားပါတယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း စစ်ရှောင်ဦးရေ ၁၆၈၂၀၀ အထိသိသိသာသာတိုးလာခဲ့တာ ဖြစ်ပါတယ်။ အခုလို စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကလည်း အရေးပေါ်လိုအပ်လာပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်အတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး အထူးသဖြင့် ဝိုင်းမော်၊ ဖားကန့်၊ ဗန်းမော် စတဲ့ဒေသတွေမှာ ၂၀၂၄ မတ်လဝန်းကျင်ကစပြီး စစ်ရေးအရှိန်မြင့်လာတဲ့အတွက် ပြည်သူတွေ ထပ်မံတိမ်းရှောင်ခဲ့ရပါတယ်။ စစ်ရှောင်ခါစ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ အစားအသောက်၊ ကျန်းမာရေး အထောက်အပံ့ရခဲ့ပေမယ့် ၂၀၂၅ ဇန်နဝါရီလ မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရ လက်ထက် နိုင်ငံတကာအကူအညီတွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီနောက် WFP ကနေပြီးတော့ ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံက လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေ ရပ်ဆိုင်းရတော့မယ်လို့ ၂၀၂၅ မတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီရရှိဖို့ အစစအရာရာ ပိုမိုခက်ခဲလာပါတယ်။ ဒါ့အပြင် စစ်ရှောင်နေတဲ့သူတွေအများစုဟာ လယ်သမားတွေဖြစ်ကြပေမယ့် လက်ရှိ တိမ်းရှောင်နေကြတဲ့ နေရာဒေသတွေမှာ လယ်လုပ်ငန်းလုပ်ဖို့ မြေလည်း မရှိသလို ကိုယ့်ရပ်ရွာပြန်ပြီး လယ်လုပ်ဖို့ကြပြန်ရင်လည်း လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကို ကြောက်နေရတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အခုဒီမှာက ကလေးတွေများတယ်၊ ကျောင်းတတ်တဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ ဖျားနာတာတွေရှိတော့ တောဘက်တော့ ပြန်မသွားနိုင်၊ ဒီမှာလုပ်ကိုင်စားသောက်ဖို့ နေရာမရှိတာကြောင့် အရမ်းခက်ခဲနေတယ်”လို့ ဆိုပါတယ်။ ခုလို အခြေအနေတွေကြောင့် လက်ရှိစစ်ရှောင်နေတဲ့ ပြည်သူတွေဘဝဟာ ပိုပြီး ကြပ်တည်းလာနေပါတယ်။ ဒါ့အပြင် လူဦးရေသိပ်သည်းစွာနဲ့နေထိုင်နေရတဲ့စစ်ရှောင်တွေဟာ မိုးရာသီဆိုရင်လည်း ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းလျှောဝမ်းပျက် ရောဂါတွေ ပိုများပြီး ကာကွယ်ဆေးမရှိတာကြောင့် ကိုယ်ထူကိုယ်ထ ကုသနေရတာ ဖြစ်ပါတယ်။ ကချင်ကျန်းမာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ ပြောကြားချက်အရ စစ်ရှောင်ပြည်သူတွေဟာ နိုင်ငံရေးအခြေအနေကြောင့် ကူညီပေးနိုင်မှု ၂၀၂၃ အကုန်လောက်မှာ ပိုခက်လာပြီး အစိုးရအဖြစ် စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေတယ်လို့ ဆေးဝါးလိုက်လံကုသနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “ဆေးဝါးကုသရာမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်တယ်။ ပြည်သူတွေကို ဆေးဝါးသယ်ယူပို့ဖို့ခက်၊ လိုက်လံကုသဖို့ခက်နေတယ်။ ရှိသေးတဲ့ ဆေးဝါးတွေကို အချင်းချင်းကူညီပြီး ကုသတာလွဲပြီး မကျန်တော့ဘူး။ ဒါကြောင့် အချင်းချင်း ကူညီမှု အရေးကြီးတယ်”လို့ပြောပါတယ်။ စစ်ရှောင်စခန်းအများစုမှာ သာမန် ရောဂါတွေကို ကုသနိုင်ပေမယ့် ဝမ်းပျက်၊ ငှက်ဖျား၊ တုပ်ကွေး၊ အဆုတ်တီဘီလို ဝေဒနာရောဂါတွေကို ကုသဖို့ ပိုခက်လာနိုင်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ကြော့ပြန်တိုက်ပွဲကနေ ၁၀ နှစ်ကျော် စစ်ရှောင်နေခဲ့သူတွေလည်း နေရပ်ပြန်ပြီး အခြေချရန် အခက်တွေ့နေကြပါတယ်။ တစ်ကြော့ပြန် စစ်ရှောင်ဒုက္ခသည် ပြည်သူတွေအကြောင်း ပြောပြရမယ်ဆိုရင် ကချင်လွတ်လပ်ရေးတပ်မတော် စကစ ဗိုလ်ချုပ်ဦးနေဝင်းလက်ထက် ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ စကစတို့အကြား ၁၉၉၄ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ဟာ စကစဘက်က ကေအိုင်အေကို နယ်ခြားစောင့်တပ်အနေနဲ့ အသွင်းပြောင်းဖို့ ဖိအားပေးရာကစပြီး ပျက်စီးလာခဲ့တာ ဖြစ်ပါတယ်။…
Read More » -
Aug- 2024 -27 Augustသတင်း
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်မှာစစ်ရှောင် ၈ သောင်းကျော်ထပ်တိုးလာ
ကချင်ပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ရှောင်အရေအတွက် ၈ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဩဂုတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် KIA နဲ့ စစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲ စတင်လာချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀ ) ထိသာရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ ရက်အထိ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ( ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက် နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း စစ်ရှောင်ဦးရေ ရှစ်သောင်း လေးထောင် လေးရာ(၈၄၄၀၀)ထိတိုးလာတာကို တွေ့ရပါတယ်။ ကချင်မှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီအထိ ရွာလုံးကျွတ်စစ်ရှောင်ရတာမရှိခဲ့ပေမယ့် ဧပြီလ ၂၈ ရက်နောက်ပိုင်း ရွှေကူမြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲပြင်းထန်လာတာကြောင့် ရွာပေါင်း ၁၂ ရွာပြည်သူ တစ်သောင်းကျော် ပထမဆုံးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အဲဒိီနောက် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးအတွင်းတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၂၀ ထက်မနည်းတိမ်းရှောင်ခဲ့ကြသလို၊ မိုးမောက်၊ မံစီ၊ ဖားကန့်မြို့နယ်၊ပူတာအို နေရာဒေသအသီးသီးက ပြည်သူသောင်းနဲ့ချီထပ်ပြီး တိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ၃ နှစ်ကျော်ကာလကြာလာချိန်မှာ ကချင်ပြည်နယ်နေရာအနှံ့ စစ်ဘေးရှောင်သူတွေများနေတာလည်းဖြစ်ပါတယ်။ လက်ရှိ ဒီစစ်ရှောင်တွေထဲက နေရပ်ပြန်သူတစ်ချို့ရှိနေပမယ့် အများစုကတော့ နေရပ်ပြန်လို့မရသေးဘဲ မြစ်ကြီးနား၊လိုင်ဇာ၊မိုင်ဂျာယန်၊ ဂွေထုဘက်ကို အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလော ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်မှာ မန္တလေး–မြစ်ကြီးနားလမ်းလည်း ထပ်ပြီးသွားလာခွင့်ပါပိတ်ခံထားရတဲ့တွက် စစ်ဘေးရှောင်တွေဟာ အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာနေကြတာလည်းဖြစ်ပါတယ်။ “စစ်ရှောင်စခန်းတိုင်းမှာ သူတို့အတွက် နေစရာတွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေက လိုအပ်နေတယ် ပြီးတော့ ကျောင်းသားတွေအတွက် စာသင်မဲ့နေရာတွေ ဆရာတွေမလုံလောက်တာကိုတွေ့ရတယ် မိဘတွေကိုယ်တိုင်ကလည်း ထောက်ပံ့ပေးနိုင်ဖို့အခက်အခဲတွေရှိနေတာကိုတွေ့ရတယ်”လို့ KHRW(Kachin Human Right Watch )အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့ပ်(JACOP)က KNGကိုပြောပါတယ်။ လက်ရှိအချိန်မှာ ဆိုရင်လည်း မြန်မာနိုင်ငံဟာ တိုက်ပွဲဖြစ်ပွားတဲ့နယ်နိမိတ်ဧရိယာ ပိုမို ကျယ်ဝန်းလာပြီး ကမ္ဘာ့အဆင့် ၉ နေရာရောက်ရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့(ACLED)ရဲ့ ဩဂုတ်လ၆ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ခုလိုအခြေအနေတွေနဲ့ပက်သက်ပြီး အရပ်သားပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ အခက်အခဲတွေရှိနေနိုင်တယ်လို့ ရှေ့ပြေးအသံအဖွဲ့(Progressive Voice)ဥက္ကဌ ဒေါ်ခင်ဥမ္မာက သုံးသပ်ပြောဆိုပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေက သူတို့ကိုယ်သူတို့တက်နိုင်သမျှ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့သတင်းအချက်အလက် စနစ်တကျပြင်ဆင်ပေးဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှုလေးတွေ စီစဉ်ဖို့လိုပါမယ်။ လိုက်နာ ကျင့်သုံးရမယ့် မူ (Code of Conduct) တွေကို သေချာအကောင်အထည်ဖော်ဖို့လိုတယ် NUG၊ ERO ၊PDFဒီတပ်တွေမှာ ဦးဆောင်ကျတဲ့ သူတွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ ဝိုင်းဝန်းအားဖြည့်ပါဝင်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို သူတို့လက်ကမ်းကြိုဆိုသင့်တယ် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်သင့်တယ်”လို့ဆိုပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှုနဲ့ ပြည်တွင်းစစ်တွေကြောင့် အရပ်သားသေဆုံးမှုမှာလည်း ကမ္ဘာ့အဆင့် ၃ အထိ ရှိလာခဲ့ပြီး ကမ္ဘာ့ပဋိပခအညွှန်းကိန်း အဆင့်မှာလည်း ၂အထိရောက်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရပ်သားတွေအတွက် အန္တရာယ်အရှိဆုံးအဆင့် ၄ နေရာ ရပ်တည်နေတယ်လို့ ACLEDရဲ့ ထုတ်ပြန်ချက်အရ သိရပ်ပါတယ်။…
Read More »

