#ပြည်သူ့စစ်

  • Feb- 2026 -
    12 February
    သတင်း

    လက်လွတ်လိုက်ရတဲ့ ပြည်သူ့စစ်ဂိတ်နေရာတွေပြန်ရဖို့ ခလရ ၅၈ တပ်ရင်းနဲ့ နီးကပ်လာတဲ့အထိ တိုက်ပွဲဖြစ်နေ

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးက ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တဲ့ နေရာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေ ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြားရှိ ပြည်သူ့စစ်ဂိတ်နှစ်ခုကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ KIA တပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦး…

    Read More »
  • Jan- 2026 -
    2 January
    သတင်း

    စစ်တပ်ရဲ့ သွေးကွဲစေမည့် တိုက်ခိုက်မှုများကို သတိပြုဖို့ KIO ဥက္ကဌက နှစ်သစ်မိန့်ခွန်းမှာ ပြောဆို

    အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စည်းလုံးပြီး အင်အားကြီးထွားလာမှာကို စိုးရိမ်နေတဲ့အတွက် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အုပ်စွဲကွဲသွားအောင် ပြည်သူ့စစ်၊ BGF ခေါင်းစဉ်အမျိုးမျိုးနဲ့လက်နက်တပ်ဆင်ပေးကာ တိုက်ခိုက်နေတာကို ပြည်သူတွေသတိထားဖို့ KIO ဥက္ကဌ က ပြောပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့ကြား၊ လူမျိုးအချင်းချင်းကြား အုပ်စုကွဲသွားအောင် ပြည်သူ့စစ်၊…

    Read More »
  • Dec- 2025 -
    5 December
    သတင်း

    ပူတာအိုမြို့အထွက် ပြည်သူ့စစ်ဂိတ်ကို အချိန်ကန့်သတ်နဲ့ဖွင့်ပေးနေတာကြောင့် ဒေသခံတွေအခက်တွေ့

    ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်က ပူတာအို – နောင်မွန် – ခေါင်လန်ဖူးလမ်းဆုံမှာထိုင်ထားတဲ့ ပြည့်စစ်ဂိတ်မှာ ည ၉ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုထားတဲ့အတွက် မြို့ခံပြည်သူများ လမ်းသွားလမ်းလာအခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။ “ဂိတ်ကမြို့ပြင်ဘက်ကျပေမယ့် ဟိုဘက်ကမှာ လူနေအိမ်တွေအများကြီးရှိတယ် ဟိုဘက်ရပ်ကွက်ဒီဘက်ရပ်ကွက်သွားသွားလာလာအခက်အခဲတော့ဖြစ်တာပေါ့။ ည ၉ နာရီဆိုရင် ဂိတ်ပိတ်တယ်။ မနက်လည်း ၅ နာရီနောက်ပိုင်းမှာဖွင့်တယ် တစ်ခါတလေ စစ်ဆေးမေးမြန်းတာမျိုးလည်းလုပ်တယ်”လို့ ပူတာအိုမြို့ခံအသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အဲဒီပြည်သူ့စစ်ဂိတ်မှာ ပူတာအိုကနေ နောင်မွန်၊ခေါင်လန်ဖူး၊မချမ်းဘော့ဘက်တက်တဲ့ ကုန်ကားတွေနဲ့ ရွှေမှော်တက်သွားတဲ့ဆီကား၊ဆန်ကား၊သုံးဘီးကားတွေကအစ အခွန်ကောက်နေတာလို့သိရပါတယ်။ “မချမ်းဘော့ ဘက်ကရွှေမှော်တွေဘက်သွားတဲ့ ဆန်ကား၊ဆီကားတွေဆီကနေကောက်တယ်ပြီးနောက်ခေါင်လန်ဖူးနောင်မွန်ဘက်တက်တဲ့ကားတွေဆီကနေလည်းကောက်တယ် ကားတစ်စီးကို တင်တဲ့ကုန်ပေါ်မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိတော့ကောက်တယ်ပြောတယ်”သုံးဘီးပါမကျန်ဘူး အားလုံးကောက်တယ်”လို့ အထက်ဖော်ပြပါပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ ပူတာအိုမြို့အထွက်မှာတန်ဂူးတန်ပြည်သူ့စစ်ဂိတ်ထိုင်ထားသလို ပူတာအိုမြို့အဝင်ဘက်မှာလည်း စစ်ကောင်စီတပ်က မူလာရှီးဒီးမှာ ဂိတ်ထိုင်ထားပြီးအခွန်ကောက်တာ၊ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့သိရပါတယ်။ ပူတာအိုမြို့အထွက် တန်ဂူးတန်ပြည်သူ့စစ်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစထိုင်တာဖြစ်ပြီး ပူတာအိုမြို့ပေါ်က ပြည်သူ့စစ်ရဲ့တစ်ခုတည်းသောဂိတ်ဖြစ်ပါတယ်။ ပူတာအိုမြို့နယ်မှာအဓိကအားဖြင့် ရှမ်း၊ဂျိန်းဖော့၊ရဝမ်၊လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် မိုင်အရှည် ၂၀၇ မိုင်ခန့်အကွာမှာရှိတဲ့ မြို့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2025 -
    13 November
    သတင်း

    လက်နက်နဲ့ အတူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး KIA ပူးပေါင်းတပ်ဆီဘက်ပြောင်းလာ

    စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး KIA ပူးပေါင်းတပ်ဆီ လက်နက် ၂ လက်နက်နဲ့အတူ ဘက်ပြောင်းလာတယ်လို့ တော်လှန်ရေးအင်အားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ဖားကန့်မြို့နယ် ဆန်းကြွယ်ရွာမှာအထိုင်ချထားတဲ့ တပ်ရင်း ခမရ ၃၈၅ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးဟာ ပြီးခဲ့တဲ့…

    Read More »
  • Oct- 2025 -
    7 October
    သတင်း

    ပူတာအိုမှာ လန်ဆယ်ထိုးစစ်ထောက်ခံကြောင်းနဲ့ KIA အလိုမရှ်ိကြောင်း လူတစ်စုဆန္ဒထုတ်ဖော်

    စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေက လက်ရှိဆင်နွှဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်းနဲ့ ပူတာအိုဒေသမှာ KIA၊KPDF တွေအလိုမရှိကြောင်း လူတစ်စုက ဒီကနေ့ပူတာအိမြို့ပေါ်မှာဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းကနေစတင်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်၊တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဆင်နွဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်း၊ ရဝမ်လူမျိုးစုရဲ့ဘိုးဘွားပိုင်မြေဖြစ်တဲ့လန်ဆယ်ဒေသမှာKIA ထိန်းချုပ်မှုအလိုမရှိကြောင်း၊ပူတာအို၊ခေါင်လန်ဖူးဒေသတွေမှာ KIA၊KPDF အဖွဲ့တွေအလိုမရှိကြောင်းစတဲ့ကြွေးကြော်သံတွေနဲ့…

    Read More »
  • 4 October
    သတင်း

    စစ်တပ်နဲ့ လက်တွဲပြီး KIA နဲ့ PDF များကို ချေမှုန်းသွားမယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ပြော

    စစ်တပ်အာဏာတည်မြဲအောင် KIA အပါအဝင် PDF များကို ချေမှုန်းသွားမှာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်က ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာ ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ အမျိုးသားစစ်သည် တပ်သားသစ်သင်တန်း အမှတ်စဉ် (၈) နဲ့ အမျိုးသမီးအခြေခံ အမှတ်စဉ် (၂) စစ်သင်တန်းဆင်းပွဲမှာ ဝါရာဇွပ်ပြည်သူ့စစ် ခေါင်းဆောင် မင်းဇေသန့်က မိန့်ခွန်းပြောဆိုခဲ့တာ…

    Read More »
  • Sep- 2025 -
    22 September
    သတင်း

    လန်ဆယ်နဲ့ခေါင်လန်ဖူးကြားတိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါတိုက်ခိုက်နေ

    ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ ခေါင်လန်းဖူးမြို့နယ်နဲ့ လန်ဆယ်မြို့ကို သွားတဲ့လမ်းပိုင်းရှိ လာဟီဆင်စခန်းဘက်ကို ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်က စက်တင်ဘာ ၁၉ ရက်နေ့…

    Read More »
  • 11 September
    သတင်း

    ခေါင်လန်ဖူး‌ဒေသမှာ ပြည်သူ့စစ်တပ်က စစ်လက်နက်ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကိုအတင်းအဓ္ဓမစေခိုင်းနေ

    ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခေါင်လန်ဖူးဒေသတစ်လျှောက်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ၎င်းတို့ရဲ့ လက်နက်၊ခဲယမ်းအပါအဝင် ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကို အတင်းအဓ္ဓမ အထမ်းထမ်းခိုင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ လန်ဆယ်ကိုပြန်သိမ်းဖို့လို့ဆိုကာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ခေါင်လန်ဖူးဒေသတွင်းနေထိုင်တဲ့ ဒေသခံပြည်သူတွေကို ဒီလဆန်းပိုင်းကစပြီး ခေါ်ယူနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။…

    Read More »
  • 9 September
    သတင်း

    ရှိန်းခေါင်မှာ ပြည်သူ့စစ်တပ်က ဒေသတွင်း ကုန်အဝင်အထွက်ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ပြည်သူတွေအခက်တွေ့

    ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝေးလံ‌ခေါင်ဖျားတဲ့ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာမှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ကုန်အဝင်အထွက် ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ဒေသခံ‌ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းနေတယ်လို့ သိရပါတယ်။ လက်ရှိ ရှိန်းခေါင်ရွာကို အုပ်ချုပ်‌နေတဲ့ တန်န်ဂူးတန်ပြည်သူ့စစ်တပ်တွေက ဒေသတွင်းဈေးသည်တွေအပါအဝင် သာမန်အရပ်သားပြည်သူတွေကို တရုတ်နယ်စပ်ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့အတွက် ဒေသခံတွေဟာ…

    Read More »
  • Aug- 2025 -
    13 August
    သတင်း

    နန့်မွန်းနဲ့ မိုင်းနောင်မှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်မွန်းမြို့နဲ့ မိုင်းနောင်ကျေးရွာမှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံနဲ့ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးဒေသထဲက တစ်အိမ်တစ်ယောက်မဖြစ်မနေပြည်သူ့စစ်ထဲဝင်ရောက်ခိုင်းပြီး ဖမ်းဆီးစုဆောင်းထားတဲ့တပ်သားသစ်တွေကို နန့်မွန်းမြို့နဲ့မိုင်းနောင်ကျေးရွာမှာ သင်တန်းပေးနေတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက…

    Read More »
Back to top button