ဆေးဝါးပြတ်လပ်

  • Mar- 2026 -
    2 March
    သတင်း

    ဟုမ္မလင်းမှာ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်စပြုလာ 

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ လေကြောင်းလိုင်းအာားလုံးပိတ်ထားတာကြောင့် ဒေသတွင်း ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တစ်ချို့ပြတ်လပ်တာ စတင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်စပြီး မန္တလေး–မုံရွာ–ဟုမ္မလင်းလေကြောင်းလိုင်းကို အကြေင်းပြချက်မရှိပိတ်ချလိုက်တဲ့နောက် ဆေးဝါးပြတ်လပ်တာ၊တစ်ခြားကုန်စည်တွေပြတ်လပ်စပြုလာပြီး လက်ကျန်ရောင်းချတဲ့ကုပစ္စည်းတွေလည်း စျေးအဆမတန်မြင့်တက်လာတယ်လို့  ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်လိုင်းပိတ်တာ တစ်ပတ်ကျော် ခုဘာတွေဖြစ်နေလဲဆိုတော့ ဆေးခန်းတွေပိတ်ထားတယ် ဆေးမရှိလို့တဲ့၊နောက်ပြီး ပုံမှန်လေယာဥ်နဲ့တင်နေတဲ့ကွမ်းရွက်က အရင်တစ်ပိဿတစ်သောင်းကနေ အခု နှစ်သောင်းအထိခုန်တက်သွားတယ် ဆပ်ပြာ၊ ခေါက်ဆွဲခြောက်တို့တစ်ချို့ဆိုင်တွေမှာဝယ်မရတော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းလိုင်းပိတ်လိုက်တဲ့နောက် လက်ရှိဟုမ္မလင်းမြို့ပေါ်က အခမဲ့ဆေးခန်းတွေပိတ်ထားရပြီး ဖွင့်နေကျအပြင်ဆေးခန်းတွေမှာလည်းဆေးဝါးတွေ မစုံတော့ကြောင်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် ကြက်ဥ၊ကြက်သွန်နီ၊ကြက်သွန်ဖြူအစရှိတဲ့ အခြေခံစားသောက်ကုန်တွေလည်းပြတ်လပ်စပြုနေပြီလို့ သိရပါတယ်။ ဟုမ္မလင်းလေကြောင်းလိုင်းပိတ်တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တရားဝင်ပြောဆိုထုတ်ပြန်တာတွေမရှိသလို လေယာဉ်လက်မှတ်အရောင်းဌာနတွေကလည်း မသိရဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ စစ်ရေးအခြေအနေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ “ဘာကြောင့်ပိတ်တာလဲဆိုရင် စစ်ရေးကြောင့်ပဲနေမှာ ဟိုတလေ သုံးရက်လေးရက်ဆက်တိုက် ကလေးဘက်ကလာတဲ့လေယာဥ်တွေဟုမ္မလင်းလေဆိပ်မှာနားပြီးဒီကနေသွားသွားကျဲတာလေး ပဲနုတ်ဆွပ်နဲ့နောင်မော်ဘက်ကိုအဲ့နောက်ပိုင်းကနေပိတ်သွားတာပဲ”လို့ ဟုမ္မလင်းမြို့ ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း မုံရွာ–နမ့်တော–ဟုမ္မလင်းကားလမ်းပိုင်း စစ်ရေးအရသွားလာလို့မရတဲ့နောက်  မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကနေ ကုန်စက်စက်လှေတွေနဲ့သယ်ကြရတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် ကုန်စက်လှေတွေခရီးတစ်ခေါက်ကို ခြောက်လခန့်ကြန့်ကြာတာတဲ့အတွက် အခြေခံစားသောကုန်နဲ့လူသုံးကုန်တွေကိုလေကြောင်းကနေပဲသယ်ယူနေုကြတာဖြစ်တယ်လို့ ဒေသခံတွေဆိုပါတယ်။ By – Zaw Zaw

    Read More »
  • Jul- 2025 -
    2 July
    သတင်း

    ကချင်မှာ ငှက်ဖျားဖြစ်သူများပြီး ဆေးပြတ်လပ်မှုကြုံနေရ

    ကချင်ပြည်နယ်မှာ ငှက်ဖျားဖြစ်သူတွေများနေပြီး ဆေးပြတ်လပ်မှုတွေကြုံနေတာ ၂ နှစ်ဆက်တိုက်ရှိလာပြီလို့ ကချင်ပြည်နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့ ၂၀၂၃ ခုနှစ်အထိ ကချင်မှာ ငှက်ဖျားဆေးတွေကိုအခမဲ့ရယူနိုင်တဲ့ အဖွဲ့အစည်းတွေရှိသလို အိမ်တိုင်းလိုလိုမှာလည်း ပိုးလောက်လန်းကင်းစင်တဲ့ဆေးအိတ်အပြင် ခြင်ဆေးလိုက်ဖြန်းတဲ့သူတွေရှိပေမယ့် ခုနောက်ပိုင်း ခြင်ဆေးဖြန်းပေးတာမရှိသလို ငှက်ဖျားဆေး ပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ ကချင်ပြည်နယ် ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာလည်း…

    Read More »
  • Feb- 2025 -
    26 February
    သတင်း

    ပူတာအို ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်လို့ ဆေးကုစရိတ် အကုန်ကျ များနေ

    ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်တောက်သွားသောကြောင့် အပြင်ဆေးဆိုင်တွေကို အားကိုးနေရပြီး ဆေးကုစရိတ်အကုန်အကျ များနေတယ်လို့ သိရပါတယ်။ ဆေးလာကုတဲ့ လူနာတွေအနေနဲ့ အပြင်ဆေးဆိုင်တွေမှာ ဝယ်ယူနေရလို့ ဆေးကုစရိတ်တွေအကုန်အကျ များနေတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုလာပါတယ်။ “သူတို့ပဲ လုပ်စားနေကြတာလား တကယ်ပဲဆေးဝါးတွေ မချပေးတော့ တာလားမသိဘူး။ ဟိုနေ့က နေမကောင်းလို့…

    Read More »
  • Dec- 2024 -
    2 December
    သတင်း

    နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတဲ့အတွက် ပြည်သူတွေဆေးကုသရေးအခက်ကြုံနေ

    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတာကြောင့် ပြည်သူတွေဆေးဝယ်ယူသုံးစွဲဖို့နဲ့ ကုသဖို့အခက်ကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။ နောင်မွန်မြို့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး စစ်ကောင်စီက ဆေးဝါးချပေးခြင်းမရှိတော့တဲ့အတွက် ဆေးရုံမှာဆေးဝါးပြတ်လပ်နေတဲ့အပြင် အပြင်ဆေးဆိုင်တွေမှာလည်း ဆေးဝါးအများပိုင်းပြတ်လပ်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ဆေးရုံကြီးမှာဆေးက မချပေးတော့တာလို့ပြောတယ် ဘာဆေးမှကိုမရှိတာ ဖျားလို့နားလို့ဆေးဝါးရှာမရနေတာ လေး၊ငါးလလောက်ရှိပြီ ပါရာစိမ်းတောင်မရှိတဲ့အနေအခြေဖြစ်နေတာ ၊ ချောင်းဆိုးလို့ သွားပြတာဖြစ်ဖြစ် ဆေးကအပြင်မှာပဲဝယ်ရတယ် သူတို့က ရောဂါရှာပေးတာသက်သက်လိုပဲ ဖြစ်နေတယ် ခက်တာက အပြင်မှာလည်းဆေးကမရှိဘူးရှားတယ်” လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လတ်တလော နောင်မွန်မြို့မှာ အိမ်သုံးဆေးနှင့် နာတာရှည်ရောဂါသည်များအတွက် ဆေးဝါးများ၊ ဆီးချိုဝေဒနာရှင်များသုံးတဲ့ အင်ဆူလင်ထိုးဆေးအပါအဝင်၊ ကျောက်ကပ်ဝေဒနာရှင်တွေသုံးတဲ့ ဆေးဝါးများလည်း ရှားပါးပြတ်လပ်နေသလို လက်ကျန်ဆေးများမှာလည်း ဆေးအမျိုးအစား ပေါ်မူတည်ပြီး စျေးအဆမတန်မြင့်တက်လာကြောင်း ဆေးဝါးသုံးစွဲသူများနှင့် ဆေးအရောင်းဆိုင်များမှ သိရပါတယ်။ “လောလောဆယ် အပြင်မှာပဲ ပါရာစိမ်းတစ်ကဒ်ကိုသုံးလေးထောင်ပေးဝယ်ရတယ်  ကျန်တဲ့ဆေးဆိုတော့နော် စျေးတအားကြီးတယ် အဲ့ကြောင့်တချို့ဆို ဆေးမြီးတိုတွေနဲ့ကုနေကြတယ် ဆေးမဝယ်စားနိုင်လို့ တော်တော်လေးခက်ခဲကြတယ်”လို့ ပြောပါတယ်။ နိုဝင်ဘာ လကုန်ပိုင်းအထိ နောင်မွန်မြို့တွင်း ပါရာစိမ်းတစ်ကဒ်ကို ယခင်စျေး ကျပ် ၁၀၀၀ (တစ်ထောင်) ယခု ကျပ် ၃၀၀၀ (သုံးထောင်) ၊ ဘိုင်အိုဂျစ်ဆစ် တလုံး ယခင်က ၂၀၀ (တစ်ရာ) ကျပ်မှ ယခု ၅၀၀ (ငါးရာ) ကျပ်၊ ဒီကိုဂျင် တလုံး ၂၅၀ (နှစ်ရာ့ငါးဆယ်) ကျပ်မှ ၅၅၀ (ငါးရာငါ့ဆယ်) ကျပ်၊ အန်နာဘွန်စီတလုံးလျှင် ၅၀၀ (ငါးရာ) ကျပ်မှ ၁၈၀၀ (တစ်ထောင့်ရှစ်ရာ) ကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။  မြန်မာပြည်အထက်ပိုင်း ကချင်ပြည််နယ်ထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းကနေစပြီး ကုန်းကြောင်းနဲ့ဆေးဝါးတင်သွင်းခွင့်ကို စစ်ကိုင်းတိုင်းထဲကနေ တင်းကြပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကချင်ပြည်နယ်မှာ အသုံးပြုနေတဲ့ဆေးဝါးတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ လေကြောင်းနဲ့တင်သွင်းနေတာဖြစ်လို့ လမ်းပမ်းဆက်သွယ်ရေးခက်တဲ့ နောင်မွန်မြို့မှာ– ပူတာအို– မြစ်ကြီးနားကနေအဆင့်ဆင့်သယ်ယူနေရာတာကြောင့် အခုလိုဆေးဝါးပြတ်လပ်လာတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဆေးဝါး ၈၅ ရာခိုင်နှုန်းကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေကလည်း အဓိကတင်သွင်းပြီး ကျန် ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာထုတ်လုပ်တာဖြစ်တယ်လို့  မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ သို့သော် စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်အတွင်း ဆေးဝါးတင်သွင်းခွင့် ပိုကန့်သတ်လာတာကြောင့် ဆေးဝါးရှားပါးမှု၊ပြတ်လပ်မှုဟာ ပိုမိုဆိုးရွားလာနေတာလည်း ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
Back to top button