နာဂကိုယ်ပိုင်

  • Jan- 2026 -
    12 January
    သတင်း

    NSCN-K ယုန်းအောင်အဖွဲ့တိုက်ခိုက်ခံရပြီး စခန်းတစ်ခုလက်လွှတ်လိုက်ရဟုဆို 

    စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့ တကားကျေးရွာဘက်ကို NSCN-K အန်းမိုင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ဒေသခံများထံမှသိရပါတယ်။ စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K အန်းမိုင်း(NSCN-Kမှခွဲထွက်အဖွဲ့ )တပ်ဖွဲ့ဟာ ဇန်နဝါရီလ ၁၂ ရက်…

    Read More »
  • Sep- 2025 -
    30 September
    သတင်း

    ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် လဟယ်မြို့နယ်အတွင်း စာသင်ကျောင်းအချို့ မဖွင့်နိုင်သေး

    စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်ထဲမှာ စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။ လဟယ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ရွာနီးပါးမှာ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဆရာ/မ တွေ မချပေးတာကြောင့်စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးပညာရေးသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း လဟယ်မြို့ခံ အသက်…

    Read More »
  • Apr- 2024 -
    15 April
    သတင်း

    စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် နန်းယွန်းမြို့နယ်မှာ ရာထူးကနေနုတ်ထွက်တဲ့အုပ်ချုပ်ရေးမှူးများလာ

    ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်က စစ်မှုထမ်းဥပေဒထုတ်ပြန်လိုက်တဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာထူးကနေနုတ်ထွက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးစာရေးတွေများလာတယ်လို့ နန်းယွန်းဒေသခံတွေကနေ သိရပါတယ်။ နန်းယွန်းမြို့ပေါ်  ရပ်ကွက် ၄ ခုက အုပ်ချုပ်ရေးမှူးတွေနဲ့မြို့နဲ့နီးတဲ့ကျေးရွာတွေထဲက အုပ်ချုပ်ရေးမှူးတွေအပါအဝင် ရပ်ကျေးစာရေးအများပိုင်း ကျန်းမာရေးအကြောင်းပြပြီးနုတ်ထွက်စာတင်ပြီး ရာထူးကနေနုတ်ထွက်သွားကြတယ်လို့နန်းယွန်းမြို့နယ်ထွေအုပ်ရုံးနဲ့နီးစပ်တဲ့အမျိူးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့နုတ်ထွက်တာမကြာသေးဘူး အခုစစ်မှုထမ်းဥဒေထုတ်ပြန်ပြီးနောက်ပဲ နုတ်ထွက်သွားကြတာ။ ဒီမြို့ပေါ်လေးရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးတွေရယ် ကြိုင်ရိုင်ရွာထဲအုပ်ကြီးရယ် ပြီးတော့ကျေးရွာလည်းပါတယ်အများပိုင်းတော့ကျန်းမာရေးအကြောင်းပြပြီးနုတ်ထွက်စာတင်သွားကြတယ်”လို့ ပြောပါတယ်။ လက်ရှိနုတ်ထွက်သွားကြတဲ့သူတွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက်၊ယူးဝ…

    Read More »
Back to top button