ရွှေကူ နှင့် ဟူးကောင်းဒေသ KIA နယ်မြေတွင် အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်

ရွှေကူမြို့နယ်နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် မေလ ၃၁ရက်‌နေ့ ယနေ့ ညနေပိုင်း ၄နာရီခွဲအချိန်တွင် တစ်ပြိုင်တည်း နေရာ ၂ ခုတွင် ဗုံးကြဲတိုက်နေကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားသယ် သင်္ဘော မကြာခဏပစ်ခံရသည့် မင်းကျောင်းကုန်းနှင့် သာယာကုန်းကျေးရွာကြားရှိ KIA တပ်စခန်းကို ဗုံးလာကြဲသွားသည်ဟု ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

ရွှေကူမြို့နယ်တွင် စစ်တပ်၏ စစ်အင်အားသယ်ယာဉ် သင်္ဘောကို KIA က မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေသည်မှာ ၅ကြိမ်ထက်နည်းရှိပြီ ဖြစ်သည်။

ထိုနည်းတူ တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာအနီးရှိသော လောဒ်ဂျာ KIA စခန်းအနီးကိုလည်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြည်နယ်အနှံ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည်။

Show More
Back to top button