မြစ်ကြီးနားမြို့

  • Nov- 2025 -
    6 November
    သတင်း

    မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ် ၂ ခုထဲက ပထမဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင် ကျွန်းပင်သာရပ်ကွက်မှာ ငှားရမ်းနေထိုင်ကြတဲ့ လင်မယားအပြန်အလှန်စကားများ ရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့တယ်လို့ သိရပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသမီးကတော့ လက်၊ ခြေထောက်နဲ့ နဖူးတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓားထိုးခဲ့တဲ့ အမျိုးသားဖြစ်သူကိုတော့ တာဝန်ရှိသူတွေကနေပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖြစ်ချင်တော့ အဲအမျိုးသမီးရဲ့ သမီးကို ထိုးတာလို့ပြောတယ်။ အဲလိုမျိုးထိုးတာကို အဲအမျိုးသမီးက ကာပေးလို့ သူဘဲအထိုးခံလိုက်ရတာပါ။ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့”ဆိုပါတယ်။ ဒုတိယဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၄ ရက်နေ့ည  ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်ရပ်ကွက်၊ လမ်းသွယ် ၇ ဖြစ်ပွားခဲ့တာဖြစ်ပြီး  အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးကို အိမ်တန်းလျားတစ်ခုတည်းမှာ အတူငှားနေတဲ့ တစ်ခြားအမျိုးသားတစ်ဦးကနေပြီးတော့ ဝမ်းဗိုက်ကို  ဓားနဲ့ ထိုးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသားကိုတော့ ဧရာဝတီ လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ ဆေးရုံကို အချိန်ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိတော့ဘူးလို့ သိရှိရပေမယ့်လည်း ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲတဲ့လတွေတုန်းကလည်း မောင်နှမချင်း၊ သားအဖချင်း၊ သူငယ်ချင်း အချင်းချင်း ဓားခုတ် ဓားထိုးမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တာ ဖြစ်ပါတယ်။ KNGကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်ဒေသာတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က  ရမ်ပူရပ်ကွက် နယ်မြေ (၁၃) နေအိမ်တစ်အိမ်မှာ မောင်နှမချင်း စကားများရန်ဖြစ်ရာ မောင်ဖြစ်သူက အစ်မဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။…

    Read More »
  • Oct- 2025 -
    10 October
    သတင်း

    ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးပိုတင်းကြပ်လာ

    လာမယ့် ဒီဇင်ဘာလကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနီးလာချိန် စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးတိုးမြင့်ပြီး ဖမ်းဆီးစစ်ဆေးမှုပိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၃၃ ရပ်ကွက်ရှိတဲ့ထဲက မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ ရွှေစက်အုပ်ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ရုံးဝင်းအတွင်း သဲအ်ိတ်တွေနဲ့ကာထားတဲ့အပြင် အရပ်ဝတ်နဲ့သေနတ်ကိုင်ထားတဲ့သူတွေကိုလည်း ပုံမှန်မြင်တွေ့လာရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီရွှေစက်အုပ်ချုပ်ရေးရုံးမှာဆိုရင် အရင်ကမရှိဘူး ခုက သဲအိတ်တွေနဲ့ဖြစ်လာပြီ။ ပြီးတော့ အရင်ကမမြင်ဖူး၊မတွေ့ဖူးတဲ့သူတွေလည်း သေနတ်တကားကားနဲ့ပုံမှန်စောင့်နေတာရှိတယ်။ တစ်ခါတစ်လေရုံးရှေ့နားထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်တာတွေရှိတယ်။ အဓိကတော့ ရုံးထဲမှာအရင်ကနဲ့မတူတဲ့ပုံစံတွေမြင်တွေ့လာရတယ်။ အမှန်ဆိုဒီရွှေစက်ရပ်ကွက်က မြို့တွင်းရပ်ကွက်လို့ပြောလို့ရပါသေးတယ် ဒီလိုရပ်ကွက်ရုံးတွေမှာ သေနတ်ကြီးတကားကားနဲ့မဖြစ်သင့်ဘူးလို့မြင်တယ်”လို့ ပြောပါတယ်။ ခုလိုရွှေစက်ရပ်ကွပ် အုပ်ချုပ်ရေးရုံးမှာ သိသိသာသာလုံခြုံရေးတိုးမြင့်လာသလို ည (၈) နောက်ပိုင်းဆို ရုံးရှေ့ထွက်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို မှတ်ပုံတင်စစ်တာ၊ဆိုင်ကယ်၊ကားတွေကို စစ်ဆေးတာပုံမှန်လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ရွှေစက်ရပ်ကွက်နေပြည်သူတွေသုံးသပ်ချက်အရ အုပ်ချုပ်ရေးရုံးအတွင်း ခုလိုလုံခြုံရေးတင်းကြပ်လာတာဟာ ရွေးကောက်ပွဲနီးလာတဲ့အတွက် အုပ်ချုပ်ရေးရုံးအဖွဲ့တွေကို လုံခြုံရေးယူပေးတာဖြစ်နိုင်သလို မြို့အဝင်အထွက် စီစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးရုံးအတွင်း လုံခြုံရေးပေးနေသူတွေဟာ ရွှေစက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေမဟုတ်ပဲ ပြည်သူ့စစ်အဖွဲ့ဝင် (ဒါမှမဟုတ်) ပျူစောထီးတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ အလားတူ မြို့အဝင်ရပ်ကွက်တွေဖြစ်တဲ့ မော်ဖောင်းရပ်ကွက်ရုံးနဲ့ ဧရာဝတီမြစ်ကမ်းဘေး ကြက်ပေါင်ခြံရပ်ကွက်တွေမှလည်း ခုနောက်ပိုင်း လုံခြုံရေးတင်းကြပ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မြို့အဝင်အထွက် ဂိတွေအပြင် မြို့တွင်း ကား၊ဆိုင်ကယ် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးစစ်ဆေးရုံသာမက မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လုံခြုံရေးတိုးမြင့်လာတဲ့အပေါ် မြစ်ကြီးနားမြို့တွင်းနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ခုလိုသုံးသပ်ထားပါတယ်။ “ခုကရွေးကောက်ပွဲလုပ်ဖို့ရာနီးလာတော့ တစ်နေ့ထက်တစ်နေ့လုံခြုံရေးက ပိုတင်းကြပ်လာမှာပဲ။ ဒီထက်တောင်ဆိုးလာနိုင်တယ် ဘာလို့လဲဆိုရင် ရွေးကောက်ပွဲအတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက အဓိကအခန်းကဏ္ဍမှာပါဝင်တယ်။ မဲစာရင်းထုတ်ပြန်တာတို့၊ လူဦးစာရင်းပြုစုပေးတာတို့က ရပ်ကွက်ရုံးတွေလုပ်တာကိုး ဒါကြောင့် ကျနော့်အမြင်ကတော့ ရွေးကောက်ပွဲနီးလာလေ ပိုဆိုးလာနိုင်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ မဲမသာမှုအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ရွှေးကောက်ပွဲမတိုင်ခင် ၃ လအတွင်း ကချင်ဒေသတွင်းလက်လွှတ်လိုက်ရတဲ့ နေရာတွေကိုပြန်ရဖို့ စစ်ရေးအရ ထိုးစစ်ဆင်တာ သိသိသာသာလုပ်ဆောင်နေသလို တစ်ဖက်မှာလည်း မြို့တော်မြစ်ကြီးနားမြို့တွင်း အရပ်သားဖမ်းဆီးစစ်ဆေးတာ၊ ဗလမင်းထင်တံတားမှာ စစ်ဆေးရေးတင်းကြပ်တာအပြင် စက်တင်ဘာလနှောင်းပိုင်းကစပြီး ရပ်ကွက်အုပ်ချုပ်ရေးတစ်ချို့လုံခြုံရေးတိုးမြင့်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွင်းရပ်ကွက်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့၊ရဲတွေဟာ အိမ်စီးကားနဲ့ ရပ်ကွက်ချင်းစပ်နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ခုလိုဖမ်းဆီးစစ်ဆေးချိန် အင်တာနက်လိုင်းဖြတ်တောက်ထားပေမယ့် စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ကားထဲအသင့်တပ်ဆင်ထား စတားလင့်အသုံးပြုပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ဖုန်းတွေကို အလွယ်တကူဖမ်းဆီးစစ်ဆေးတာမျိုးလည်း ခပ်စိပ်စိပ်တွေ့လာရတယ်လို့ မြို့ခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “သူတို့ကားထဲမှာစတားလင့်အသင့်တပ်ထားတာ စစ်ဆေးခံရပြီဆိုတာနဲ့ တစ်ခါထဲ ဖုန်းကိုဝိုင်ဖိုင်ချိတ်ပေးပြီး စစ်တော့တာပဲ။ လိုင်းမရဘူး ငါ့ဖုန်းတော့ စစ်မှာမဟုတ်ဘူးလို့မထင်ကြနဲ့ ခုက သူတို့ကားထဲမှာဝိုင်ဖိုင်စတားလင့်ကတပ်ထားပြီးသားဟုတ်တယ်”လို့ ပြောပါတယ်။  စစ်ကောင်စီတပ်ဟာ လာမယ့် ၂၀၂၅…

    Read More »
  • Sep- 2025 -
    16 September
    သတင်း

    လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရာမှာ စစ်အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိပဲ လွတ်ပေးနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း စစ်တပ်၊ယာဉ်ထိန်းနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်းဆီးရာမှာ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိဘဲ လွတ်ပေးနေတာကြောင့် တရားမျှတမှုမရှိဘူးလို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေပြောဆိုနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကစပြီး မြစ်ကြီးနားမြို့အပါအဝင် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့အားလုံးနီးပါးမှာ စစ်တပ်၊ရဲ၊ ယာဉ်ထိန်းအဖွဲ့ပူးပေါင်းပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီး‌တာ…

    Read More »
  • 2 September
    သတင်း

    မြစ်ကြီးနားမြို့မှာ အမေအိုသားအမိနှစ်ဦးလုယက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမေအိုနဲ့သမီးဖြစ်သူတို့ ဆိုင်ကယ်လုယက်ခံရတယ်လို့ မိသားစုဝင်တွေဆီကနေ သိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ ည ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်းရပ်ကွက် ဆုတောင်းအိမ်ကနေ ဆိုင်ကယ်စီးပြီး ပြန်လာချိန်လူငယ်၂ ဦး နောက်ကနေ ပိုက်ဆံအိတ်ကို…

    Read More »
  • Aug- 2025 -
    23 August
    သတင်း

    မြစ်ကြီးနားမှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၂ ရက် မနေ့ည ၈နာရီ မိနစ်၂၀ ဝန်းကျင်အချိန် မန်ခိန်ရပ်ကွက်…

    Read More »
  • 16 August
    သတင်း

    အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့ 

    မြစ်ကြီးနားမြို့မှာ အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်ခု ဩဂုတ်လ ၁၅ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ရမ်ပူရပ်ကွက် နယ်မြေ(၁၁)က ခြံတစ်ခု အိမ်သာကျင်းဟောင်းထဲ အမျိုးသားတစ်ဦးသေဆုံးနေတာကို မနေ့က နေ့လည် ၁နာရီဝန်းကျင်အချိန် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး…

    Read More »
  • 7 August
    သတင်း

    မြစ်ကြီးနားမြို့အဝင်အထွက်မှာ စစ်တပ်က စစ်ဆေးရေးဘယ်‌‌လိုတင်းကြပ်နေသလဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြို့အဝင်အထွက် စစ်တပ်ဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်လာတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ ဒေသတွင်းပြည်သူ‌များ သွားလာရေးမှာ ပိုခက်ခဲလာတယ်လို့မြစ်ကြီးနား ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်းမှာတော့ ကား၊ ဆိုင်ကယ်ကို အဓိကဖမ်းဆီးစစ်‌ဆေးနေတဲ့အပြင် မြို့ဝင်၊မြို့ထွက်ဂိတ်တွေမှာလည်း မှတ်ပုံတင်၊ဖုန်း၊ခရီး‌ဆောင်အိတ်အပြင် ပစ္စည်းဖာတွေကိုဓားနဲ့ ဖောက်ထွင်းစစ်ဆေးတာအထိ…

    Read More »
  • Jul- 2025 -
    22 July
    အင်တာဗျူး

    မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှု ဘယ်လောက်ထိဆိုးရွားနေပြီလဲ

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယှက်မှုတွေက တစ်ရက်ထက်တစ်ရက်ပိုးဆိုးလာနေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ခိုးဆိုးလုယှက်မှု‌တွေဟာဆယ်ကျော်သက်အရွယ်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်၊လူလတ်ပိုင်းတွေဖြစ်ပြီး ဒုတ်၊ဓါးကိုင်ဆောင်ကာ အုပ်စုဖွဲ့လုယက်နေတာလို့  မြစ်ကြီးနားဒေသခံတွေ ပြောပါတယ်။ ဒီခိုးဆိုးလုယှက်မှုလုပ်သူတွေဟာ အရင်က လူသူသွားလာမှုနည်းတဲ့…

    Read More »
  • 18 July
    သတင်း

    အိမ်ဘေးနား ထိုင်နေတဲ့ အမျိုးသားကို လူ ၆ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လာလု

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေစဉ် လူ၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လာလုယက်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည ၁၀ခွဲဝန်းကျင်အချိန် ခေမာသိရိရပ်ကွက်မှာ  အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေတဲ့ အသက် ၄၀ဝန်းကျင်အရွယ်…

    Read More »
  • Jun- 2025 -
    24 June
    သတင်း

    မြစ်ကြီးနားမြို့ရပ်ကွက်တစ်ချို့မှာ  Mytel အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ရနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်ကစပြီး စစ်ကောင်စီထုတ် Mytel အော်ပရေတာရဲ့ အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ပြုလုပ်လို့ရနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တစ်ဝှိုက် ဒီနေ့မနက်ပိုင်းမှာပဲ 4Gအင်တာနက်လိုင်း အထိတက်လာတာဖြစ်ပြီး ငွေလွှဲ ငွေထုတ်အက်ပလီကေးရှင်းတွေဖြစ်တဲ့ Kpay…

    Read More »
Back to top button