သေဆုံးမှု
-
Mar- 2026 -13 Marchသတင်း
ထီးချိုင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ကိုယ်ရင်နှင့်ဦးဇင်းအပါအဝင် ၁၂ ဦးသေဆုံး
စစ်ကိုင်း၊ကချင်အစပ် ထီးချိုင့်မြို့နယ်အနှံ့ကို မတ်လ ၈ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်း ကနေ တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကိုယ်ရင်နဲ့ ဦးဇင်း ၆ ပါးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ မတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ ဇီးကုန်းကျေးရွာရဲ့ဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုယ်ရင် ၄ ပါး၊ ဦးဇင်း ၂ ပါးနဲ့ ပြည်သူ ၄ ဦးသေဆုံးခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ “ဇီးကုန်းရွာကတော့ ထီးချိုင့်မြို့နဲ့သိပ်မဝေးဘူးပေါ့နော်။ NUG အစိုးရရဲ့ထိန်းချုပ်နယ်မြေအောက်မှာပဲရှိတယ်။ ပြီးတော့ အရင်တုန်းကလည်းလေကြောင်းတိုက်ခိုက်မှုတစ်ခါမှမလုပ်ဖူးဘူး။ ပြီးတော့ပြည်သူတွေဆိုရင်လည်း တောင်သူတွေပဲလုပ်ကြ တာများတယ်။ ပြီးတော့ ဒီရွာမှာစစ်ရှောင်တွေလည်းရှိတယ်။ ထီးချိုင့်မြို့ပေါ်ကစစ်ရှောင်တွေပေါ့။”လို့ ထီးချိုင့်မြို့ကဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မတ်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာတော့ အောင်သာကုန်းရွာအနီးကို လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး ညနေ ၄ နာရီကျော်လောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ စပ်စားရွာ၊ နီတာရွာ အနီးတဝှိုက်ကို ဗုံးလေးကြိမ်ခန့် ကြဲချခဲ့ပြန် တယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်မှာလည်း အလယ်တောကျေးရွာ တိုက်နယ်ဆေးရုံအနီးကို လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့တည်နေရာတွေဟာ တစ်နေရာနဲ့တစ်နေရာအလှမ်းဝေးတာကြောင့် ထီးချိုင့်မြို့နယ်အနှံ့ကို ဦးတည်ပြီး စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ “နေရာတွေကတော့မနီးဘူးပေါ့နော်။ ဝေးတယ်ပေါ့နော်နေရာတွေက တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးတော့ ထီးချိုင့် မြို့နယ် အနှံ့လိုမျိုးဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဒီလေကြောင်းတိုက်ခိုက်တာကလည်း ဒီဘက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပြည်သူတွေ ကိုပဲ ဦးတည်ပြီးတိုက်ခိုက်နေတယ်။ ဆေးရုံတွေဘုန်းကြီးကျောင်းတွေကိုပဲတိုက်ခိုက်နေတယ်။ ဒါကတော့ သူတို့ရဲ့အမြဲတမ်းလုပ် နေကျလုပ်ရပ်ပေါ့နော် အဲ့လိုပဲမြင်ပါတယ်။”လို့အထက်ပါ ထီးချိုင်မြို့ခံအမျိုးသမီးကပဲဆက်ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ကိုယ်ရင် ၈ ပါးအပါအဝင် စုစုပေါင်း ၁၉ ဦးအထိထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ဘုန်းကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စပါးတိုက်တွေအပါအဝင် တိုက်နယ်ဆေးရုံကဓာတ်မှန်ခန်းနဲ့ အရပ်သားနေအိမ် ၁၀လုံး ထက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ဒေသခံအချို့ဟာ နီးစပ်ရာကျေးရွာများနဲ့ တောတောင်များဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒီရက်ပိုင်းအတွင်း မြန်မာပြည်တစ်ဝှမ်းကဒေသတွေအပါအဝင် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေကိုလည်း ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ပင်လည်ဘူး၊ ကောလင်း၊ မော်လူးနဲ့ ဖောင်းပြင်မြို့နယ်တို့အပါအဝင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာကရွှေဖောင်တွေကို ပြီးခဲ့တဲ့မတ်လရက်ပိုင်းတွေမှာပဲဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီလေကြောင်းတိုက်ခိုက်မှုအားလုံးမှာ အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
11 Marchသတင်း
ကချင်မှာ စစ်လက်နက်ပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၄ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာပြင်းထန်
ကချင်ပြည်နယ်မှာ စစ်လက်နက် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေအပါ ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့အစည်းကနေ သိရပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ…
Read More » -
9 Marchသတင်း
မြေရှားလုပ်ကွက်တစ်ခုမှာ သမင်ကိုလှမ်းပစ်ရာကနေ အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး
ချီဖွေမြို့နယ် ပန်ဝါမြေရှားလုပ်ကွက်တစ်ခုမှာ KIA တပ်ဖွဲ့ဝင် ၂ ဦး တောဘက်ကိုသေနတ်နဲ့ သမင်လှမ်းပစ်ရာကနေ ထမင်းချက်တဲ့မိန်းကလေးတစ်ဦး ကျည်ထိမှန်ပြီးအသက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြေရှားလုပ်ကွက်လုပ်သားတွေဆီကနေ သိရပါတယ်။ ပန်ဝါအမှတ် (၃) ဘက် မြေရှားလုပ်ကွက်တစ်ခုမှာ မတ်လ ၅ ရက်နေ့ ညနေပိုင်း မှောင်ရီစပြုချိန်မှာ KIA တပ်ဖွဲ့ဝင် ၂ ဦးမှ သမင်တစ်ကောင်ကို လှမ်းပစ်ရာမှာ လုပ်ကွက်အနိီး အိမ်သာတက်နေတဲ့ အမျိုးသမီးတစ်ဦးဆီကို မတော်တဆထိကျည်မှန်သွားတာလို့ မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးပြောပါတယ်။ “အဲဒီအလုပ်ဆိုဒ်မှာ သမင်တစ်ကောင်တွေ့လို့ဆိုပြီး ရဲဘော် ၂ ဦးခေါ်လာတာ အဲဒီညနေ နည်းနည်းတော့မှောင်ပြီ၊ သိပ်မတွေ့တော့တဲ့အချိန်နေမှာ သမင်တစ်ကောင်ဖြတ်သွားတယ်ဆိုပြီး လှမ်းပစ်လိုက်တာ အဲဒီမိန်းကလေးရဲ့ လည်ပင်းမှာ ကျည်သွားထိမှန်တာ။” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီး မြေရှားလုပ်ကွက်မှာ ထမင်းချက်တဲ့အလုပ်လုပ်ကိုင်နေသူဖြစ်ကာ သူမ အိမ်သာတက်နေစဉ် သေနတ်ကျည်လာထိမှန်လို့ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ သေနတ်ပစ်ခတ်ပြီး မတော်တဆလူသတ်မှုကျူးလွန်သူ KIA တပ်ဖွဲ့ဝင် ၂ ဦးကို လက်ရှိ KIA တာဝန်ရှိသူတွေက ဖမ်းဆီးပြီး အရေးယူထားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူ မိန်းကလေးအတွက်လည်း လျှော်ကြေးငွေတွေပေးအပ်မှုရှိတယ်လို့သိရပေမဲ့ အမှုဖြေရှင်းတဲ့ဖြစ်စဉ်အသေးစိတ်အတော့ မသိရသေးပါဘူး။ “သေနတ်ပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ခဲ့တာတော့ မှန်ပေမဲ့ သောက်စားမူးယစ်ပြီး ဖြစ်တာတော့မဟုတ်ဘူး။ အဲဒီဆိုက်မှာ လာလည်တဲ့ ရဲဘော်တွေ မတော်တဆဖြစ်သွားတာ။ အခုအဲဒီ KIA တပ်သား ၂ ဦးကို ဖမ်းဆီးပြီး ထောင်မှာ ထည့်ထားတယ်။ အမှုအတွက် အရေးယူပြီး ထိခိုက်သေဆုံးသွားသူအတွက် နစ်နာကြေးဘာညာနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်နဲ့ အရေးယူမှာပါ။” လို့ ပန်ဝါမှာတာဝန်ကျတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ KIA ရဲဘော်တွေနဲ့ မြေရှားလုပ်ကွ့က်က ထမင်းချက်ရေကြည့်အမျိုးသမီးတွေ သောက်စားမူးယစ်ရာမှသေနတ်ပစ်ခတ်လို့ ထမင်းချက်အမျိုးသမီးသေဆုံးသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်နေပြီး ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ “ခါတိုင်းလည်း အဲဘက်က ရဲဘော်တွေကို ပုံမှန်သားကောင်ပစ်စားနေကျ။အဲဒီညကလည်း အဲဒီလုပ်ဆိုဒ်မှာလည်း သမင်တစ်ကောင်တွေ့ထားလို့ သွားခေါ်လာတာဟုတ်တယ်။ အဲဒီညက အောက်ဘက်ပိုင်းမှာ ရဲဘော်သူငယ်ချင်းတချို့ ဘတ်ဒေးလည်းလုပ်နေတာဟုတ်တယ်။ အဲမှာတောင် အဲဒီ သေနတ်သံနဲ့ အဲဒီဖြစ်စဉ်ကြောင့် ပွဲပျက်သွားသေးတယ်။” လို့ မြေရှားလုပ်သားတစ်ဦးက ဆက်ပြောပါတယ်။ ချီဖွေ၊ ပန်ဝါ တရုတ်နယ်စပ်ဘက်မှ ရှားပါးမျိုးစိတ်သားကောင်တွေနဲ့ ဥပဒေနဲ့ကာကွယ်ထိန်းသိမ်းထားတဲ့ သားကောင်တွေကို စည်းကမ်းမဲ့ ပစ်သတ်စားတာတွေ ဆက်လက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ By – ဂျဘောက်ရာ
Read More » -
9 Marchသတင်း
ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် လက်နက်ကြီးကျပေါက်ကွဲမှုရှိနေ၊အရပ်သားတစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကသာမြို့မှာ လက်တလောနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ အရပ်သားတစ်ဦးသေဆုံးခဲ့သလို နေအိမ်မီးလောင်မှုတွေလည်းရှိနေတယ်လို့ ကသာဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေကို ကသာမြို့ကိုသိမ်းပိုက်ဖို့ထိုးစစ်ဆင်နွှဲခဲ့ပြီး တစ်လကြာနှစ်ဖက်ပစ်ခတ်မှုတွေရှိပြီးတဲ့နောက် တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေခဲ့တာဒီနေ့အထိဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက ကသာမြို့ပြင်နေရာတချို့တွေမှာဆက်လက်နေရာယူထားဆဲဖြစ်သလို စစ်ကော်မရှင်တပ် ဘက်ကလည်း မြို့တွင်းနေရာတစ်ချို့မှာအထိုင်ချထားပြီး နှစ်ဖက်စစ်ရေးအခြေနေစောင့်ကြည့်နေဆဲအခြေနေလို့ စစ်ရေးအခြေနေ သိရှိတဲ့ ကသာမြို့ဒေသခံတွေကပြောပါတယ်။ “မြို့ထဲကတော့ မနေ့တုန်းက မီးလောင်တယ်ဆိုတဲ့သတင်းကြားတယ်။ ရှော့တိုက်ဒုံးလည်း ရပ်ကွက် ၆ ထဲကျတယ်။ တိုက်ပွဲက ဖြစ်နေလားဆိုရင်တော့ တိုက်ပွဲဖြစ်နေတယ်တော့မရှိဘူး။ ရှော့တိုက်ဒုံးကလည်းဘယ်ဘက်ကပစ်တယ်ဆိုတာမသိဘူး။ သိရသလောက် တစ်ပတ်တောင်မပြည့်သေးဘူး။ ဘူတာဈေးမှာလက်နက်ကြီးမှန်လို့ ဆိုင်ကယ်စီးလာတဲ့တစ်ယောက် ရပ်ကွက် ၅ ဇေယျာချောင်ထဲက အဲ့တစ်ယောက်သေတယ်။ အသက် ၃၀ ကျော်ဘဲရှိသေးတယ်”လို့ စစ်ရေးအခြေနေသိရှိတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ကသာမြို့တွင်း MEC ဆင်းကဒ်တစ်မျိုးသာဖုန်းလိုင်းရပြီး တခြားသောဖုန်းလိုင်းအားလုံးပြတ်တောက်နေတယ်လို့ သိရ ပါတယ်။ တစ်ဖက်မှာ ကသာမြို့တိုက်ပွဲစဖြစ်ကတည်းကဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြို့ခံတွေဟာ စစ်ဘေးရှောင် တာကြာရှည်လာတာနဲ့အမျှ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေပြန်ယူဖို့ မြို့ထဲယာယီပြန်ဝင်ကြတာတွေရှိနေပြီး တချို့တွေမြို့ထဲ ပြန်ဝင်ပြီးတဲ့နောက် ပြန်ထွက်မရတဲ့အခြေနေတွေလည်းကြုံနေရတယ်လို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ရေးအခြေနေကတင်းမာနေဆဲဖြစ်တာမို့ ကသာမြို့ထဲပြန်ဝင်လာဖို့ဒီနေ့အထိ ခွင့်ပြုထားတာမရှိသေးသလို စစ်ကော်မရှင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဘက်ကတော့ မြို့တွင်းပြန်ဝင်လို့ရပြီဖြစ်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာမျှဝေတာတွေရှိနေပါတယ်။ ဒါ့ကြောင့် ကသာမြို့ကလက်ရှိအခြေနေမှာပြန်ဝင်ဖို့ လုံခြုံမှုရှိမရှိသိရဖို့ မန္တလေးမြို့မှာစစ်ဘေးတိမ်းရှောင်နေတဲ့ ကသာမြို့ဒေသခံ တစ်ဦးကို KNG ကဆက်သွယ်မေးမြန်းချိန် အခုလိုပြောပါတယ်။ “မပြန်ရဲသေးပါဘူး။မပြန်ရဲဘူးဆိုတာက အခု လေယာဥ်တွေနဲ့က ရွာနီးခြောက်စပ်တွေကိုချနေတယ်ဆိုတော့။ ချတဲ့နေရာက လည်း ကိုယ်ပြန်မယ့်လမ်းတွေချည်းပဲ။အခုလူကြုံရှိတယ်အဲ့ဘက်ကိုပြန်မယ့်ဟာ ဒါပေမဲ့ အန်တီတို့လိုက်မသွားဘူး။ လမ်းစရိတ် ကလည်း အရမ်းကုန်တယ်။”လို့ အထက်ပါ ကသာဒေသခံအမျိုးသမီးကပြောပါတယ်။ ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ လက်ရှိတော့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပြီး ကသာမြို့ပြင် ဧရာဝတီ မြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါ အဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် ကသာမြို့သိမ်းတိုက်ပွဲဟာ ရုတ်တရက်စစ်ဆင်ရေးဖြစ်တာမို့လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတဲ့ ကသာမြို့ခံများစွာအတွက် အကူအညီများစွာလိုအပ်နေကြတယ်လို့သိရပါတယ်။ By – အမိုး
Read More » -
9 Marchသတင်း
နမ့်ဖတ်ကာမှာ နေအိမ်မီးလောင်ရာကနေ မြေးအဖွားနှစ်ဦး အသက်သေဆုံး
ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၂ ဦးအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၈ ရက်နေ့ မနေ့ည ၈ နာရီခွဲမှာ နမ့်ဖတ်ကာမြို့ ရပ်ကွက် (၆)မှာ နေအိမ်တစ်အိမ် မီးလောင်ရာကနေ မြေးအဖွား ၂ ဦး အသက်သေဆုံးခဲ့တာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အိမ်ထဲမှာ ဓာတ်ဆီပုံးနဲ့အနီးကပ်မှာ မီးခြစ်နဲ့လားဘာနဲ့လား ခြစ်မီးကနေစပြီး မီးစလောင်ကျွမ်းလာတာလို့ သိရတယ်။ အဖွားဖြစ်သူနဲ့ မြေးဖြစ်သူ ကလေးမလေး မီးထဲသေဆုံးသွားတယ်။ အဖိုးဖြစ်သူနဲ့ မြေးလေးတစ်ယောက်က လွတ်တယ်။”လို့ ပြောပါတယ်။ မီးလောင်မှုဖြစ်တဲ့နေအိမ်ဟာ ဦးအိုက်စိုင်းဆိုသူရဲ့နေအိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးအိုက်စိုင်း ဇနီး ဒေါ်အန်ဟေမ်နဲ့ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မြေးမလေးတို့ဖြစ်တယ်လို့သိရပါတယ်။ ဒေသခံတွေပြောချက်အရ နေအိမ်မီးလောင်မှုစဖြစ်တာဟာ နေအိမ်ထဲမှာရှိတ့ ဓာတ်ဆီပုံးမှာ မီးစွဲရာကတစ်ဆင့် စတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး မီးလောင်မှုကြောင့် အိမ်တွင်းပိုင်ဆိုင်မှုအားလုံးလည်း ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုမကြာခဏဖြစ်ပွားနေပြီး အဓိက မီးလောင်ရတဲ့အကြောင်းရင်းက မီးအသုံးပြုမှု သတိမထားတာကြောင့် ဖြစ်ပွားတာများတယ်လို့ ဆိုပါတယ်။ “မီးလောင်တာတွေကို ကြည့်လိုက်ရင် မိသားစုဝင်တွေ မီးအသုံးပြုမှုပေါ့ဆတာကြောင့် များတယ်။ မီးလောင်ပြီဆိုတာနဲ့ တစ်ခါတည်း ငြိမ်းသတ်နိုင်ခြင်းလည်း မရှိဘူး။ အဓိက မီးသတိပြုမှု အားနည်းကြတယ်။ အခုတစ်ခေါက်ရော၊ ရှေ့တစ်ခေါက်တွေမှာရော မီးလောင်တာတွေက လျှပ်စစ်မီးလျှော့တာကြောင့် လောင်တာမပါသေးဘူး။” လို့ နမ့်ဖတ်ကာ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ နမ့်ဖတ်ကာမြို့မှာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ဒီနှစ်အတွင်း နေအိမ်မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားပြီလို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားတိုင်း နမ့်ဖတ်ကာမြို့မှာတာဝန်ရှိတဲ့ မီးသတ်ရုံးတွေဘက်မှ မီးလောင်တဲ့အိမ်ကို ချက်ချင်းမရောက်နိုင်တာမျိုးတွေ တာဝန်ရှိအုပ်ချူပ်ရေးအပိုင်းမှ တာဝန်ယူလုပ်ဆောင်ရမယ့်အရာ၊ အားနည်းနေသေးတဲ့အရာတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ထောက်ပြပြောဆိုပါတယ်။ နမ့်ဖတ်ကာမြို့ကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ထိန်းချူပ်ထားတာဖြစ်ပြီး မြို့တွင်း တအာင်းတပ်ဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA တို့လည်း ရုံးစိုက်ထားကာ မြို့တွင်း အုပ်ချူပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဝိုင်းဝန်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Feb- 2026 -23 Februaryသတင်း
ယူမာကျေးရွာလမ်းမကြီးပေါ် မှာအမျိုးသား နှစ်ဦးပစ်သတ်ခံရ
ဖားကန့်မြို့နယ် ယူမာကျေးရွာထဲက လမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ အမျိုးသားနှစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အမျိုးသားနှစ်ပစ်သတ်ခံရတဲ့နေရာဟာ ယူမာကျေးရွာရဲ့ VIP ကားရေဆေးဆီလိုက်ဆိုင်ရှေ့ လမ်းမကြီးပေါ်မှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ယူမာရွာထဲက ပြည်သူတစ်ဦးက KNG…
Read More » -
6 Februaryသတင်း
မြစ်ကြီးနားမှာ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ကတစ်ရက်အတွင်း သေဆုံးနေတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့သူတွေဆီကနေ သိရပါတယ်။ ပထမ ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄နာရီဝန်းကျင်အချိန် ရှမ်းရွာဘက်ရှိ အမှိုက်ပုံနားမှာ ခန့်မှန်းချေ…
Read More » -
Jan- 2026 -27 Januaryသတင်း
ကသာမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ခက်ခဲနေ
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ တိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှု တွေအကြား အရပ်သားသေဆုံးမှုများရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့နေ့ကစလို့ ကသာမြို့ခံအများစုဟာဘေးလွှတ်ရာတွေကိုထွက်ပြေး နေကြရပြီး အဲ့ဒီရက်ပိုင်းအတွင်းနှစ်ဖက်ပစ်ခတ်မှုတွေပြင်းထန်ခဲ့တာကြောင့် အရပ်သားတွေထွက်ပြေးကြရင်း…
Read More » -
24 Januaryသတင်း
စစ်ကိုင်းနဲ့ကချင်အစပ်မှာ ၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ် မော်လူးမြို့၊ မာန်ဟဲကျေးရွာက ပကဖရုံးကို တိုက်ပွဲဖြစ်တာမရှိပေမဲ့ မနေ့ကဇန်နဝါရီလ…
Read More » -
21 Januaryသတင်း
ဝိုင်းမော်မှာ ၃ ပတ်အတွင်း မူးယစ်ဆေးရှော့စ်ကြောင့် အမျိုးသား ၄ ဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၃ ပတ်အတွင်း မူးယစ်ဆေးသုံးစွဲပြီးရှော့ဖြစ်လို့ သေဆုံးသူအမျိုးသား ၄ ဦးထိရှိခဲ့တယ်လို့ ဝိုင်းမော်မြို့အခြေစိုက်မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဒီသေဆုံးမှု အားလုံးဟာ ဒီနှစ် ၂၀၂၆ ဇန်နဝါရီအတွင်းမှာဘဲ ဖြစ်ခဲ့တာလို့ သိရပြီး သေဆုံးသူ အမျိုးသားအားလုံး…
Read More »









