သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မြစ်ကြီးနားမြို့ တွင် ရောက်ရှိနေ

အာဏာသိမ်း စစ်‌‌ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေပြီဟု တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ဒီမနက် ၁၀နာရီလောက်မှာ ယာဉ်တန်းနဲ့ မြောက်ပိုင်းတိုင်းမှာ ရောက်လာပြီလို့ သိရတယ်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ စစ်ကောင်စီ ခေါင်းဆောင်သည် ကချင်ပြည်နယ်တွင် ၂ ရက်ခန့် နေမည်ဟု သိရသည်။

“ခု သတင်းတွေ ထွက်နေတာကတော့ ဒီ ၂ ရက်တာ ခရီးစဉ်အတွင်းမှာ နယ်ခြားစောင့်တပ် (BGF) က တာဝန်ရှိ သူတွေနဲ့ပြီးတော့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ ရှိတယ်ဆိုတာ ကြားတယ်” ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ ဥက္ကဋ္ဌ ရောက်ရှိနေစဉ် လက်ရှိ မြစ်ကြီးနားမြို့အတွင်း၊ အပြင် စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်သည် စစ်ကောင်စီ ဥက္ကဋ္ဌ၏ အာဏာသိမ်းဖြစ်စဉ်အပြီး ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ် ဖြစ်သည်။

Show More

Related Articles

Back to top button