ဝိုင်းမော်
-
Jan- 2025 -14 Januaryသတင်း
ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့ လုံခြုံရေးတင်းကြပ်ပြီး အချိန်အကန့်သတ်နဲ့သာဖြတ်သန်းခွင့်ပြု
ကချင်ပြည်နယ် ဝိုင်းမော်မြို့အထွက်အပါအဝင် ကျေးရွာတစ်ချို့မှာ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို အချိန်အကန့်သတ်နဲ့သာ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ဝိုင်းမော်မြို့အထွက် မုတ်လွှဲလမ်းဆုံအနီး အထိုင်ချထားတဲ့ဂိတ်မှာ မနက်ပိုင်း ၆ နာရီကနေ ၉ နာရီအထိ၊…
Read More » -
14 Januaryသတင်း
ဝိုင်းမောင် နောင်းချိန်း စစ်ရှောင်များ အနွေးထည်နဲ့ စောင်မလုံလောက်ဘဲ ဆောင်းအအေးဒဏ်ကို ကျော်ဖြတ်နေရ
ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။ ၂၀၂၄ တစ်နှစ်တာမှာ တိုက်ပွဲ၊ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ဆောင်းအအေးဒဏ်တွေကြား လက်ရှိချိန် အနွေးထည်တွေနဲ့ စောင်လုံလောက်မှု မရှိတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောဆိုပါတယ်။ “ကျမတို့က…
Read More » -
Dec- 2024 -18 Decemberသတင်း
ဝိုင်းမော်မြို့နယ် ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှုရှိလာတာကြောင့် ပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်
ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲ လဘန်၊နောင်းချိန်း၊ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်နေတာကြောင့် ပြည်သူတစ်ချို့ထပ်မံတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လဘန်ကထောင်၊နောင်းချိန်း၊ဂွေထုကျေးရွာဘက်မှာ ဒီဇင်ဘာ ၅ ရက်နေ့စ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် ပြည်သူတစ်ချို့ မြစ်ကြီးနားမြို့ဘက်တိမ်းရှောင်တာတွေရှိနေတယ်လို့ နောင်းချိန်းစစ်ရှောင်အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြီးခဲ့အတဲ့အပတ်ကတည်းက ဂွေထု၊နောင်းချိန်းသွားတဲ့ ရွာတွေမှာတနေ့တနေ့အင်အားတွေလာချသွားတယ်။ တချို့မပြန်ပဲအဲ့မှာပဲကင်းပုန်းဝပ်နေတာတွေအများကြီးပဲ။ အဲ့ကြောင့် တိုက်ပွဲဖြစ်လာမှာဆိုးလို့ ဒီဘက်ရောက်လာတာ”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ဝိုင်းမော်ဘက်ခြမ်း ဗလမင်းထင်အထက်ဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မခေါယန်၊ လဘန်၊နောင်ချိန်း ၊ဂွေထုကျေးရွာတွေထဲမှာ စစ်ကောင်စီစစ်သားတွေ အင်အားဖြည့်နေသလို လဘန်ကထောင်နဲ့ မခေါဒီရွာတောစပ်တွေမှာလည်း ကင်းပုန်းဝပ်တာ၊လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေရှိနေတယ်လို့ နောက်ထပ် နောင်းချိန်းဘက် စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “သူတို့က လမ်းမှာတားပြီးစစ်တယ် ဘယ်ကလာသလဲ၊ဘယ်သွားမလဲ စစ်ရှောင်တွေပါလို့ပြောလည်း နိတို့ကိုဘယ်သူရှောင်ခိုင်းတာလဲ၊ဘယ်ရွာကလဲ အရမ်းမေးစစ်တယ်။ အဲဒါကြောင့် ဒီဘက်မှာလည်း ခုသွားရလာရ ခက်နေတယ်”လို့ ပြောပါတယ်။ ခုလို စစ်ကောင်စီစစ်သားတွေစစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာကြောင့် အဲဒီကျေးရွာမှာ သွားရောက်တိမ်းရှောင်နေကြတဲ့ ဝူယန်၊နောင်ဟီး၊စန်းကားဘက်က စစ်ဘေးရှောင်ပြည်သူတွေဟာ မြစ်ကြီးနားမြို့ပေါ်တစ်ဆင့် ထပ်မံတိမ်းရှောင်လာကြတယ်လို့ မြစ်ကြီးနားမြို့တွင် စစ်ရှောင်တွေကိုလိုက်လံကူညီပေးနေတဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီတလောမြစ်ကြီးနားက စစ်ရှောင်တွေနဲ့ပြည့်နေတာ ဖားကန့်ဘက်ကကော၊ဝိုင်းမော်ဘက်ကတွေကောအခုလည်းထပ်ရောက်လာတယ်။ နောင်းချိန်းတို့ဘက်ကတဲ့ မနေ့ကလည်းလိုက်ပို့ရသေးတယ် နောင်းချိန်းဘက်ကရှောင်လာတာတဲ့ဟာ အခြေနေမကောင်းလို့ဆိုပြီးရောက်လာကြတာ”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဗလမင်းထင်တံတားအထက်မှာရှိတဲ့ ဂွေထုကျေးရွာဟာ ပြည်သူ့စစ်ဦးလဆန်အောင်ဝါထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။ သို့သော် အသက် ၈၀ အရွယ်ရှိ လဝါယာန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ နိုဝင်ဘာလ ၁၆ ရက် မနက်အစောပိုင်း ကွယ်လွန်သွားခဲ့ပြီးနောက် သူ့နေရာမှာ လက်ရှိ ဦးမဂျီနော်လီကို လဝါယာန်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။ လတ်တလော ကချင်ပြည်နယ်ရဲ့ ဒုတိယအရေးအပါဆုံးမြို့ဖြစ်တဲ့ဗန်းမော်မြို့ကို KIAနဲ့ပူးပေါင်းတပ် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၄ ရက်နေ့ကနေစပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွဲလာတဲ့ချိန်ကစ ဗန်းမော်– မြစ်ကြီးနားလမ်းပိုင်းရှိ ဝိုင်းမော်မြို့နယ်ထဲမှာ အခုလိုစစ်ရေးလုပ်ရှားမှုခပ်စိပ်စိပ်ပြုလုပ်လာတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းအများပိုင်းနဲ့ စစ်ကောင်စီစစ်တပ်တွေအထိုင်ချထားတဲ့ ကျေးရွာအားလုံးကို KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မေ လကတည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ ဝိုင်းမော်မြို့တွင်းတပ် ခ.လ.ရ ၅၈ တပ်တစ်ခုထဲသာကျန်ရှိတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2024 -25 Novemberသတင်း
တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် Y – 12 လေယာဉ်အမျိုးအစားနဲ့ မုတ်ကျိတ်၊ နန့်ဝါကျေးရွာအနီး လေယာဉ်ဗုံး ၇ ကြိမ်ကြဲသွားတာကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညနေ နန့်ဝါကျေးရွာမှာ လေယာဉ်ဗုံးလာကြဲတာ ၇ ကြိမ်လောက်ရှိတယ်။ နေအိမ် ၃ လုံးပျက်စီးသွားတယ်။ ပြည်သူတစ်ဦးက ဗုံးစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး။ ပြီးရင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ကူတယ်။ ဘယ်လို သတင်းတွေရထားတာလဲတော့မသိဘူး”လို့ပြောပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့ မုတ်ကျိတ်၊နမ့်ဝါကျေးရွာတွေဟာ ရွာချင်းဆက်ရှိတဲ့ရွာတွေဖြစ်ပြီး ပြည်သူ့စစ်နဲ့စစ်တပ်ဂိတ်အထိုင်ချထားတဲ့ ဝူယန်ကျေးရွာအထက်မှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်သက်သွားတာ ၈ လခန့်ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်တပ်ဘက်နေ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဟာ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ကို လွက်လွတ်လိုက်ရတဲ့အတွက် ကျေးရွာဘက်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်နေကြပါတယ်။ မနေ့က တစ်ရက်ထဲ ရွာ ၂ ရွာ ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့ည ည ၁၀ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းကနေလည်း အဲဒီကျေးရွာဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ဘက်မှာ ပစ်ခတ်မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “မနေ့ ည ဝိုင်းမော်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ အသံကတော့ ဝိုင်းမော်ဘက်ခြမ်းပဲ ဒီမှာက ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်ဘက်မှာ ဘာဖြစ်နေလဲတော့ မသိရဘူး”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေတဲ့ ဝူယန် ၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီကတည်းက ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအများပိုင်းက နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့က စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာထဲကို ပြန်လာနေထိုင်ကြတဲ့ ဒေသခံတွေလည်းရှိပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ရေးအခြေအနေအရ ကားလမ်းမကြီးတစ်ကြောမှာရှိတဲ့ ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ နေရာယူထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့ပေါ်အထိ စစ်ကောင်စီတပ်တွေ နေရာယူးထားတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Oct- 2024 -7 Octoberသတင်း
ဝိုင်းမော်နဲ့ ရွှေညောင်ပင်လမ်းမကြီး စစ်တပ်က အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ရွှေညောင်ကျေးရွာ သွားတဲ့ကားလမ်းကြီးကို စစ်ကောင်စီတပ်က ပိတ်ထားပြီး အကန့်သတ်နဲ့သွားလာခွင့်ပြုနေတယ်လို့ ဝိုင်းမော်နယ်ခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ် နေရာတစ်ချို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဝိုင်းမော်မြို့တွင်း ပြည်သူ့ဆေးရုံရှေ့နဲ့ မြို့အကျော် မုဒ်ဝလွှဲလမ်းဆုံမှာအဓိကပိတ်ထားတယ်လို့ ဝိုင်းမော်မြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပြည်သူ့ဆေးရုံထိတော့သွားလို့ရတယ်လေး ဆေးရုံကိုကျော်ပြီးတော့ဟိုဘက်တော့သွားမရဘူးကြာပိတ်လမ်းပိတ်ထားတာ ဟိုဘက်ကလည်းလာလို့မရ ဒီမြို့ထဲကလည်းဟိုဘက်ကိုသွားလို့မရအခက်တွေ့နေကြတယ် မပိတ်ထားသင့်ဘူး”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့ရှေ့တန်းစခန်းတွေဖြစ်တဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် မြို့အနီးဝန်းကျင်ရှေ့တန်းစခန်းအားလုံးနီးပါး လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းအကျော် မြို့အထွက်နေရာ၊ ခတ်ချို၊မုတ်လွှဲလမ်းဆုံနေရာတွေမှာ ပေပါပုံး၊သံဆူးတွေနဲ့ပိတ်ထားပြီး အကန့်သတ်နဲ့သာသွားခွင့်ပြုနေတယ်လို့ ကားသမားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပုံမှန်သွားခွင့်တော့ မရှိဘူး အချိန်ပိုင်းခနတစ်ဖြုတ်ဖွင့်ပေးတယ် နေ့လည်လောက်ဆို ခနတစ်ဖြုတ်ဖွင့်တယ် ဝိုင်းမော်ကနေ မုတ်လွှဲလမ်းခွဲမှာ အထိုင်ချထားတယ်။ အဲမှာဆို မှတ်ပုံတင်စစ်သလားမမေးနဲ့ မှတ်ပုံတင်မပါတဲ့သူဆို ရွာဘက်တွေဝင်လို့မရဘူး။ ပြီးတော့ မိန်းမတွေဆိုအဲလောက် မစစ်ဘူးစစ်ကောင်စီဘက်က ခုလိုလမ်းပိတ်ထားပြီး အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေတဲ့အပြင် ရွှေညောင်ပင်၊ စန်းကား၊ခတ်ချို၊ နောင်ဟီး၊အောင်မြေ ၁ စတဲ့ကျေးရွာနေပြည်သူတွေဟာ မိမိရပ်ရွာကို ခနတစ်ဖြုတ်ပြန်သူတွေကိုလည်း မှတ်ပုံတင်ပါမှ ဝင်ခွင့်ပြုတယ်လို့”သူကဆက်ပြောပါတယ်။ ခုလို ဒေသခံတွေအဓိကသွားလာနေတဲ့ လမ်းမကြီးတွေကို ပိတ်ထားတဲ့အတွက် သွားရေးလာရေးအခက်ကြုံနေကြရသလို စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်ဧရာဝတီမြစ်ကူးတံတားမှာလည်းပုံမှန်ထက် အစစ်အဆေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းတွေအားလုံးကို KIA၊KPDF ပူးပေါင်းတပ်တွေက ဇွန်၊ဇူလိုင်လတုန်းက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ နဲ့ ဝူယန်ပြည်သူ့စစ်ဂိတ်သာကျန်ရှိတော့တာကြောင့် မြို့ဝင်မြို့ထွက်ကို တင်းကြပ်နေတာ ဖြစ်ပါတယ်။ လတ်တလော စစ်တပ်ကပိတ်ထားတဲ့ လမ်းမကြီးဟာ ဝိုင်းမော်– လိုင်ဇာ– ဗန်းမော်သွားလမ်းမကြီးဖြစ်ပြီး ရွှေညောင်ပင်ကျေးရွာဟာ မြို့အစွန်မှာရှိတဲ့ရွာဖြစ်ပြီး ကျေးရွာနေပြည်သူတွေအများပိုင်းက မတ်လ ၇ ရက်နေ့နောက်ပိုင်း တစ်ခြားနေရာတွေမှာ တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Aug- 2024 -29 Augustသတင်း
ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ
မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။
Read More » -
28 Augustသတင်း
ခါနန်စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကလေးသူငယ် ၁၀၀ ကျော်ပညာရေးရပ်နားထားရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာကနေ မုတ်ကျိတ်၊နောင်းခရူးဘက်ကို ထွက်ပြေးနေကြတဲ့ ခါနန်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်တွေ့နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ ခါနန်စစ်ရှောင်စခန်းမှာ အရင်က စစ်ရှောင်အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ခြေ ၁၈၅ အိမ်သာကျန်ရှိတော့တာဖြစ်ပြီး အဲဒီစစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါအပြင် လက်ရှိကချင်ပြည်နယ်ရဲ့ ဖုန်းနဲ့အင်တာနက်လိုင်း ခက်ခဲမှုတွေကြောင့် အရင်ကထက် အကူအညီတွေရရှိဖို့ ပိုမိုခက်ခဲလာတာဖြစ်တယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက KNG ကို ပြောပါတယ်။ “အခုခက်တယ်ဆိုတာက ဆန်ပေါ့ ဆန်သာရမယ်ဆိုရင် ကျန်တာက ကျွန်တော်တို့ ဖြစ်သလိုဟင်းသီးဟင်းရွက်တွေ တောထဲမှာခူးစားပြီးနေလို့ရတယ် ဆန်ခက်ခဲတော့ဘယ်လိုမှလုပ်လို့မရဖြစ်နေတာပေါ့”လို့ဆိုပါတယ်။ လက်ရှိ စစ်ရှောင်အိမ်ခြေထက်ဝက်လောက်က ဆန်တွေပြတ်လပ်နေတာဖြစ်ပြီး ကျန်တဲ့အိမ်ခြေတစ်ဝက်ကတော့ မနှစ်တုန်းက စုဆောင်းထားတဲ့ ဆန်စပါးတွေနဲ့မျှပြီးစားသုံးနေကြတယ်လို့ သိရပါတယ်။ ခုလိုအစားအသောက်ပြတ်လပ်မှုတွေကြုံတွေ့နေရသလို တစ်ဖက်မှာလည်း စစ်ရှောင်စခန်းတွင်းက စာသင်အရွယ်ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာရေးရပ်နားထားရတယ်လို့ သိရပါတယ်။ “ဝါးရှောင်ဘက်သွားတက်ဖို့ကလည်း သွားဖို့လာဖို့ကခက် တချို့မိဘတွေက မလွတ်ရဲဘူးပေါ့ နိုင်ငံရေးမကောင်းတော့ လမ်းမှတစ်ခုခုဖြစ်ပြီးပြန်မလာမှာစိုးရိမ်ကြတော့ ပြီးတော့ ဒီမှာကိုယ်ဟာကို ကျောင်းပြန်ဖွင့်ဖို့အတွက်ဆိုရင်လည်း စေတနာဝန်ထမ်းက ပြန်ခက်ဖြစ်နေတယ်”လို့ စစ်ရှောင်စခန်းတာဝန်ခံက ဆက်ပြောပါတယ်။ ဒီကလေးသူငယ်တွေဟာ နှစ်ဆန်းပိုင်းကတည်းကနေ ဒီနေ့ထိ ၇ လအကြာ ပညာရေးရပ်နားထားရတာဖြစ်ပြီး တချို့ကလေးမိဘတွေကတော့ ကလေးတွေပညာရေးအတွက် နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ မြစ်ကြီနားမြို့ကို ပြောင်းရွေ့သွားကြတယ်လို့ သိရပါတယ်။ လက်ရှိစစ်ရှောင်စခန်းထဲမှာ ကျန်နေတဲ့ကလေးသူငယ်တွေကတော့ မူကြိုအရွယ်ကနေ ၁၂တန်းအရွယ်ထိ ပါဝင်တာဖြစ်ပြီး မူလတန်းအရွယ်တွေကတော့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ခါနန်စစ်ရှောင်စခန်းကပြည်သူတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ စစ်ရှောင်လာကြတာဖြစ်ပြီး လက်ရှိဝိုင်းမော်မြို့ရဲ့ ၇မိုင်အကွာမှာရှိတဲ့ မုတ်ကျိတ်နဲ့နောင်ခရူးကျေးရွာတွေမှာ တိမ်းရှောင်နေကြတာဘဲ ဖြစ်ပါတယ်။ ကုလသမ္မဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNCHO)ရဲ့ ၂၀၂၄ ဧပြီလ ၅ရက်နေ့ထုတ်ပြန်ချက်မှာတော့ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး စစ်ပွဲကြောင့် မြို့နယ်၁၀ခုလောက်က အရပ်သားပြည်သူ ၁၈၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါအပြင် ကချင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ဦးရေ၈သောင်း၄ထောင်၄ရာ(၈၄၄၀၀)ထိတိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNCHR)ကနေပြီးတော့ ဩဂုတ်လ၁၄ရက်နေ့က ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
7 Augustသတင်း
ဝိုင်းမော် ခလရ ၅၈ တပ်ရင်း KIA သိမ်းလိုက်ပြီလို့ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော
ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြောပါတယ်။ “မကြားဘူးဆိုတာထက် တိုက်ပွဲဖြစ်တာတွေလည်းမရှိပါဘူး။ ဝိုင်းမော်သိမ်းတာလည်းမကြားဘူး။ တိုက်ပွဲလည်းမရှိတာပါ”လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ဝိုင်းမော် ၅၈ သိမ်းလိုက်ပြီလို့ သတင်းဟာ ဩဂုတ်လ ၆ ရက် မနေ့ည ၇ လောက်ကနေ သတင်းတွေထွက်ပေါ်နေသလို လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ကျယ်ကျယ် ပြန့်ပြန့်ရေးသားဖော်ပြနေတာဖြစ်ပါတယ်။ အခုလို ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းကို KIA သိမ်းလိုက်ပြီလို့ သတင်းနဲ့ ပတ်သက်ပြီး ဝိုင်းမော်မြို့ထဲမှာရှိနေတဲ့ ဒေသခံတစ်ချို့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ၅၈ တပ်ရင်းရှိတဲ့ အနီးတဝိုက်မှာ ဘာထူးခြားမှုမှ မရှိသလို တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူးလို့ ပြောဆိုပါတယ်။ ကချင်ပြည်နယ်မှာ ဖုန်းအင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် ဒေသအတွင်းဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေကို သိရှိဖို့ ခက်ခဲနေတဲ့အချိန် သတင်းအမှားတွေ ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်း၊ အင်တာနက်လိုင်းတွေ မပြတ်ခင်အထိ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာမှုရှိနေတာဖြစ်ပါတယ်။ ဝူယန်ပြည်သူ့စစ်တပ်စခန်းရှိတဲ့ အထက်ပိုင်းအားလုံးကို KIA တပ်တွေ ထိန်းချုပ်ထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့အထိ စစ်တပ်က လုံးခြုံရေးရယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ကလည်း ဝိုင်းမော် ၅၈ တပ်ရင်းကို လက်လွတ်လိုက်မှာ စိုးရိမ်တဲ့အတွက် ၅၈ တပ်ရင်းနဲ့ နီးကပ်တဲ့ ကျေးရွာရပ်ကွက်တွေမှာ ကတုတ်ကျင်းတွေတူးဖော်ပြီး စစ်အင်အားအလုံးအရင်းနဲ့ လုံခြုံရေးရယူထားသလို ဝူယန်ကျေးရွာတွေမှာလည်း လမ်းတွေဖြတ်တောက်ထားပြီး စစ်တပ်ဂိတ်နေရာတွေ တိုးချဲ့ထားကာ စစ်ဆေးရေးတွေတင်ကြပ်နေတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေ ဆီကနေ သိရပါတယ်။ အခုလို ဝိုင်းမော်မြို့နဲ့ အနီးဆုံးနေရာမှာ စစ်တပ်နဲ့ KIA တပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေတဲ့အခြေအနေမှာ ခလရ ၅၈ တပ်ရင်းကို KIA သိမ်းလိုက်ပြီလို့ သတင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတာ ၂ ပတ်ကျော်ရှိလာပြီး ပြည်သူတွေ စစ်ရေးသတင်းသိရှိဖို့နဲ့ သတင်းအချက်လက်သိရှိဖို့ ခက်ခဲနေချိန် သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jul- 2024 -30 Julyသတင်း
စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လအတွင်းမှာ မြစ်ကြီးနား စီတာပူရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang ၊ ဆရာ Sut Aung တို့ကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၆ ရက်နေ့မှာ အကြောင်းမဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးထဲကနေ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang တို့ ၂ ဦးကို ၂၇ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ပေမယ့် ဆရာ Sut Aung ကိုတော့ ဒီနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးသိရှိတဲ့ မြစ်ကြီးနား ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့သိထားရသလောက်ဆိုရင် ဆရာဂျုံးခေါင်နဲ့ မဒိန်ဇုန်းကရန်း နှစ်ယောက်က လွတ်လာပြီ။ ဆရာဒဘန် ဆွတ်အောင်က မလွတ်လာသေးဘူးလို့ကြားတယ်”လို့ပြောပါတယ်။ လက်ရှိမှာ ဆရာ ၂ ဦးသာ လွတ်မြောက်လာပြီး လွတ်မြောက်ဖို့ ကျန်ရှိနေသေးတဲ့ ဆရာ ဆွတ်အောင်ကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတာကို မသိရသေးဘူးလို့ ဆိုပါတယ်။…
Read More » -
22 Julyစစ်ပြေးဒုက္ခသည်များ
ဝူယန်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဒိန်ဂျာယန်ကျေးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ရေးအခြေနေကြောင့် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝူယန်စစ်ရှောင်တွေဟာ အိမ်ခြေ ၂၀ ရှိတဲ့အထဲကနေ မသန်စွမ်း ၁၅ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ မသန်စွမ်းထဲမှာ ကိုယ်လက်အင်္ဂါ ၊ အမြင်အာရုံ နဲ့အကြားအာရုံချို့တဲ့သူတွေအပြင် မွေးရာပါ ပိုလီယိုရောဂါဖြစ်သူတွေလည်း ပါဝင်တယ်လို့ သိရပြီး သာမန်လူတွေလို အလုပ်လုပ်ကိုင်နိုင်ဖို့ ခက်ခဲနေတာကြောင့် အစားသောက်ပြတ်လပ် အာဟာရချိုု့တဲ့သူတွေများလာနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မသန်စွမ်းတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးနဲ့အာဟာရပြည့်ဝတဲ့ အစားအစာကူညီထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီမှာတော့ ထမင်းတောင်မနည်း စားနေရတဲ့အတွက် တခါတလေ ဆန်ပြုတ်တောင်ပြုတ်သောက်ရတဲ့အထိဆိုတော့ အဓိကတော့ သူတို့အတွက် အာဟာပြည့်ဝတဲ့အစားအသောက်အကူအညီတွေလိုအပ်နေတာပေါ့ လမ်းခရီးလည်း ခက်ခဲတော့”လို့ဆိုပါတယ်။ ဝူယန်စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ အများစုဟာ ဝူယန်ကျေးရွာကဖြစ်ပြီး လမြန်၊ခကွမ်ကျေးရွာဒေသခံတွေလည်း အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။ ဝူယန်ပြည်သူတစ်ချို့ထွက်ပြေးခိုလှုံနေတဲ့ ဒိန်ဂျာကျေးရွာဟာ ဝါးရှောင်ရွာကနေ ဆိုင်ကယ်နဲ့ ၁ နာရီကျော်သွားရတဲ့နေရာမှာရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်တဲ့အပြင် ဝိုင်းမော်ကနေ– ဝါးရှောင်အထိ စစ်ရေးအခြေနေအရ သွားလာဖို့လည်းခက်ခဲတာကြောင့် ကူညီထောက်ပံ့မှုရဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ရှောင်စခန်းက ပြည်သူတွေ စစ်ဘေးစရှောင်ချိန်သယ်ယူလာတဲ့ စားနပ်ရိက္ခာတွေလည်း ပြတ်လတ်လာပြီလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဖြစ်နိုင်ရင်တော့ ငွေကြေးထောက်ပံမှု အကူအညီရချင်တာပေါ့။ ဘာလို့ဆိုတော့ တစ်ချို့က ဆန်ဝယ်စားဖို့မရှိ တစ်ချို့ကတော့ ဆေးဝယ်သောက်ဖို့မရှိ တချို့ကြပြန်တော့လည်း ဆန်နဲ့ငွေကြေးတို့ချေးဌားပြီး အရင်ဖြေရှင်းထားတဲ့သူတွေရှိတော့”လို့ဆိုပါတယ်။ ကချင်ပြည်နယ်နေရာအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ရေဘေးသင့်ပြီး ကျောင်းဆောင်တွေများစွာထိခိုက်ပျက်စီးသွားတာကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေလည်းများစွာရှိပြီး အဲဒီထဲမှာ ဒိန်ဂျာယန်ကျေးရွာက စာသင်ကျောင်းလည်းပါဝင်တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။ လက်ရှိ ဒိန်ဂျန်ယန်ရွာမှာ ကျောင်းပိတ်ထားတာကြောင့် စစ်ရှောင်တွေဟာ ကလေးသူငယ်တွေရဲ့ပညာရေးအတွက် ဒိန်ဂျာယန်ကျေးရွာကနေ လဘန်ကျေးရွာဘက်ကို ထပ်ပြီးပြောင်းရွေ့နေထိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်စခန်းတိုင်းလိုလိုမှာ မသန်စွမ်းတွေရှိနေတာဖြစ်ပြီး လဘန်ကျေးရွာက အောင်မြေ ၂ စစ်ရှောင်စခန်းမှာ ၂၄ ဦး၊ လဘန်ကျေးရွာ ခကွမ်စစ်ရှောင်စခန်းမှာ ၇ ဦးနဲ့ မုတ်ကျိတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ၁၀ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်ကြပြီး မေလ ၂၁ ရက်နေ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေ မုတ်ကျိတ်(MukChyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ Myanmar Peace…
Read More »