#ပြည်သူ့စစ်

  • Nov- 2023 -
    7 November
    သတင်း

    သတ်မှတ်ချိန်အတွင်း အမည်စာရင်းလာမပေးရင် နေအိမ်အထိ တပ်သားစုဆောင်သွားမယ်လို့  ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းပြော

    ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိစာရင်းသွင်းတာမရှိရင် နေအိမ်အထိလာရောက်စုဆောင်းသွားမှာဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကပြောပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဟာ အောက်တိုဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့စစ်လုပ်ဖို့ တပ်သားအသစ်စုဆောင်းမယ့်အကြောင်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ထားပြီး နိုဝင်ဘာလ ၉ ရက်ကနေ ၂၂ ရက်နေ့စာရင်းလာသွင်းကြဖို့ ဖော်ပြထားပါတယ်။…

    Read More »
  • 7 November
    သတင်း

    ပူတာအိုဒေသ ပြည်သူ့စစ် ဖွဲ့စည်းမှုမှာပါဝင်သူတချို့ကို KIA ဖမ်းဆီးထား

    ပူတာအိုမြို့နယ်၊ လုံရှာယန်နဲ့ ဖတ်မာကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ ဦးရွှေမင်း ပြည်သူ့စစ် ဖွဲ့စည်းရန်အတွက် လိုက်လံစည်းရုံးပေးနေတဲ့ ဒေသခံတစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ကျေးရွာ ၂ ရွာက ဖမ်းဆီးခံရတဲ့သူ ၇ ဦးအထိရှိနေကြောင်း လုံရှာယန် ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ပြည်သူ့စစ်ဖွဲ့ဖို့ စည်းရုံးရေးလုပ်ပေးတယ်လို့ ဆိုပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေရှိတယ်။ ဖတ်မာနဲ့…

    Read More »
  • Oct- 2023 -
    25 October
    သတင်း

    စစ်ကောင်စီက ဖွဲ့စည်းပေးတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ မပါဝင်ကြဖို့ KIO ဥက္ကဋ္ဌ ပြောဆို

    ကချင်ပြည်နယ်မှာ စစ်ကောင်စီက ဖွဲ့စည်းနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ ပြည်သူတွေ မပါဝင်ကြဖို့ ယနေ့ ကျရောက်တဲ့ ၆၃ နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နေ့မှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောဆိုလိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အထဲမှာရှိတဲ့ ကျေးရွာ ဒေသအလိုက် နေရာအသီးသီးမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ၎င်းတို့ထောက်တိုင်အဖြစ် အသုံးပြုဖို့ရန်အတွက် ဒေသခံတွေကို ပြည်သူ့စစ်အဖွဲ့အဖြစ် အတင်းအဓမ္မ…

    Read More »
  • 2 October
    သတင်း

    ရှဒူးဇွပ် ကနွယ်တူ KIA တပ်စခန်း တိုက်ခိုက်ခံရ

    တနိုင်းလီဒိုလမ်းမ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ၊ ချောင်းဆုံမှော်အနီး ကနွယ်တူ KIA တပ်စခန်းတစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဒီမနက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA စစ်သား ၈ ယောက်လောက် နေထိုင်တဲ့ ကနွယ်တူတပ်စခန်းကို ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ပြည်သူ့စစ်အဖွဲ့တွေလာတိုက်တာမှန်ပါတယ်။ အရမ်းကြီးထိခိုက်တာမျိုးတော့မရှိပါဘူး။ အဲ့မှာက နဂိုထဲကနေ စစ်သားအင်အားတွေလည်း…

    Read More »
  • Sep- 2023 -
    27 September
    သတင်း

    ပြည်သူ့စစ်အဖွဲ့ ဖမ်းသွားတဲ့ ကချင်လူငယ်တစ်ဦး မပခ ပို့ခံရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရွှေမင်းပြည်သူ့စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်လူငယ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ကိုပို့လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖမ်းဆီးခံရသူမှာ အသက် ၂၃ ဝန်းကျင် လမြန်ကျေးရွာက ဘာလမ်ဟောင်းဇောင်းဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့ ဝူယန်ဂိတ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတဲ့ချိန် ဖုန်းမှာ KIA ယူနီဖောင်းဝတ်ထားတဲ့ ဓါတ်ပုံတစ်ပုံကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။…

    Read More »
  • 20 September
    သတင်း

    ရွာခန်းမဆောင်မှာတပ်စွဲနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့များ ဒရုန်းနဲ့တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ ရွာခန်းမဆောင်မှာ လာရောက်တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF အဖွဲ့က ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကားမိုင်းဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၅၀ လောက်ရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းကနေ ကောင်ရာရပ်ကွက်…

    Read More »
  • Jul- 2023 -
    24 July
    သတင်း

    ဝိုင်းမော်မှာ ရှမ်း လူငယ် ၃ ယောက် ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုခံရ၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိ

    ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာနားမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ ဂိတ်နေရာမှာ ဖြတ်ကျော်လာတဲ့  ရှမ်းလူငယ် ၃ ဦးကို သေနတ်ပစ်ခတ်လိုက်တဲ့အတွက် လူငယ်တစ်ဦး ပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်လောက်မှာ…

    Read More »
  • 8 July
    တိုက်ပွဲ

    ရှဒူးဇွပ်တိုက်ပွဲတွင် KIA ဘက်မှ ၃ ဦး ၊ ပြည်သူ့စစ်ဘက်မှ ၅ ဦး၊ ပြည်သူ ၁ ဦး သေဆုံး

    တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မင်ဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြား ယနေ့ နံနက်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ ယနေ့ နံနက် နာရီမှ ၈ နာရီကျော်အထိ စုစုပေါင်း ၅ နာရီကြာဖြစ်ပွားခဲ့သောတိုက်ပွဲတွင် KIA ဘက်က ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “အခုသိရသလောက်က KIA ဘက်က…

    Read More »
  • May- 2023 -
    22 May
    သတင်း

    ဆဒုံးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ် နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွား

    ကချင်ပြည်နယ် ဆဒုံးမြို့အဝင် ရေတံခွန်အနီးတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဆဒုံးမြို့အဝင် ရေတံခွန်ဘက်သို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များ…

    Read More »
  • 9 May
    သတင်း

    ဆဒုံးမြို့အဝင် အခွန်ဂိတ်ကို စစ်ကောင်စီပူးပေါင်းတပ်ပစ်ခတ်သဖြင့် အရပ်သား ၃ ဦးပွဲချင်းပြီးသေဆုံး

    ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင် ရေတံခွန်အနီးရှိ အခွန်ဂိတ်တစ်ခုကို စစ်ကောင်စီတပ် နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ်မှ ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောသည်။ မေလ ၈ ရက်နေ့ ညနေ…

    Read More »
Back to top button