ဒရုန်းဗုံး
-
Nov- 2025 -26 Novemberသတင်း
စစ်တပ်ရဲ့ ဒရုန်းဗုံးကြောင့် ဆားမှော်ဒေသခံတစ်ချို့စပါးရိတ်သိမ်းဖို့အခက်တွေ့နေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ဒေသခံတောင်သူတစ်ချို့စပါးစိုက်ပျိုးထားတဲ့ တောင်ခြေဘက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲနေတာကြောင့် စပါးရိတ်သိမ်းဖို့အတွက် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆားမှော်ကျေးရွာရဲ့ အရှေ့ဘက် ၃ မိုင်ခန့်ကွာဝေးတဲ့ လွယ်ပွတ်(Loi Put)၊ ဆွတ်ညဥ်( Sut Nyen)၊ လွယ်တောင်မ်( Loi Tawm) စတဲ့ တောင်ခြေတွေမှာ စစ်တပ်က နိုဝင်ဘာလ ဒုတိအပတ်ကစပြီး ဒရုန်းဗုံးကြဲတာတွေလုပ်နေတယ်လို့ သိရပါတယ်။ “စပါးရိတ်သွားမယ်သူတွေလည်း အဲဖက်မသွားရဲတော့ဘူး စပါးရိတ်ဖို့အတွက် လူခေါ်ရင်တောင် မသွားရဲကြတော့ဘူး။ စပါးရိတ်စက်နဲ့လူတွေလည်း မသွားရဲဘူး ဖြစ်နေကြပြီး လယ်လုပ်တဲ့သူတွေ အရမ်းကို ခက်နေတယ်”လို့ ဆားမှော်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ စစ်တပ်ဒရုန်းဗုံးကြဲနေတဲ့ အဲဒီတောင်ခြေဘက် ဆားမှော်ဒေသခံပြည်သူအိမ်ခြေ ၃၀ ဝန်းကျင်ရဲ့စပါးစိုက်ပျိုးထားတယ်လို့ သိရပြီး အိမ်ခြေတစ်အိမ်ကို စပါး ၁၀ ဧကခန့်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဆားမှော်ဒေသခံတွေဟာ…
Read More »
