Month: August 2020
-
Covid-19 Reporting
Covid-19 ကာလ အစိုးရမှ ကိုယ်ဝန်ဆောင်များကိုထောက်ပံ့မည့်အစီစဉ် KIO လက်မခံ
Covid-19 ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့မည့်အစီစဉ်တွင် KIO ထိန်းချုပ် နယ်မြေအတွင်းရှိ မိခင်များပါဝင်သော်လည်း အဆိုပါအစီစဉ်ကို KIO ဘက်မှ လက်မခံဘဲ ငြင်းဆိုထားသည်ဟု သိရသည်။ လွန်ခဲ့သည့်လအတွင်း အစိုးရမှ ထောက်ပံ့ပေးမည့် အဆိုပါအစီအစဉ်ကို သက်ဆိုင်ရာ…
Read More » -
သတင်း
မြန်မာစစ်တပ် တပ်မ ၂၂ နှင့် ကိုးကန့်တပ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား
မြန်မာစစ်တပ် တပ်မ ၂၂ နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း သြဂုတ် ၂၉၊ စနေနေ့ နံနက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော် ရဟတ်ယာဉ် တစ်စင်း ပါဝင်တိုက်ခိုက်ကြောင်း ဒေသခံများမှ သိရသည်။…
Read More » -
ရွေးကောက်ပွဲဆိုင်ရာ
ဗန်းမော်ခရိုင်ရှိ စစ်ရှောင်စခန်း ၃ ခု၌သာ မဲရုံထားမည်
ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် စစ်ရှောင်စခန်းပေါင်း ၂၀ ရှိသည့်အနက် စခန်း ၃ ခုတွင်သာ မဲရုံဖွင့်မည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ အဆိုစခန်း ၃ ခုမှာ မံစီမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း ဖြစ်သည်ဟုလည်း သိရသည်။ “မံစီမြို့နယ်တွင်းမှာ စစ်ရှောင်စခန်းက…
Read More » -
Covid-19 Reporting
Covid-19 ပိုးတွေ့ရှိဒေသမှ KIO နယ်မြေသို့ဝင်လာသူတိုင်း Quarantine ပြန်ဝင်ရတော့မည်
အစိုးရထိန်းချုပ်နယ်မြေရှိ ပိုးတွေ့လူနာများရှိနေဆဲနေရာမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေသို့ ဝင်လာသောမည်သူမဆို Quarantine (၇) ရက်ခံယူရမည်ဖြစ်ကြောင်း KIO Covid-19 ကူးစက်ရောဂါကာကွယ်ရေးကော်မတီမှ သိရသည်။ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကြောင့် လက်ရှိ မြန်မာပြည်အနောက်ဘက် ရခိုင်ပြည်နယ်တွင်ကူးစက်မှုများပြားလာပြီး ရန်ကုန်နှင့်…
Read More » -
ငြိမ်းချမ်းရေးသတင်း
ကချင်ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ မြစ်ကြီးနားတွင်ပြုလုပ်
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့်အခြေအနေများ လေ့လာဆန်းစစ်ရေးနှင့် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကြား သတင်းမျှဝေနိုင်ဖို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲတစ်ခုကို သြဂုတ် ၂၆ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို Burma News International (BNI) နှင့် Kachin News Group (KNG)…
Read More » -
ငြိမ်းချမ်းရေးသတင်း
လူငယ်တစ်ဦးရိုက်နှက်ခံရမှု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့တိုင်ကြားထား
ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က လူငယ်တစ်ဦးကို ရိုက်နက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကိုအရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တောင်းဆိုထားသည်ဟု သိရသည်။ သြဂုတ်လ ၂၄ရက်နေ့ မွန်းလွဲပိုင်း ၂နာရီခန့် ကျေးရွာအတွင်းလမ်းခင်းရန် နမ်ဆမ်ချောင်းမှ ထော်လာဂျီဖြင့် သဲကျောက်သယ်လာစဉ် ပြည်သူ့စစ်ဂိတ် မောင်းတံကြိုးတိုက်မိပြီးနောက်…
Read More » -
ငြိမ်းချမ်းရေးသတင်း
နေရပ်ပြန်ရေးအစီစဉ်အပေါ် စစ်ရှောင်များ၏ အသံ
စစ်ဘေးရှောင်တွေ နေရပ်အမြန်ပြန်နိုင်ဖို့ အစိုးရနဲ့ ကချင်အဖွဲ့အစည်းတွေပြင်ဆင်နေတဲ့အပေါ် စစ်ဘေးရှောင်တွေရဲ့အသံကို စုစည်းတင်ဆက်လိုက်ပါတယ်။ ဒေါ်ခန်ဂျေရွယ်စွန် မိုင်းနား KBC စစ်ဘေးရှောင်စခန်း “ကျမတစ်ဦးချင်းအမြင်ဆို အိမ်မပြန်ချင်တော့ဘူး။ အရင် ကျမ လူငယ်ခေတ်ကတည်းက စစ်ပွဲကြား ကြီးလာတာ။ အဲဒီခေတ်ကိုပြန်စဉ်းစားရင် အခုလည်း ငြိမ်းချမ်းရေးအတွက်…
Read More » -
သတင်း
နေရာအသစ်တွင် ပြန်လည်ထူထောင်ရေးပြုလုပ်ပေးရန် တာလောကြီးဒေသခံများတောင်းဆို
မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာတွင် အစိုးရမှနေရပ်ပြန်ရေးစီစဉ်ရာ၌ ယခင်မူလမြေနေရာတွင် မဟုတ်ဘဲ အခြားမြေနေရာတစ်ခုတွင်သာ စီစဉ်ပေးစေလိုသည်ဟု စစ်ရှောင်များက တောင်းဆိုနေကြသည်။ ယခင် ၎င်းတို့မြေနေရာများတွင် နှစ်စဉ် ဧရာဝတီမြစ် ရေကြီးရေလျှံမှုကြုံတွေ့နိုင်သောကြောင့် ပြန်လည်ထူထောင်ရေးတွင် ရေမဝင်နိုင်သော အခြားတစ်နေရာတွင်သာ စီစဉ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု…
Read More » -
ရွေးကောက်ပွဲဆိုင်ရာ
NLD ပါတီကို ကန့်ကွက်ဝေဖန်သည့် စာများ ပြန့်ကျဲထား
ကချင်ပြည်နယ် ဗန်းမော်-မံစီ ကားလမ်းမကြီးတစ်လျှောက်တွင် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (NLD) ကို ကန့်ကွက်ဝေဖန်သည့် စာများ ပြန့်ကျဲထားသည်ဟု သိရသည်။ သြဂုတ်လ ၂၁ ရက်နေ့ည ဗန်းမော်-မံစီကားလမ်းပေါ်ရှိ ဖန်ခါးကျေးရွာမှ နာဇရက်ကျေးရွာထိ စာရွက်များကို ၆ ပေအကွာခြားပြီး ပြန့်ကျဲနေသည်ကို…
Read More » -
Covid-19