ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ် မဲစာရင်းအတွက် မှတ်ပုံတင်မဖော်ပြနိုင်သည့် လူဦးရေ ၁ သိန်းခွဲရှိနေ

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာ မှတ်ပုံတင်မဖော်ပြနိုင်သည့် လူဦးရေ ၁သိန်းခွဲရှိနေကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ)မှ သိရသည်။

ဇွန်လ ၁၈ရက်နေ့အထိ ကချင်ပြည်နယ်တွင် မဲပေးနိုင်သည့် လူဦးရေ ၁၀ သိန်း ၇သောင်းရှိနေပြီး အဆိုပါစာရင်းမှ လူဦးရေ ၁သိန်းခွဲသည် မှတ်တင်ပုံမဖော်ပြနိုင်သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်ကြောင်း သတိပေးထားသည်။

“ဒီပြသာနာက ဒီနှစ်မှရှိတာတော့မဟုတ်ပါဘူး။ ပုံမှန်လိုဖြစ်နေတာ ဘာဖြစ်လို့လဲဆိုရင် တစ်ချို့ပြည်သူတွေက မှတ်ပုံတင်နဲ့ ပတ်သက်ပြီးတော့မှ အချိန်တန်ရင် မှတ်ပုံတင်သွားလုပ်ရမယ်ဆိုတာကို သိပ်ပြီးတော့နားမလည်တာရှိတယ်။ နောက်တစ်ချက်ကတော့ စာရင်းကောက်ယူတဲ့အချိန်မှာ သက်ဆိုင်ရာ ကာယကံရှင်မိသားစုတွေ မိမိအိမ်သားရဲ့မှတ်ပုံတင်ကို တိတိကျကျ မပြောနိုင်တဲ့အတွက် မဖော်ပြနိုင်တာလည်း ရှိတယ်။” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ အရာရှိ ဦထွန်းအောင်ခိုင် ပြောသည်။

မှတ်ပုံတင်မဖော်ပြနိုင်သည့် လူဦးရေသည်ယခင်ရွေးကောက်ပွဲထက် ပိုပိုများပြားလာသည့်အတွက် ရွေးကောက်ပွဲကာလ မရောက်မှီ သက်ဆိုင်ရာရပ်ကျေး (သို့မဟုတ်) အုပ်ချုပ်ရေးရုံးသို့ သွားရောက်ဖြည့်စွက်ပေးရန် ၎င်းက ဆက်ပြောသည်။

အဆိုပါ မဲစာရင်းကို ပြည်နယ်လူဝင်မူကြီးကြပ်ရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံအဖွဲ့ နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တို့က လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ပြုစုခဲ့ကြသည်ဟု သိရသည်။ ထို့ကြောင့် ကချင်ပြည်နယ်တွင် မဲထည့်ပိုင်ခွင့်ရှိသည့် လူဦးရေစာရင်းသည် လက်ရှိတွင် ၁၀ သိန်း ၇သောင်းရှိနေပြီး လအလိုက်လူဦးရေစာရင်းထပ်တိုးလာနိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) မှ သိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မှတ်ပုံတင်ရှိမှသာ မဲထည့်ပိုင်ခွင့်ရနိုင်သည်ဟူသည့် အသိပညာပေးအစီစဉ်များ လုပ်ဆောင်သင့်ကြောင့် ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။

“မဲတစ်မဲဟာ တိုင်းပြည်အတွက် အစိုးရအပြောင်းလဲဖြစ်စေတယ်။ မဲတစ်ပြားဟာ အလွန်တစ်ရာမှ အရေးကြီးတယ်။ မဲတစ်ပြားကြောင့်မို့ အကောင်းဘက်ကိုဖြစ်သွားစေသလို အဆိုးဘက်ကိုလည်းဖြစ်သွားစေတယ်။ အကောင်းဘက်ဆိုတာက ကျနော်တို့ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းမယ်။ ဘယ်ပါတီဘဲဖြစ်ဖြစ် ကျနော်တို့တူတကွလုပ်မယ်ဆိုတဲ့နေရာမှာ ညွှန့်ပေါင်းအစိုးရ လိုအပ်လာတယ်။ လူတစ်ယောက်ရဲ့ မဲတစ်ပြားရူံးနိမ့်သွားမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲအတွက် အပြောင်းလဲဖြစ်ရုံတင်မက အပြောင်းလဲရဲ့နောက်ဆက်တွဲတွေလည်း အများကြီးဖြစ်လာနိုင်တယ်။” ဟု ကချင်ပြည်သူ့ပါတီမှ ဦးအောင်ခမ်းက ဆိုသည်။

ပြည်နယ်အခြစိုက်ပါတီ ၂၁ ခုအနက် ၁၈ ခုသာ ဝင်ခွင့်ပြု

ကချင်ပြည်နယ်တွင်း မှတ်တင်ပုံတင်ထားသည့် ပါတီပေါင်း ၂၁ပါတီရှိသည့်နက် ၁၈ ပါတီသာ ရွေးကောက်ပွဲဝင်ခွင့်ရှိပြီး ကျန်သည့် ၃ပါတီသည် ယာယီရပ်ဆိုင်းထားခံရသည့် ပါတီများဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။

“၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) သည် ၃နှစ်ရပ်ဆိုင်းထားခြင်းခံရပြီး၊ သူသည် ၃နှစ်ပြည့်တဲ့ချိန်မှာ ၂၀၂၀ ကိုကျော်နေတာဖြစ်တဲ့တွက် သူသည်ဝင်ပြိုင်ခွင့်ရမည်မဟုတ်ပါဘူး။ နောက်တစ်ခု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ သူလည်း ၃နှစ်ယာယီ ရပ်ဆိုင်းထားတယ်။ သူလည်း ၂၀၂၁ခုနှစ်မှ သုံးနှစ်ပြည့်မှာဖြစ်တဲ့အတွက် ဝင်ပြိုင်ခွင့်ရမှာမဟုတ်ပါဘူး။ နောက်ပါတီက ပြည်သူ့ဒီမိုကရေစီပါတီကတော့ ၂၀၂၀မှာ ၃နှစ်ပြည့်မယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ညွန်ကြားချက်တွေတိုင်း လိုက်နာဆောင်ရွက်ထားပြီးတော့မှ အဲညွှန်ကြားထားတဲ့အလုပ်တွေပြီးပြတ်သွားတယ်ဆိုလို့ရှိရင် ၂၀၂၀မှာ ဝင်ပြိုင်ခွင့်ရမယ့်အနေထားရှိချင်ရှိမယ်။”ဟု ပြောသည်။

ရွေးကောက်ပွဲဝင်ခွင့်ရသည့် နိုင်ငံရေးပါတီများ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊  ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊  ညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းလျံရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊  ကချင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊  ကချင်အမျိုးသားကွန်ကရက်ပါတီ၊  လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊  ရှမ်းနီ(တိုင်းလျန်သွေးစည်းညီညွှတ်ရေးပါတီ)၊  လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊  ကချင်ပြည်နယ်ပြည်သူ့ပါတီ၊  ဒီမိုကရေစီတစ်ပါတီ ၊ နာဂပါတီ တို့ဖြစ်သည်။

လာမည့်အထွေထွေရွေးကောက်ပွဲတွင် ကချင်တစ်ပြည်နယ်လုံးတွင် မဲဆန္ဒရှင်လူဦးရေပေါင်း ၁သိန်း ၇သောင်း၊ လျာထားသည့် မဲရုံ ၈၉၀ ရှိသည်ဟု သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်လူဦးရေ ၈သိန်း ၇သောင်းရှိကာ၊ မဲရုံပေါင်း ၈၁၄ ရုံရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

Show More

Related Articles

Back to top button