သေဆုံးမှု

  • Jul- 2024 -
    8 July
    သတင်း

    လားရှိုးမှာ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံး

    “မနေ့ည ရှော့တိုက်ဒုံးပစ်တဲ့ဟာ ည ၁၀ နာရီခွဲလောက်မှာ အိမ်တစ်အိမ်ထိသွားတာ။ အိမ်တစ်အိမ်ထိတော့ ယောက်ျားလေး ၃ ယောက်ရှိတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်က ဆုံးသွားတယ်။ ထိခိုက်တဲ့သူတွေက ဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး တစ်ယောက်က ခြေထောက်ထိ၊ တစ်ယောက်က မျက်နှာတွေမှာထိတယ်။”လို့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

    Read More »
  • 5 July
    သတင်း

    လားရှိုးမြို့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု ၁၃ ဦးအထိရှိလာ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃ ဦးအထိရှိလာပြီလို့ တအာင်း တပ်မတော် TNLA သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နဲ့ မနေ့ကအထိ နှစ်ရက်အတွင်း မိသားစု ၆ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပါအဝင် ကလေးငယ် နဲ့အမျိုးသမီးတွေပါသေဆုံးခဲ့ရပြီး နှစ်ရက်အတွင်းမှာပဲ သေဆုံးသူက ၁၃ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ TNLA ရဲ့သတင်းထုတ်ပြန်ချက်တွေအရ လားရှိုးမြို့နယ်ထဲက ရပ်ကွက် ၁၊ရပ်ကွက် ၉၊ နမ့်ပေါင်ရွာ၊ ရပ်ကွက် ၁၁ နဲ့ ရပ်ကွက် ၅ တို့က ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ မနေ့က မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရပ်ကွက် ၉ က…

    Read More »
  • 3 July
    သတင်း

    လားရှိုးမှာ လက်နက်ကြီးကျပေါက်ကွဲလို့ မိသားစုဝင် ၆ ဦးသေဆုံး

    ရှမ်းမြောက် လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မိသားစု ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၃ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့ ရပ်ကွက်(၁)ဗျူဟာလမ်းထဲက နေအိမ်တစ်အိမ်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီး ၂ ဦး၊ ကလေး ၃ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ အိမ်နီးချင်းက ဒေသခံတွေဆီကနေ သိရပါတယ်။ “လက်နက်ကြီးသံတွေပဲ ကြားနေရတယ်။ ဒီမနက်တော့ ဘယ်ကပစ်လိုက်တဲ့လက်နက်ကြီးလည်း မသိဘူး အိမ်တစ်အိမ်မှာလာကျပြီး မိသားစု ၅ ဦးသေဆုံးသွားတာ။ လက်နက်သံတွေ ဆိုးဆိုးရွားရွားမြည်လာတော့ အိမ်နဲ့လည်းအရမ်းနီးတာနဲ့ ကျမတို့လည်း ကတုတ်ကျင်းထဲပဲပြေးဝင်နေချိန် အိမ်နားကပဲ အဲလိုဖြစ်သွားတာ။” လို့ အနီးနားရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ သေဆုံးသွားသူ မိသားစုမှာ မုဆိုးမဖြစ်သူ ဒေါ်မခေါ်မာဂျီနဲ့ သားကြီး ဇနီးမောင်နှံအပြင် သားငယ်တစ်ဦး နဲ့ အိမ်မှာကျောင်းလာတက်ရင်းနေနေတဲ့ ကလေး ၂ ဦး  စုစုပေါင်း ၆ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းကိုတော့ အသင်းတော်အဖွဲ့အစည်းက ဘုရားကျောင်းကိုသွားရောက်သယ်သွားခဲ့ပေမယ့် အလောင်းကိုစစ်ဆေးရမယ်လို့ဆိုကာ လူမှုကူညီရေးအသင်းပြန်လာသယ်ယူပြီး လက်ရှိရင်ကွဲရုံကိုပြန်ပို့ထားတယ်လို့ သိရပါတယ်။ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား မနေ့ည သန်းခေါင်ချိန်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်တယ်လို့ဆိုပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဘက်က လားရှိုးမြို့ပတ်ပတ်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လားရှိုးမြို့ထဲကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု ပြေးမယ်ဆိုလည်း ဘယ်ကိုပြေးရမှန်းမသိနေဘူး။ ဘာကြောင့်ဆို ကွတ်ခိုင်ဘက်လမ်းလည်း တူးဖော်ဖြတ်တောက်ထားတယ်။ တန့်ယန်းလမ်းတစ်ခုပဲပေါက်တာလည်း ဒီမနက်ကပဲ တံတားထိထားတယ်ကြားတယ်။ မြို့အပြင်ထွက်ဖို့ လမ်းမတွေ့တော့ဘူး။ အခုလောလောဆယ်က ကိုယ့်အိမ်ဝင်းထဲက ကတုတ်ကျင်းတွေမှာပဲ ခိုလှုံနေကြရတယ်။”လို့ လားရှိုးဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ကျော်လောက်ကစပြီး လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေကြား စစ်ရေးတင်းမာလာတာဖြစ်ပြီး စစ်တပ်ဘက်က လားရှိုးမြို့ကို ဝင်တဲ့အထက်ပိုင်းလမ်းကြောင်းအားလုံးကို ဘတ်ဖိုးနဲ့တူးကာ လမ်းတွေဖြတ်တောက်လိုက်တာဖြစ်ပါတယ်။  ၁၀၂၇ စစ်ဆင်ရေးပြီးနောက် တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ညီနောင်မဟာမိတ်တွေရှိတဲ့ဘက်ကို လက်နက်ကြီးအပါအဝင်လေကြောင်းနဲ့အကြိမ်ကြိမ်လာရောက်ပစ်ခတ်တာတွေ ပြုလုပ်တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းတစ်ဖန်ပြန်လည် စတင်နေတာဖြစ်ပါတယ်။ By –…

    Read More »
  • Jun- 2024 -
    27 June
    သတင်း

    ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ  ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆  ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး  ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ရဲနဲ့ စစ်သား အင်အား ၂၀ ကျော်တပ်စွဲထားတဲ့ ဆိပ်မှု (ဆိုင်တောင်) စာသင်ကျောင်းအနီးက ရဲစခန်းကုန်းကို မနေ့က ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ KIA/PDF ပူးပေါင်းတပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် ဒုရဲမှူးကြီးတစ်ဦး၊ ဒုရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးအပါ စုစုပေါင်း ၁၂ ဦးအထိသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် KPDF ပြန်ကြားရေးဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်ကစစ်တပ်ကုန်းကို အဲ့မှာ ၁၀ ယောက်သေပြီးမှ ၆ ယောက်ဒဏ်ရာရတယ်ပြောတယ်ဗျ အရာရှိကသေဆုံးသွားတယ် ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့တခါတည်းသေသွားတာ”လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ရဲအရာရှိဟာ ဖားကန့်ရဲတပ်ရင်းက ဒုရဲမှူးကြီးသူရအောင်၊ ဒုရဲမှူး ခိုင်စိုးဟန်၊ ရဲအုပ် ထွန်းခိုင်စိုး၊ရဲတပ်ကြပ်ကြီး သိန်းစိုး၊တပ်ကြပ်ကြီး ဦးဝင်းမြင့်၊ ဒုတပ်ကြပ် ဇော်မိုး၊ တပ်သား ဟိန်းမင်းထက်၊ တပ်သား ဖြိုးထက်အောင်၊ တပ်သားဇော်ဝင်းကျော်၊တပ်သားထွန်းထွန်းလင်း စုစုပေါင်း ၁၀ ဦးဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိထားတဲ့ ၆ ဦးထဲကလည်း ဆေးရုံအရောက် တပ်သား ၂ ဦးထပ်ပြီးသေဆုံးတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။  “ဒီနေ့တော့အေးဆေးပဲမနေ့ကတော့အခြေအနေအတော်ဆိုးသွားတယ် ဒရုန်းချခံလိုက်ရတာသေတဲ့အလောင်းတွေနဲ့ဒဏ်ရာရထားတဲ့သူတွေကို နာရေးကူညီမှုအသင်းတွေကိုအတင်းခေါ်ပြီးပို့ခိုင်းတယ်ပြောတယ်။ ကြားရတာတော့ ပထမကသေတာ ၁၀ ယောက်ပဲ တချို့က ဆေးရုံမှာထပ်သေတာပြောတယ်”လို့ သူကပြောပါတယ်။ ဖားကန့်မြို့နယ်ဆိုင်းတောင်ကျေးရွာထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေမကြာခနရှိနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမကြာခနဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သတိထားပြီးနေထိုင်ကြဖို့ ဖားကန့်KPDF တာဝန်ရှိသူကပြောပါတယ်။ “ဆိုင်းတောင်ဘက်က လောလောဆယ်ပြည်သူတွေရော သတိထားပြီးနေရတဲ့အခြေအနေဟုတ်တယ်ဗျ။ မြို့ထဲရွာထဲမှာလောလောဆယ် တိုက်ပွဲတွေဖြစ်လာတဲ့အနေအထားဆိုတော့ပြည်သူတွေအားလုံးလည်းစိုးရိမ်တကြီးနေကြရတယ်။ မနေ့ကတော့တနေကုန်နီးပါးလောက်ပစ်နေတာ မြေပြင်မှာတိုက်ပွဲကတော့ဟိုနေရာနည်း ဒီနေရာနည်းနည်းအဲ့လိုပြောက်ကျားဖြစ်တာ”လို့သူကပြောပါတယ်။ ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ ဆိပ်မှု (ဆိုင်းတောင်)ဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်း ယူမာကျေးရွာ၊ မရှီကထောင်ကျေးရွာစတဲ့နေရာတွေကနေ စစ်ကူအနေနဲ့စစ်ကြောင်းထိုးလာတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဆိုင်းတောင်ကျေးရွာအဝင်မှာ ဇွန်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ ဒီကနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီဘပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေနေ့တိုင်းပြုလုပ်နေတာကြောင့် မနေ့ကတစ်ရက်တည်းဆိုင်းတောင်ရွာသားတစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • 26 June
    သတင်း

    ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းခန့် ဖားကန့် မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ  ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်ထဲ ကျမှန်ပေါက်ကွဲခဲ့ရာ ဘုန်ကြီးကျောင်းအနီးတဝိုက်က လက်ဖက်ရည်ဆိုင်နဲ့ရွှေပန်းတိမ်ထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးမှာကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးရှိခဲ့တယ်လို့ ဖားကန့် ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “လက်နက်ကြီးက စိန်မြသုခဘုန်းကြီးကျောင်းဝင်ထဲမှာကျကွဲတော့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ကောင်လေးတစ်ယောက်က လက်တစ်ဖက်ကျိုးသွားတယ်။ ဆိုင်မှာလာထိုင်နေတဲ့ တစ်ယောက်ကပွဲချင်းပြီး သေဆုံးသွားတယ်။ ရွှေဆိုင်က ပန်တိမ်ဆရာတစ်ယောက်လည်းထိသွားတယ်”လို့ပြောပါတယ်။ အလားတူဘဲ ဖားကန့်စစ်တပ်ကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ရှမ်းကုန်းရပ်ကွက် နေအိမ်တစ်အိမ်မှာလည်း တစ်လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ကရင်ကောင်လေးတစ်သီးလည်း ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပေမယ့် ရှမ်းကုန်းဘက် လမ်းတွေပိတ်ထားတာကြောင့် ဆေးကုသဖို့ခက်ခဲနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက် စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဆိုင်းတောင်ကျေးရွာအနီးတဝိုက်ပတ်ပတ်လည်မှာ သုံး၊ လေး နေရာလောက်မှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် စုစုပေါင်း အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ စားပွဲထိုးနဲ့ ရွှေပန်တိမ်ဆိုင်ကတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့တွက် ဆေးကုသခံယူနေပြီး ရှမ်းကုန်းဘက်က အမျိုးသားကတော့ ဆေးကုသခွင့်မရသေးဘူးလို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်အထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေသေးတာကြောင့် လက်နက်ကြီး ထိမှန်သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူတွေရဲ့ အချက်အလက်အသေးစိတ်ကို သိရှိဖို့ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဖားကန့် ဆိုင်းတောင်နဲ့ လုံးခင်းကျေးရွာတွေမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး စစ်တပ်ဘက်က ကျေးရွာအနီးတဝိုက် စစ်အင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်း စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် ဆိုင်းတောင်အနီးတဝိုက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး KIA ပူးပေါင်းတပ်တွေရှိတဲ့နေရာဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာ နှစ်ရက်ဆက်တိုက်ရှိပြီလို့ သိရပါတယ်။ တစ်ဖက်မှာ KIA ပူးပေါင်းတပ်တွေဘက်ကလည်း စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားသွားလာလို့မရအောင် စစ်တပ်ရှိတဲ့နေရာတွေဘက်ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နဲ့ နီးတဲ့ ကျေးရွာတွေမှာ စစ်တပ်ဘက် အခုလိုစစ်ရေးလှုပ်ရှားလာပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုရက်ပိုင်းအတွင်း အင်းတော်ကြီးဒေသ နဲ့ ဖားကန့် အစပ် ဝှေခါလမ်းတစ်ကြော စစ်တပ်နဲ့ ရှမ်းနီးပြည်သူ့စစ်တပ်စခန်းတွေကို KIA တပ်တွေ တိုက်ခိုက်သိမ်းပိုက်တာတွေရှိနေတာကြောင့် လုပ်ဆောင်လာတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “ဆိုင်းတောင်အနီးတဝိုက်မှာလည်း KIA တပ်တွေပုံမှန်ရှိတယ်လေ။ စစ်တပ်က စစ်ကြောင်းသွားလာတာတွေရှိလာတော့ ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့သဘောပါ။ အဲကြောင့် လက်နက်ကြီးတွေ ပစ်နေတာ။ အခုထိလည်းပစ်နေတုန်း တစ်ညလုံးလည်းပစ်တယ်။ အခုတလော မိုးညှင်း – အင်းတော်ကြီးဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတော့ စစ်တပ်က ခြေဆွဲတဲ့ ပုံစံနဲ့ စစ်ရေးလှုပ်ရှားလာတာလို့မြင်တယ်။ အရမ်းကြီး သွားလာဖို့လည်း အင်အားတော့မရှိဘူး။ ပြည်သူတွေရှိတဲ့ နေရာတွေမှာ အကာအကွယ်ယူပြီးတော့ သွားလာနေတာဟုတ်”လို့ပြောပါတယ်။ မနေ့က ဇွန်လ ၂၅ ရက်နေ့မှာလည်း ဖားကန့် ဗျူဟာကုန်းက တစ်ရက်လုံး လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လုံးခင်းရပ်ကွက် ကျောက်စိမ်းပြတဲ့ စျေးတန်းအနီးက နေအိမ်တစ်ခုမှာ လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မတ်လလောက်အထိ KIA က စခန်းသိမ်းတိုက်ပွဲတွေဖော်ခဲ့တာဖြစ်ပေမယ့်  ၂ လကျော်လောက်အထိ တိုက်ပွဲတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။ နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 25 June
    သတင်း

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရရှိထားတဲ့ နန့်သာဒေသခံများ ကယ်ထုတ်ဖို့ခက်ခဲနေဆဲ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ညမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှုတွေဟာ မနေ့က အထိဆက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရပြည်သူတွေလည်း ကယ်ထုတ်လို့မရပဲ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာတပ်စွဲနေထိုင်နေတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းကဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး စစ်ကြောင်းလာချိန်ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ရွာထဲပိတ်မိသွားတဲ့အရပ်သားတွေကိုနာမည်စာရင်းကောက်ယူကာ ညတိုင်းဘုန်းကြီးကျောင်းထဲမှာခေါ်စုပြီးလူသားဒိုင်းအဖြစ်အသုံးချနေတာ ခုဆိုရင်တစ်နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။  ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မနက် စစ်ကောင်စီစစ်သားတွေရှိနေတဲ့ နန့်သာရွာဘက်ကို တော်လှန်ရေးအင်အားစုတွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်ကအထိနာသွားတာကြောင့် ည ၁၂ နာရီဝန်းကျင် လေကြောင်းနဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုခွင့်မရဘဲပိတ်မိနေဆဲဖြစ်တယ်လို့  စစ်ဘေးရှောင်နေတဲ့နန့်သာကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ “စစ်သားတွေက ရွာသားတွေကို ဘုန်းကြီးကျောင်းထဲမှာ ခေါ်နေထားတာလေး သူတို့(စစ်ကောင်စီစစ်သား)တွေ ကမသေပါဘူး လေလာဉ်လာတဲ့ချိန်သူတို့က ကတုံးကျင်းတွေ၊ဗုံးခိုကျင်းတွေထဲဝင်ပြေးသွားကြတယ်တဲ့ ရွာသားတွေက အဆောက်အဦးထဲမှာပဲရှိနေတဲ့အဲ့အဆောက်အဦးပေါ်ကျဲလိုက်တော့ ဦးပဇင်းတစ်ပါးနဲ့ရွာသားခြောက်ယောက် ဟာပွဲချင်းပြီးဖြစ်သွားတာ”လို့သူကပြောပါတယ်။ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ကျဲချခဲ့တဲ့ ဗုံးသီးတစ်လုံးဟာ အရပ်သားတွေစုနေတဲ့ ဘုန်းတော်ကြီးကျောင်းဆောင်တည့်တည့်ကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဖြစ်စဉ်ဖြစ်သွားတဲ့ညက အသက် ၄၀ ကျော်ဦးပဇင်းတစ်ပါးနဲ့ရွာသား ၇ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြင်းထန်သူတွေကိုကယ်ထုတ်လို့မရတာကြောင့် တစ်ချို့သွေးလွန်သေဆုံးတာတွေရှိသွားပြီး မနေ့ကအထိ သေဆုံးသူ ၁၇ ဦးအထိရှိလာပြီလို့ အင်ပင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ “ပြည်သူက ၁၇ ယောက်ရှိပြီ ရဟန်းသာတစ်ပါးပါတယ် အဲ့ဒါကတော့သေသွားတယ်အဲ့လိုဆိုတော့အခါကျတော့ အခု ဒဏ်ရာရတာက ၃၀ ဝန်းကျင်လောက်ရှိတယ် အခုလည်းကယ်ထုတ်ဖို့ရာကျွန်တော်တို့အခု ချိတ်ဆက်ပြီးမှ နည်းနည်းကြိုးစားနေတယ်ပေါ့လေ ပိတ်မိနေတဲ့ပြည်သူတွေကအခု ထမင်းလည်းမစားရဘူး ရေလည်းမသောက်ရဘူး”လို့ ပိတ်မိပြည်သူတွေကိုကယ်ထုတ်ဖို့ကြိုးပမ်းနေတဲ့ အထက်ပါအမျိုးသားကပြောပါတယ်။ နန့်သာရွာလေ ကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူတွေဟာ ဦးဇင်းဝင်းဇော်၊ ဒေါ်ကျင်စော ၅၇ နှစ်၊ မပို ၄၀ နှစ်၊ ဦးသန်းစိန် ၅၅ နှစ်၊ ဦးအုန်းကျော် ၆၀ နှစ်၊ ဦးပိန်သေး ၅၉ နှစ်၊ ဒေါ်မနှစ် ၆၂နှစ်၊ မစနလင်း ၃၂နှစ်၊ မသူဇာမော် ၃၄နှစ်၊ ဦးကျော်မျိုး ၃၇နှစ်၊ မခင်စံပယ် ဉီး ၃၀နှစ် ၊ ဒေါ်ဂျမ်းပုံ ၈၀နှစ်၊ ဒေါ်အေးတင် ၅၀နှစ်၊ မကြူကြူ ၄၅နှစ် ကိုတင်စိုးလွင် ၄၂ နှစ်နှင့် အသက် ၅နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းသိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဇွန်လ ၂၂ ရက်နေ့က ပွဲချင်းပြီးသေဆုံးသူ ၇ဦးသာရှိခဲ့ပေမယ့် အချိန်မှီမကယ်ထုတ်နိုင်တာကြောင့် ဆေးဝါးကုသခွင့်မရတဲ့အတွက် ဇွန်လ ၂၃ရက်နေ့ နဲ့၂၄ ရက်နေ့အတွင်းနောက်ထပ်သေဆုံးသူ ၁၀ ဦးအထိတိုးလာတယ်လို့သိရပါတယ်။ လက်ရှိ နန့်သာဘုန်ကြီးကျောင်းထဲမှာ ဒဏ်ရာရပြည်သူ ၂၀ ကျော်နဲ့ဒဏ်ရာမရထားတဲ့ပြည်သူ ၁၀ ဦးကျော် စုစုပေါင်းပြည်သူ ၃၀ ကျော်ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကဘုန်းကြီးကျောင်းမှာတပ်စွဲတာလေး အဲ့တော့ဘုန်းကြီးကျောင်းနဲ့နီးတဲ့အိမ်တွေထဲက ပြည်သူတွေကို ညဘက်ဘုန်းကြီးကျောင်းမှာခေါ်စုပြီးအိပ်ခိုင်းတာ ပုံမှန် လူဦးရေ၄၀ ကျော် ၅၀ အထိကိုခေါ်အိပ်ခိုင်းတယ်။ အခုလည်း ဒဏ်ရတဲ့သူတွေက ၂၀ ကျော်ဆို အားလုံး ၅၀ ဝန်းကျင်လောက်တော့ပိတ်မိနေတယ် ဖုန်းကလည်း ၂၃ ရက်နေ့အထိတော့ဆက်သွယ်လို့ရတယ် ဘယ်လို့မှသွားကယ်ထုတ်လို့မရဖြစ်နေတယ်“လို့သူကပြောပါတယ်။ နန့်သာကျေးရွာထဲက ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို တာဝန်ရှိသူတွေက ညှိုနိုင်းနေဆဲပဲလို့သိရပြီး ပိတ်မိနေတဲ့ဒဏ်ရာရပြည်သူတွေကိုအချိန်မှီမကယ်ထုတ်နိုင်ရင် သေဆုံးသူတွေထပ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။…

    Read More »
  • 21 June
    သတင်း

    ဝိုင်းမော်မှာ ဒရုန်းဗုံးသီးစထိမှန်လို့ အရပ်သားတစ်ဦးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဝါရွာမှာ မနေ့ကည ၁၀ နာရီခွဲဝန်းကျင် ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီဒရုန်းဗုံးသီးဟာ နမ့်ဝါရွာအနီးမှာရှိတဲ့ ရာဘာခြံထဲကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရင်ဘတ်ကိုထိမှန်သေဆုံးခဲ့ရတာလို့ ဝိုင်းမော်…

    Read More »
  • 21 June
    သတင်း

    ပန်ဝါမြို့ မြေရှားသတ္တုတွင်းလုပ်ကွက် မြေပြိုမှုမှာ အလောင်း ၁၇ လောင်းတွေ့ရှိ

    ပန်ဝါမြို့ ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း သားအဖတို့ရဲ့ မြေရှားသတ္တုတွင်းမြေပြိုမှုမှာ ပါသွားတဲ့ ကုမ္မဏီလုပ်သား ၁၇ ဦးရဲ့ လောင်းတွေ့ရှိထားပြီလို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မြေပြိုကျခဲ့တဲ့ မြေရှားသတ္တုတွင်းမှာ ရှာဖွေရေးဆက်တိုက်လုပ်နေပြီး ဒီကနေ့ နေ့လည် ၁၂ နာရီအထိ အမျိုးသမီးတစ်ဦးအပါအဝင် လုပ်သား ၁၇ ဦးရဲ့ အလောင်းရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အမျိုးသမီးတစ်ယောက်ပါတယ် နာမည်က ဝါဝါအောင်ဆိုလား နေရပ်ကတော့အတိအကျမသိဘူး။ ကျန်တာကတော့ ယောင်္ကျားတွေဘဲ အညာဘက်က အလုပ်လာလုပ်တဲ့ ဗမာတိုင်းရင်သားတွေနဲ့ ကချင်ပြည်နယ်နမ္မတီးဘက်ကသူတွေ ပါတယ်လို့ ပြောတယ် ခုရှာတွေ့ထားတဲ့ထဲမှာ”လို့ ပြောပါတယ်။ လက်ရှိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ့ရှိထားတဲ့ထဲမှာ ဝါဝါအောင်ဆိုသူ အမျိုးသမီးရဲ့ ရုပ်အလောင်းလည်းပါရှိပြီး အမျိုးသားဖြစ်သူက  ဇွန်လ ၂၀ ရက်နေ့မှာ အရှင်လွတ်မြောက်လာခဲ့ပြီးတော့ လက်ရှိ…

    Read More »
  • 13 June
    သတင်း

    ဖားကန့်မှာ မြေစာပုံပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံး

    ဖားကန့်မြို့ မှော်စီဇာကျေးရွာမှာရှိတဲ့ သာယာကုန်းမှာ မြေစာပုံပြိုကျပြီး ရေမဆေးတစ်ဦး မြေစာပိသေဆုံးခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဇွန်လ ၁၃ ရက်နေ့ ဒီကနေ့ မနက် ၈ နာရီဝန်းကျင် သာယာကုန်းရွာအနီး ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ အမျိုးသား ၄ ဦး ကျောက်တူးနေချိန် လုပ်ကွက်ရဲအထက်မှာရှိတဲ့ မြေစာပြိုလာတာကြောင့် တစ်ဦးသေဆုံးပြီး နောက်ထပ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ “သေတာက တစ်ယောက်ထဲဗျ အပေါ်က မြေစာပုံပြိုကျပြီး ပိချသွားတာ ဒဏ်ရာရတဲ့သူတွေကိုတော့ ဖားကန့်ဆေးရုံပို့လိုက်ပြီလို့ သိရတယ်” လို့ ပြောပါတယ်။ မြေစာပိသေဆုံးတဲ့ အမျိုးသားဟာ အသက် ၁၇ နှစ်ဝန်းကျင်သာရှိသေးတယ်လို့သိရပြီး အမည်နာမအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် အဲဒီလုပ်ကွက်ဟာ မိုးရာသီကာလဖြစ်တာကြောင့် ကျောက်စိမ်းလုပ်ကွက်ပိတ်ထားတာဖြစ်ပြီး လုပ်ကွက်ပိတ်ချိန် ရေမဆေးရှာဖွေသူတွေက လက်ကျင်းနဲ့ဝင်ရောက်တူးရာကနေ ခုလိုမြေစာပိသေဆုံးတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ “သူကလက်ကျင်းနဲ့ဝင်တူးတာလို့ ပြောကြတယ် ခုက မိုးတွင်းဆိုတော့လေ အန္တာရယ်များတယ် အာ့ကြောင့် လုပ်ကွက်ကပိတ်ထားတာအဲချိန်ဝင်တူးကြတာလို့ ပြောတယ်”လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။ ဖားကန့်မှာ နှစ်တိုင်းမိုးရာသီကာလရောက်လာချိန် လုပ်ကွက်မြေပြိုမှု မကြာခနဖြစ်ပွားနေပြီး ၂၀၁၅ ခုနှစ်ဒီဇင်ဘာလမှာ မြေစာပုံပြို ကျမှုကတော့လူပေါင်း ၁၁၄ ဦး အလောင်းသေဆုံးပြီး  ၂၀၂၀ ခုနှစ်  ဇူလိုင် ၂ ရက်နေ့မှာတော့ ဝှေခါကျေးရွာ ရပ်ကွက် ၆ ရှိ  လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ ကျင်းကမ်းပါး ပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၁၇၂ ဦး အထိ စံချိန် တင်သေဆုံးခဲ့ပြီး  ၅၄ ဦးဒဏ်ရာများရရှိကာ ၁၉ ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ပထမအများ ဆုံးစံချိန်တင်သေဆုံးမှုဖြစ်ခဲ့ပါတယ်။ By – CJ

    Read More »
  • 11 June
    သတင်း

    ဝိုင်းမော်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးထပ်မံသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာမှာ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်က လက်နက်ကြီးကျလို့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သိမ်ကြီးစုရွာ လမ်းသွယ် ၁၃ လမ်းမပေါ်ကို…

    Read More »
Back to top button