သတင်း

ရှမ်းမြောက်တွင် မြန်မာအစိုးရတပ် နှင့် KIA ကြား လေးရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား

မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ Kaleng (ကာလိုင်) ဒေသတွင် နေ့စဉ် ကြိုကျားတိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ဇွန်လ (၁၉)၊ သောကြာနေ့ ထိ လေးရက် ရှိလာပြီဖြစ်သည်။

ညနေ (၅)နာရီကျော်မှ ပြန်စသည့် သောကြာနေ့တိုက်ပွဲသည် အတော်ပြင်းထန်ပြီး အချိန် မိနစ် (၄၀)ခန့် ကြာကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်သံများကို Kaleng ကျေးရွာမှ ကြားနေရကြောင်း ဒေသခံများဆိုပါသည်။

“အခုဖြစ်တာက Kaleng ကျေးရွာအနီးမှာဖြစ်ပါတယ်။ KIA အထူးလှုပ်ရှားတပ်ရင်း (၂၉) နဲ့ မြန်မာစစ်ကြောင်း ထိတွေ့ပြီး တိုက်ပွဲက အတော်လည်း ပြင်းထန်ပါတယ်” ဟု KIA တပ်မဟာ (၄) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

KIA တပ်မဟာ (၄)လက်အောက်ခံ တပ်ရင်း (၈) နယ်မြေ Kaleng ဒေသကို ကွတ်ခိုင်မြို့ အနောက်ဘက် (၈)မိုင်ကျော် အကွာမှာရှိပြီး ၎င်းနယ်မြေသို့ မြန်မာစစ်တပ် တပ်မ (၈၈) နှင့် (၉၉) စစ်ကြောင်းများ ထိုးစစ်ဆင်လှုပ်ရှားလာခြင်းကြောင့် KIA အဖွဲ့နှင့် ကြိုကျားတိုက်ပွဲများ ဇွန်လ (၁၆)ရက်နေ့ ညမှ ဖြစ်ပွားလာခြင်းဖြစ်သည်။

ယခု မြန်မာအစိုးရတပ်နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး (bilateral ceasefire) ညှိနှိုင်းဆွေးနွေးနေသည့်ကာလ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်ဖွဲ့များ အားလုံး အစိုးရတပ်ကို တိုက်ခိုက်ခြင်း မပြုလုပ်ရန်ညွှန်ကြားထားဆဲဖြစ်ပြီး မိမိကိုယ်ကိုကာကွယ်ခြင်း သဘောဖြင့်သာ ခုခံရန် ခွင့်ပြုထားပါသည်။

ယခု ကမ္ဘာ့ COVID-19 ကပ်ရောဂါ ကာကွယ်ကုသသည့်ကာလမှာ မြန်မာစစ်တပ်က ၎င်းတို့ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် ရခိုင် AA နှင့်ဖြစ်သောစစ်ပွဲမှလွှဲပြီး ကျန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ တည်ရှိသောနယ်မြေအားလုံးတွင် စစ်ပွဲကို မေလ (၁၀)မှ သြဂုတ်လ (၃၁)ရက်ထိ ရပ်ထားကြောင်း ကြေညာထားပါသည်။

သို့သော်လည်း တပ်မတော် စစ်ကြောင်းများ ရှမ်းပြည်မြောက်ပိုင်း KIA စခန်းများကို လိုက်လံ တိုက်ခိုက်မှုများပြုလုပ်လာပြီး ဇွန်လ ၆ ရက်နှင့် ၇ရက်တွင် မူဆယ်မြို့နယ်အတွင်း KIA တပ်မဟာ (၆)လက်အောက်ခံ တပ်ရင်း (၉) ဌာနချုပ် Htan Hpa Bum (ထန်းဖါတောင်)ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

…..Zawgyi….

ရွမ္းေျမာက္တြင္ ျမန္မာအစိုးရတပ္ ႏွင့္ KIA ၾကား ေလးရက္ ဆက္တိုက္ တိုက္ပြဲ ျဖစ္ပြား

June 19, 2020/ Kachin News Group

ျမန္မာအစိုးရတပ္ ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၾကား ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ျမိဳ႕နယ္၊ Kaleng (ကာလိုင္) ေဒသတြင္ ေန႔စဥ္ ၾကိဳက်ားတိုက္ပြဲမ်ား ျဖစ္ပြားေနျခင္းသည္ ဇြန္လ (၁၉)၊ ေသာၾကာေန႔ ထိ ေလးရက္ ရိွလာျပီျဖစ္သည္။

ညေန ()နာရီေက်ာ္မွ ျပန္စသည့္ ေသာၾကာေန႔တိုက္ပြဲသည္ အေတာ္ျပင္းထန္ၿပီး အခ်ိန္ မိနစ္ (၄၀)ခန္႔ ၾကာေၾကာင္း ႏွင့္ လက္နက္ၾကီး ပစ္ခတ္သံမ်ားကို Kaleng ေက်းရြာမွ ၾကားေနရေၾကာင္း ေဒသခံမ်ားဆိုပါသည္။

အခုျဖစ္တာက Kaleng ေက်းရြာအနီးမွာျဖစ္ပါတယ္။ KIA အထူးလႈပ္ရွားတပ္ရင္း (၂၉) နဲ႔ ျမန္မာစစ္ေၾကာင္း ထိေတြ႔ၿပီး တိုက္ပြဲက အေတာ္လည္း ျပင္းထန္ပါတယ္ဟု KIA တပ္မဟာ () အရာရိွ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

KIA တပ္မဟာ ()လက္ေအာက္ခံ တပ္ရင္း () နယ္ေျမ Kaleng ေဒသကို ကြတ္ခိုင္ျမိဳ႕ အေနာက္ဘက္ ()မိုင္ေက်ာ္ အကြာမွာရိွၿပီး ၎နယ္ေျမသို႔ ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ (၉၉) စစ္ေၾကာင္းမ်ား ထိုးစစ္ဆင္လႈပ္ရွားလာျခင္းေၾကာင့္ KIA အဖြဲ႔ႏွင့္ ၾကိဳက်ားတိုက္ပြဲမ်ား ဇြန္လ (၁၆)ရက္ေန႔ ညမွ ျဖစ္ပြားလာျခင္းျဖစ္သည္။

ယခု ျမန္မာအစိုးရတပ္ႏွင့္ ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး (bilateral ceasefire) ညိွႏိႈင္းေဆြးေႏြးေနသည့္ကာလ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရိွ KIA တပ္ဖြဲ႔မ်ား အားလုံး အစိုးရတပ္ကို တိုက္ခိုက္ျခင္း မျပဳလုပ္ရန္ညႊန္ၾကားထားဆဲျဖစ္ၿပီး မိမိကိုယ္ကိုကာကြယ္ျခင္း သေဘာျဖင့္သာ ခုခံရန္ ခြင့္ျပဳထားပါသည္။

ယခု ကမၻာ့ COVID-19 ကပ္ေရာဂါ ကာကြယ္ကုသသည့္ကာလမွာ ျမန္မာစစ္တပ္က ၎တို႔ အၾကမ္းဖက္အဖြဲ႔ဟု သတ္မွတ္ထားသည့္ ရခိုင္ AA ႏွင့္ျဖစ္ေသာစစ္ပြဲမွလႊဲၿပီး က်န္ တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႔မ်ား တည္ရိွေသာနယ္ေျမအားလုံးတြင္ စစ္ပြဲကို ေမလ (၁၀)မွ ၾသဂုတ္လ (၃၁)ရက္ထိ ရပ္ထားေၾကာင္း ေၾကညာထားပါသည္။

သို႔ေသာ္လည္း တပ္မေတာ္ စစ္ေၾကာင္းမ်ား ရွမ္းျပည္ေျမာက္ပိုင္း KIA စခန္းမ်ားကို လိုက္လံ တိုက္ခိုက္မႈမ်ားျပဳလုပ္လာၿပီး ဇြန္လ ၆ ရက္ႏွင့္ ၇ရက္တြင္ မူဆယ္ျမိဳ႕နယ္အတြင္း KIA တပ္မဟာ ()လက္ေအာက္ခံ တပ္ရင္း () ဌာနခ်ဳပ္ Htan Hpa Bum (ထန္းဖါေတာင္)ကို တိုက္ခိုက္ သိမ္းပိုက္ခဲ့သည္။

Show More

Related Articles

Back to top button