သေဆုံးမှု

  • Sep- 2024 -
    6 September
    သတင်း

    နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် သေဆုံးသူအရပ်သား ၁၃ ဦးအထိသေဆုံးခဲ့ရတယ်လို့ ကယ်ဆယ်ရေးမှာပါဝင်ကူညီနေသူ တွေ ဆီကသိရပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။ “ဆုံးသွားတဲ့သူကတော့ ၁၃ ယောက်ပေါ့နော်။ ကလေးငယ်တွေရော ကိုယ်ဝန်ဆောင်ရောပဲ။ အဲ့ဒီကိုယ်ဝန်သည်ဆိုမိသားစု၃ယောက် မိသားစုလိုက်ပေါ့ အဖေရယ် ကလေးရော ကိုယ်ဝန်ဆောင်ထားရတဲ့ အမေဖြစ်သူ ရောပေါ့”လို့ ကယ်ဆယ်ရေးမှာကူညီဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ညဈေးအနီးတစ်ဝှိုက်ကနေအိမ်တွေနဲ့ ကျားဖြူခန်းမအနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၅ ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်း မနက်ပိုင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီနေ့ နေ့လည်ထိနောက်ဆုံးရရှိထားတဲ့အချက်အလက်အရ သေဆုံးသူ ၁၃ ဦးထိရှိလာပြီး အခုလက်ရှိမှာတော့ထိခိုက်ပျက်ဆီးသွားတဲ့ နေအိမ် ၆ လုံးနဲ့ အဆောက်အဦးတွေကိုရှင်းလင်းမှုတွေလုပ်နေသလို သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပေါင် ၅၀၀ ဗုံးသီးကိုအသုံးပြုကြဲချခဲ့တာဖြစ်ပြီး အခုတော့ နမ့်ခမ်းဒေသခံတွေဟာ ထိတ်လန့်နေကြပြီး ဈေးတွေလည်းပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ ညရောနေ့ပါဈေးရောင်းတဲ့ ပါပ်ပွဲဆိုတဲ့နေရာပေါ့။ နမ့်ခမ်းည‌ဈေးပေါ့ အခုတော့ ဈေးတွေလည်းပိတ် ထားရတယ်။ “လို့ဒေသခံတစ်ဦးကပြောပါတယ်။ နမ့်ခမ်းမြို့နယ်ဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပြီးတော့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ တအာင်းတပ်မတော် TNLA နမ့်ခမ်းမြို့ကိုအုပ်ချုပ်တဲ့နောက်ပိုင်းပထမဆုံးအကြိမ်ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃ရက်နေ့မှာ မန်တုံမြို့နယ်၊ ၄ ရက်နေ့မှာ သီပေါမြို့တို့ကို လည်းလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတ်ပဟာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ TNLA ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင် ၃ဖွဲ့ဖြစ်တဲ့ TNLA/MNDAA/ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စက်တင်ဘာလ ၂ ရက်နေ့ရက် ထုတ်ပြန်ကြေညာထားတာလည်းဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Aug- 2024 -
    27 August
    သတင်း

    သီပေါမှာ တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

    ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က SHRF ရဲ့ မနေ့ကဩဂုတ်လ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီသေဆုံးမှုကတော့ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်း ထန်လာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေဖြစ်ပြီး နောက်ထပ်အရပ်သား ၁၉ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။ ဒီစစ်တမ်းကို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြုစုမှတ်တမ်းပြုလုပ်တဲ့အခါမှာ စစ်ကောင်စီတပ်ဟာ အရပ်သား နေထိုင်ရာနေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာတွေ့ရတယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ ပြောရေးဆို ခွင့်ရှိသူ မယိမ်းလျန်းဟန်ကပြောပါတယ်။ “အဓိကတော့ သက်ကြီးပိုင်းတွေသေတာများတယ်။ အဘိုးအဘွားအရွယ်တွေ အဲ့လိုမျိုးများတယ်။ သံဃာ တော်တွေလည်းပါတယ်။ ကျွန်မအမြင်ကတော့ စစ်ကောင်စီဘက်က အရပ်သားတွေနေရာတွေကိုပဲ ဦးတည် တိုက်ခိုက်နေတာတွေ့ရတယ်”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူ၁၉ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်အပါအဝင် သံဃာတော် ၂ ပါးနဲ့ အမျိုးသမီး ၇ ဦး၊ အမျိုးသား ၁၂ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ယောက်ထဲမှာ သီလရှင်တစ်ပါးနဲ့ သံဃာတော်တစ်ပါး ပါဝင်တယ်လို့သိရပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေအပါအဝင် အဆောက်အဦးပေါင်း ၁၁၀ ကျော်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလို စစ်ကောင်စီရဲ့အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် မြို့တွင်းနေထိုင်တဲ့ ဒေသခံတွေ အနေနဲ့လုံခြုံမှုမရှိဘူးလို့ မယိန်းလျန်းဟန်ကဆက်ပြောပါတယ်။ “လောလောဆယ်အခြေနေမှာတော့လေ စစ်တပ်ကအခုလို မြို့ထဲကိုရမ်းသမ်းပြီးဆက်တိုက်ပစ်နေတော့ မြို့ထဲနေလို့မကောင်းဘူးပေါ့လေ အဓိကကတော့ စစ်တပ်ဘက်ကတော့ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု တွေပိုလုပ်တာကြုံရတယ်။”လို့ပြောပါတယ်။ ဒါ့အပြင် လက်တလော သီပေါမြို့နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေပါပြတ်တောက်သွားတဲ့အတွက် စစ်ကောင်စီဘက်က ပိုပြီးတော့တိုက်ခိုက်မှုတွေလုပ်လာနိုင်တယ်လို့ သူကပြောပါတယ်။ သီပေါမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကစတင်ပြီးတော့ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်း အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး လက်ရှိတော့ သီပေါမြို့ကို တော်လှန်ရေး အင်အားစုတွေဘက်ကထိန်းချုပ်ထားပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 6 August
    သတင်း

    ဖားကန့်မှာ အသက်သေဆုံးတဲ့အထိ ငှက်ဖျားရောဂါအဖြစ်များနေ

    ကချင်ပြည်နယ် ဖားကန့်မှာ ငှက်ဖျားရောဂါဖြစ်သူတွေ များလာနေပြီး အသက်သေဆုံးတဲ့အထိ ဖျားနာ နေကြတယ်လို့ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များလာပြီးနောက် တစ်ဆက်တည်းငှက်ဖျားရောဂါလည်း အဖြစ်များလာနေတယ်လို့ ဖားကန့် မှော်ဝမ်းရပ်ကွက်ပြည်သူတစ်ဦးက ပြောပါတယ်။ “မိုးဦးကျကတည်းကပဲ ဒီနှစ် မိုးကရက်စက်တယ် ငှက်ဖျားရော၊ဝမ်းပျက်ဝမ်းလျှောတာရော ရေကြီးကတည်းကဘဲ”လို့ ပြောပါတယ်။ လက်ရှိ ငှက်ဖျားရောဂါအဖြစ်များတဲ့နေရာတွေဟာ ဖားကန့်မြို့ပြင် ကျေးရွာတွေဖြစ်တဲ့ တာမခံ၊ဝှေခါနဲ့ မှော်စီဇာအပြင် ဖားကန့်မြို့တွင်းမှာလည်း ငှက်ဖျားပိုးတွေ့သူတွေများလာနေတယ်လို့ ဆိုပါတယ်။ ဖားကန့်ပြည်သူတွေပြောဆိုချက်အရ မြို့တွင်းနေထိုင်သူတွေအနေနဲ့ ဖျားလာပါက ဆေးရုံ၊ဆေးခန်းသွားဖို့ နီးပြီး ဆေးဝယ်ယူဖို့လွယ်ကူပေမယ့် ကျေးရွာနေပြည်သူတွေဟာ မြို့နဲ့အလှမ်းဝေးပြီး ဆေးဝါးကုသမှုမရရှိတာကြောင့်  အသက်သေဆုံးတဲ့အထိ အခြေနေဆိုးရွားနေတယ်လို့ ဖားကန့် တာမခံဘက်က ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “ငှက်ဖျားကြောင့် ဆုံးကြရတာတွေ ရှိနေတယ်ဆေးပစ္စည်းတွေ ပို့ဖို့ခက်တဲ့နေရာတွေမှာဖြစ်တာ ပိုးတွေ့လူနာတွေတော့များတယ်။ တောထဲမှာရော ဆေးပစ္စည်းတွေကလည်း ဈေးကြီး ပြီးတော့လိုအပ်တဲ့အချိန်မှာ ဆေးကမရှိတာမျိုးလည်းကြုံနေကြတော့ သေဆုံးတာတွေလည်းရှိနေတယ်”လို့ ပြောပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံခဲ့သလို၊ ဖားကန့်မှာလည်း ဥရုချောင်းမြင့်တက်ခဲ့တာကြောင့် ရေဘေးသင့်ခဲ့ကြပါတယ်။ ဥရုချောင်းရေတွေပြန်ကျသွားပေမယ့် နေအိမ်အတွင်းအများပိုင်း ရေနစ်မြုပ်တာ၊ရေတွင်းရေနစ်မြုပ်တာတွေကြောင့် သန့်ရှင်းတဲ့သောက်သုံးရေ မလုံလောက်မှုကြုံခဲ့ကြရပြီး ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များခဲ့တယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ တစ်ဆက်တည်းမှာဘဲ ဝမ်းပျက်၊ဝမ်းလျှောဖြစ်သူတွေ သက်သာလာချိန်မှာ ငှက်ဖျားရောဂါဖြစ်သူတွေများလာတာလို့ သိရပါတယ်။  ဒါ့အပြင် စက်သုံးဆီအခက်ခဲကြောင့် ကုန်ကားတွေအဝင်နည်းလာတဲ့အတွက် ဖားကန့်မှာ ကုန်စျေးနှုန်း၊အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေလည်း စျေးအဆမတန်မြင့်တက်လာတဲ့တွက် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေကြတဲ့အပြင် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေတဲ့တွက် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲကြပ်တည်းနေကြတာပါ။ လက်ရှိ ဖားကန့်မှာ အင်တာနက်လိုင်းသုံးရဖို့ တစ်နာရီကို ကျပ် ၃ သောင်ပေးပြီး တုံကင်စနစ်နဲ့သုံးနေရသလို ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိတဲ့အတွက် ပြည်သူတွေငွေလွှဲ၊ငွေထုတ်ဖို့လည်း ခက်ခဲနေကြတယ်လို့ သိပါတယ်။ ဖားကန့်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဩဂုတ်လကစပြီး ဖုန်း၊အင်တာနက်သုံးစွဲခွင့်ကို စစ်တပ်က ပိတ်လိုက်ပြီးနောက် အကန့်သတ်နဲ့သာသုံးခွင့်ရနေရာကနေ ဒီနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဖုန်း၊အင်တာနက်လိုင်းတွေအားလုံးထပ်ပြီး ပြတ်တောက်သွားပြီဖြစ်ပါတယ်။ By – CJ

    Read More »
  • 6 August
    သတင်း

    ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုဟာ အရပ်သားပစ်မှတ်လို့ TNLA ပြော

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်လေကြောင်းတိုက်ခိုက်ခံရမှုမှာ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုဟာ အရပ်သားပစ်မှတ်ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလေးယေဦးကပြောပါတယ်။ ဖြစ်စဥ်ကတော့ မနေ့က ဩဂုတ်လ ၅ရက်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ ရဲ့ အရပ်သားအများဆုံးရှိတဲ့ မြို့မဈေးနဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ “မနေ့ကတိုက်ခိုက်မှုက ကျမတို့ကိုဦးတည်ပြီးတော့တိုက်ခိုက်တယ်ဆိုတာထက် အရပ်သား ကိုဦးတည်ပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရပ်သားအများဆုံးတည်ရှိရာမြို့မဈေး ပြီးရင် လမ်းဆုံကိုမှ ရွေးပြီးမှတိုက်ခိုက်တာဖြစ်တဲ့အတွက် အရပ်သားကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာ ဖြစ်ပါတယ်။”လို့ တအာင်းတပ်မတော် TNLA ရဲ့ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးကပြောပါတယ်။ သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အမျိုးသမီး၂ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရတာ လို့ မလွေးယေဦးကအတည်ပြုပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း နောက်ထပ်အရပ်သား ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲ့ဒီထဲက တစ်ဦးကဒဏ်ရာပြင်းထန်ပြီးတော့ တစ်ဖက်မှာ မြို့မဈေးဆိုင်ခန်းတစ်ချို့နဲ့ နေအိမ်ပျက်ဆီးမှုတွေ ရှိတယ်လို့ ကွတ်ခိုင်မြို့တွင်းက ပရဟိတအသင်းအဖွဲ့တွေကပြောပါတယ်။ “ဒဏ်ရာရတဲ့သူကတော့ ၁၀ ယောက်လောက်ရှိတယ်။ အပြင်းအထန်ကတော့ ၁ ယောက်ပေါ့ ကျန်တာက တော့ဘာမှမသိရသေးဘူး။ အဓိကတော့ ဈေးရဲ့ ၃ ပုံ ၁ ပုံလောက်တော့လောင်သွားတယ်ပြောတယ်။ သေတဲ့ထဲ တစ်ချို့ကလမ်းသွားရင်းနဲ့ ထိတာ။ တစ်ယောက်ကတော့ ဈေးရောင်းရင်းနဲ့ပဲသေတာတဲ့”လို့ ကွတ်ခိုင်မြို့တွင်းကပရဟိတအသင်းအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ဒီကနေ့မနက်ပိုင်းမှာတော့ ကွတ်ခိုင်မြို့ကိုထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မြို့မဈေးကို ၁ နာရီကြာဝင်ခွင့်ပြုခဲ့ပြီး ပစ္စည်းတစ်ချို့ထုတ်ခွင့်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ကလေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ကင်းထောက်လေယာဥ်နဲ့ပတ်ဝဲပြီးမှ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ကင်းထောက်လေယာဥ်ပတ်ဝဲကတည်းက မြို့မဈေးကဒေသခံတွေဟာ ဆိုင်ပိတ်သိမ်းပြီးလုံခြုံတဲ့ နေရာကို ထွက်ပြေးကြလို့သာအထိအခိုက်နည်းခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးသီး၇လုံးအထိအသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာနဲ့အနီးတစ်ဝှိုက်ကို TNLA က နယ်မြေရှင်းလင်းရေး တွေလုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးပြုလုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု ISP Myanmar က ဩဂုတ်လ ၅ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • Jul- 2024 -
    26 July
    သတင်း

    ရှမ်းမြောက် ၁၀၂၇  စစ်ဆင်ရေး ဒုတိယမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံး

    ရှမ်းမြောက် ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲကာလ တစ်လအတွင်း အရပ်သား ၃၀၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံးတယ်လို့ တအာင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့ကစပြီး တစ်ကျော့ပြန် ပြန်လည်ဆင်နွှဲလာခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ တစ်လပြည့်ပြီဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်  အရပ်သား ၁၂၅ ဦးသေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရပြီး စုစုပေါင်း ထိခိုက်သေဆုံးတဲ့ အရပ်သား ၂၉၂ ဦးရှိတယ်လို့  PSLF/TNLA ရဲ့သတင်းပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၅ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ အဲဒီထိခိုက်သေဆုံးမှုစာရင်းထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ထိခိုက်သေဆုံးမှုစာရင်း စုစုပေါင်း ၁၅၀ ခန့်ရှိတယ်လို့လည်း ဆိုထားပါတယ်။  ဒါ့အပြင် လက်ရှိ စစ်ကောင်စီဘက်က လားရှိုးကိုထိုးစစ်ဆင်နေတဲ့ ကိုးကန့် MNDAA ရဲ့ ထိန်းချူပ်နယ်မြေ သိန္နီ– ကွမ်းလုံ – ရှင်းရွှေဟော်နဲ့ လောက်ကိုင် စတဲ့နေရာတကြောကိုပါ လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကိုးကန့်ဒေသက ပြည်သူတွေ ထပ်မံထွက်ပြေးနေရသလို ဘာသာရေး နဲ့ ပညာရေးကျောင်းတွေအားလုံး ပိတ်ထားရကြောင်း ဆက်လက်သိရပါတယ်။ “စိုးရိမ်ရတယ်။အခုက အနီးနား ကွတ်ခိုင်နဲ့ သိန္နီကြားတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။ အဲဘက်မှာ လေယာဉ်နဲ့ဗုံးကြဲတာ ဒီဘက်ကွတ်ခိုင်၊ကောင်းခါးဘက်ထိ ကြားရတယ်။ ဒါကြောင့် စိုးရိမ်မှုနဲ့ပဲ နေနေကြတယ်။ သိန္နီဘက်က အချိန်မရွေးပဲ ဆက်တိုက်ဗုံးကြဲနေတယ်။ နေ့ဆိုရင် အားလုံးကိုယ့်အိမ်ကိုယ်ရှိကြတယ် ညဆိုရင်တော့ အားလုံးရှောင်ကြတယ်။ လောက်ကိုင်–ရှင်းရွှေဟော်– ကွမ်းလုံ – နမ့်ဇလပ် – သိန္နီ ဒီတစ်ကြောအားလုံးတော့ ကျောင်းတွေအားလုံးပိတ်ထားရတယ်။”လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။   စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် လက်ရှိ TNLA ၊ KIA တို့ ထိန်းချူပ်ထားတဲ့ နယ်မြေတွေထဲက ပြည်သူတွေလည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုတွေနဲ့ပဲဲ နေနေရတယ်လို့ ဆိုပါတယ်။  KIA ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ထဲမှာလည်း ဘာသာရေးကျောင်းတွေနဲ့ လူအများစုဖွဲ့ပြီး ဝတ်ပြုကိုးကွယ်တာတွေ ရပ်နားထားရသလို စာသင်ကျောင်းတွေကိုလည်း အခြေအနေကို ကြည့်ပြီး ဖွင့်နေကြတယ်လို့ သိရပါတယ်။  “နမ့်ဖတ်ကာမှာလည်း လားရှိုးဘက်တိုက်ပွဲမှာ KIA ပါဝင်နေမှုမရှိရင်လည်း နမ့်ဖတ်ကာဘက်ကလည်း သူတို့စစ်တပ်စခန်းကြီးတပ်စွဲတဲ့နေရာတစ်ခုဖြစ်တာကြောင့် လေကြောင်းသတိထားပြီးတော့ နေနေကြရတယ်။ ဒါကြောင့် အခု ဘုရားကျောင်း ဝတ်ပြုကိုးကွယ်အစီအစဉ်တွေ မလုပ်တော့ဘူး။ သိန္နီဘက် အဘက်ဘက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိနေတော့ နမ့်ဖတ်ကာကသူတွေလည်း သတိနဲ့ပဲနေနေကြပါတယ်။” လို့ နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။  ရှမ်းမြောက်မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာတွေလည်းရှိနေတာကြောင့် မြေပြင်မှာ အရပ်သားထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ဘာသာရေးကျောင်းဆောင်များ၊ နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ် သိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 19 July
    သတင်း

    သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

    လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။   

    Read More »
  • 11 July
    သတင်း

    နောင်တာလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး  အမျိိုးသား ၄ ဦးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တောလောကျေးရွာမှာ  အစာအဆိပ်သင့်ပြီး  အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင်လ ၆ ရက်နေ့က နောင်တာလောကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ ရိုးရာအရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်ခဲ့ကြတဲ့ အမျိုးသား ၁၅ ဦး အစာအဆိပ်သင့်ခဲ့တာဖြစ်ပြီး အဲဒီညမှာဘဲ အခြေအနေအရမ်းဆိုးတဲ့သူတစ်ချို့ကတော့ မြစ်ကြီးနားဆေးရုံပို့ဆောင်ပေမယ့် ဆေးရုံကြီးအရောက်မှာ ၃ ဦးသေဆုံးတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ “သူတို့ပြောတာကတော့ ဝမ်းလျှောတယ် အန်တယ်တယ်တဲ့ပြီးတော့ အသက်ရှုကြပ်တာတွေဖြစ်တယ် သေသွားတဲ့ လူနာတွေကတော့ လည်ပင်းမှာမည်းလာတယ်လို့ ပြောတယ် ညိုညို မည်းမည်းကြီးပေါ့ အဲဒီလက္ခဏာတွေပြတယ်တဲ့”လို့ မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်း အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာတော့ ကျန်နေသေးတဲ့ အစာအဆိပ်သင့်လူနာတွေကို ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ဖို့ မြင့်မြတ်စေတနာနဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်သွယ်လာတာကြောင့် ၁၅ ဦးထပ်ပြိီး ပို့ပေးခဲ့ရာ အဲဒီထဲက အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး ကျန်တဲ့လူနာတွေကတော့ ကာကွယ်ဆေးထိုးပြီး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။ အရက်ဆိုင်ဖွင့်တဲ့နေရာအနီးမှာ အဆောင်အိမ်တန်းလျားပုံစံအိမ်ငှားနေထိုင်တဲ့နေနေရာမျိုးဖြစ်တဲ့အတွက် အနီးတစ်ဝိုက်မှာနေတဲ့ အမျိုးသားတစ်ချို့အရက်သွားသောက်ရာကနေ အဆိပ်သင့်ခဲ့တာဖြစ်ပြီး အရက်နဲ့အတူ ဒညှင်းသီး၊ အမဲသားနဲ့ ငါးခြောက်တွေလည်း တွဲစားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီအရက်ရောင်းတဲ့ဆိုင်ကအရက်ချက်တဲ့အခါသုံးတဲ့ပါဝင်ပစ္စည်းတွေကို  ဓာတ်ခွဲခန်းမှာစစ်ဆေးဖို့ ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တွေယူသွားပြီး အရက်ဆိုင်ပိုင်ရှင်ကိုတော့ တာဝန်ရှိသူတွေခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ လတ်တလောမှာဆိုရင်လည်း အခုလို အစာအဆိပ်သင့်သူတွေဟာ ရေကြီးတဲ့အချိန်မျှောပါလာတဲ့တိရစ္ဆာန်တွေကို ချက်ပြုတ်စားသောက်ရာကနေဖြစ်ရတာဖြစ်တယ်လို့ သတင်းတွေထွက်နေပေမယ့်  KNG ဘက်က သေချာအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အစာအဆိပ်သင့်နိုင်တဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့ ကိုမေးမြန်းကြည့်ရာမှာကတော့ ငါးနဲ့တခြား  အသားအစိမ်းတွေမှာတွေ့ရတတ်တဲ့ နိုရိုဗိုင်းရပ်(Norovirus) လို အရာမျိုးတွေကြောင့်လည်း အစာအဆိပ်သင့်နိုင်ချေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် အစာအဆိပ်သင့်ပါက ကျောက်ကပ်ကို ထိပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ ပျို့အန်တာတွေကို ဖြစ်စေနိုင်သလို့ ရေဓာတ်ခန်းချောက်တာတွေကိုပါ ဖြစ်စေတယ်လို့ ဆိုပါတယ်။ “တချို့ အစာအဆိပ်သင့်တဲ့အချိန်အရမ်းအန်လိုက်တာမျိုး ဝမ်းအရမ်းလျှောတာမျိုး ဖြစ်သွားတော့ ရေဓာတ်ခမ်းချောက်ပြီး ရေဓာတ်မြန်မြန်ပြန် မဖြည့်ပေးနိုင်တဲ့အတွက် ကျောက်ကပ်တွေ အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးတာတွေ ဖြစ်နိုင်တယ် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရေဓာတ်နဲ့ ခုခံအားတော့ မတူဘူးပေါ့”လို့  Kachin Backpack အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့  ခုလို အဆိပ်သင့်တဲ့ အချိန်တွေဆိုရင် ဆေးရုံတွေမှာ ဆိုရင်တောင် ဖြေဆေးကို ချက်ချင်းရှာရခက်တဲ့အတွက် ထန်းညက်နဲ့ ကန်စွန်းရွက်ကိုထောင်းပြီး အဆိပ်ဖြေနိုင်သလို  ရေဓာတ်မခမ်းချောက်အောင် ဓာတ်ဆားထုပ်ကိုလည်း အမြဲဆောင်ထားသင့်ပြီး ဓာတ်ဆားထုပ်မရှိပါက ဆား၊ သကြားနဲ့ ရေသန့်တွေကို သေချာ ပေါင်းစပ်ပြီး အသုံးပြုနိုင်တယ်လို့ သူက အကြံပြုပါတယ်။ လက်ရှိဝိုင်းမော်မြို့နယ်က စစ်ရှောင် စခန်းတွေမှာ ဆိုရင်လည်း သောက်ရေ သုံးရေ မလုံလောက်မှုနဲ့ ညစ်ပတ်မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအပြင် တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ By – Hope

    Read More »
  • 10 July
    သတင်း

    ပူတာအိုမှာ ခွေးရူးကိုက်ခံရလို့သေဆုံးသူ ၅ ဦးထက်မနည်းရှိလာ

    ကချင်ပြည်နယ် ပူတာအိုဒေသထဲမှာ ခွေးရူးကိုက်ခံရတာကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့နဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ဒီနှစ် မတ်လကစပြီး ခွေးရူးကိုက်ခံရသူ ၅၀ ဦးထက်မနည်းရှိခဲ့ပြီး အဲ့ဒီထဲက သေဆုံးသူ ၅ ဦီးနဲ့အထက်ရှိပြီလို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ ခုလို ခွေးရူးကိုက်ခံရပြီးသေဆုံးနှုန်းမြင့်မားနေတာဟာ ခွေးရူးပြန်ကာကွယ်ဆေးမထိုးနိုင်တာကြောင့်ဖြစ်သလို ခွေးရူးကိုက်ပြီးနောက်မှာလည်း အဆိပ်ဖြေဆေးကို အချိန်မှီဆေးမထိုးနိုင်တာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ “အဓိကတော့ ခွေးရူးပြန်ကာကွယ်ဆေးတွေက ဆေးရုံကြီး(ပြည်သူ့ဆေးရုံ) မှာမထိုးပေးလို့ဟုတ်တယ်။ ဆေးရုံကြီးမှာဆေးမရှိလို့တဲ့အပြင်မှာထိုးရတာဆေးသိပ်စျေးကြီးတယ် နာမ်ရှယ်ရှီးဒီရွာက သေသွားတဲ့ကလေး နှစ်ယောက်လည်းဆေးမထိုးထားဘူးပြောတယ်။ ပြီးတော့ ကောင်ကထောင်ရပ်ကွက်ထဲကအဖွားကြီးလည်းကာကွယ်ဆေးမထိုးထားဘူး မှေးခိုင်ဆေးပဲထိုးထားတာတဲ့“လို့ ပူတာအိုမြို့ခံအခြားဒေသခံတစ်ဦးက ပြောပါတယ်။ ပူတာအိုဒေသ ပြည်သူတွေဟာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးဖို့လိုအပ်ပေမယ့် ပြည်သူ့ဆေးရုံကြီးမှာ ကာကွယ်ဆေးမထိုးပေးနိုင်တာကြောင့် အပြင်ဆေးခန်းတွေမှာ ဆေးတစ်ချောင်းကို ငွေကျပ်လေးသောင်း ဝန်းကျင်ပေးပြီးထိုးနေရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ခွေးတစ်ခါကိုက်ခံရရင်ကာကွယ်ဆေးနဲ့အတူ အဆိပ်ဖြေဆေးထိုးဖို့လိုအပ်ပြီး သုံးကြိမ်ပြည့်အောင်ထိုးနှံရမှာဖြစ်ပေမယ့် အခက်ခဲအမျိုးမျိုးကြောင့် ဆေးမထိုးတဲ့သူတွေပိုများနေတယ်လို့လည်း သိရပါတယ်။ “တချို့က အိမ်မှာပဲ ခွေးရူးပြန်ပြီးဆုံးသွားတယ်တစ်ယောက်က ဆေးရုံမှာဆုံးသွားတယ်။ သူ့ကိုထိတဲ့ဆရာမတွေအားလုံးက်ိုတောင်ကာကွယ်ဆေးထိုးလိုက်ရတယ်။ ဒါပေမယ့် အများပိုင်က…

    Read More »
  • 10 July
    သတင်း

    လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး

    “ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူး”လို့ပြောပါတယ်။

    Read More »
  • 9 July
    သတင်း

    မိုးမိတ်မှာ အရပ်သား ၃ ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ မနေ့က နေ့လည်ပိုင်း ၃ နာရီဝန်းကျင် သရက်တောကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရသလို တအာင်းတပ်မတော် TNLA ဘက်က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့က လက်ခုတ်ပင်နဲ့မြောက်ပိုင်းရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်နေ့တည်းမှာ အရပ်သား ၃ ယောက်သေဆုံးခဲ့ရပြီး နေအိမ်ထိမှန် ပျက်ဆီးတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ညနေပိုင်းကတည်းကနေ ညပိုင်းအထိ သရက်တောဘက်မှာ သေနတ်သံနဲ့လက်နက်ကြီးသံ တွေကတောက်လျှောက်ပဲ လက်ခုတ်ပင်ဘက်က ဟိုတစ်နေ့ကဆိုရင် ၂ ယောက် မြောက်ပိုင်း ရပ်ကွက်က တစ်ယောက် ၃ ယောက်ပေါ့”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူတွေဟာ လက်ခုတ်ပင် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ဦးကျော်ဦး ၆၅ နှစ် နဲ့ မြောက်ပိုင်းရပ်ကွက်က ကိုနိုင်ဦး ၅၅ နှစ် သေဆုံးခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့နယ်မှာ လက်တလောဖုန်းလိုင်းအားလုံးပြတ်တောက်နေသလို ကုန်စည်အဝင်လည်းမရှိတော့သလို တစ်ဖက်မှာ သောင်းနဲ့ချီတဲ့ဒေသခံတွေကလည်း တိုက်ပွဲတွေနဲ့လွတ်ကင်းတဲ့နေရာတွေကို ထွက်ပြေးနေကြရပြီး ဖုန်းအဆက်အသွယ်ခက်ခဲလို့ သူတို့အခြေနေအသေးစိတ်ကိုသိရဖို့ KNG က စုံစမ်း‌နေဆဲဖြစ်ပါတယ်။ “ရှောင်ကြတာကတော့ အောက်ပိုင်းရွာတွေပါပဲပြန်ရှောင်ကြတာပေါ့ စစ်မဖြစ် နိုင်တဲ့အခြမ်းတွေ ပေါ့ မြို့ရဲ့တောင်ဘက်ခြမ်းဖြစ်နိုင်တယ်ဆိုရင် တောင်ဘက်ကိုပြေးပေါ့ ဒီလိုပဲကြည့်ပြီးရှောင်ရတာ ပေါ့ ကျနော်တို့မြို့ကကြေမှာ အထိုင်တပ်က မြို့နဲ့ ၂ မိုင်လောက်ပဲရှိတာ အဲ့ကိုကျသွားမတိုက်ကြဘူး မြို့ထဲပဲခိုပြီးတိုက်တော့ မြို့ကကြေမှာပဲ“ လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ လက်ခုပ်တန်း၊ ရွှေဇာလီ နဲ့မိုမိတ်တံတားတစ်ဝှိုက်မှာ အဓိက စစ်ရေး လှုပ်ရှားတာတွေရှိသလို မြေပြင်ရောလေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့သိရ ပါတယ်။ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် နေ့ကစလို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA ဘက်က မိုးမိတ်မြို့အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း လက်ခုတ်တန်း နဲ့ လယ်ကြီးရွာဘက်က တပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ညကတိုက်ခိုက်အပြီးမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ မိုးမိတ်မြို့နယ် ထဲက ရွှေသာယာတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ By – အမိုး

    Read More »
Back to top button