သတင်း

ဖားကန့် မြေပြိုမှုတွင် သေဆုံးသွားသည့် လူ ၅ဦး၏ ရုပ်အလောင်းမတွေ့ရှိသေး

ဖားကန့်မြို့နယ် ဆပ်မူအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် ​မြေစာပုံပြိုကျကြောင့် လူ ၅ဦးသေဆုံးသွားပြီး သေဆုံးမှုတွင်ပါဝင်သည့် လူ ၅ဦး ၏ ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့အထိ မတွေ့ရသေးကြောင်း သိရသည်။

“တာဝန်ရှိတဲ့ ကယ်ဆေးရေးအဖွဲ့တွေက ဒီနေ့တော့ ရှာဖွေတာရပ်နားလိုက်ပြီ။ မနေ့က တစ်နေ့လုံး ရတဲ့နည်းလမ်းတွေနဲ့ရှာပြီးသွားပြီ။ ဒါပေမယ့် မတွေ့သေးဘူး။ မြေပြိုတဲ့နေရာမှာ သေဆုံးတဲ့ စာရင်းက ၅ယောက်ဖြစ်တယ်လို့ သိရတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ပြည်သူတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

မြေစာပုံပြိုကျမှုဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းအစောပိုင်း ၁နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုတွင် ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ၃ဦးနှင့် ရေမဆေးမသမား ၂ဦး သေဆုံးမှုတွင်ပါဝင်ကြောင်းသိရသည်။

အဆိုပါ သေဆုံးမှုတွင် ပါဝင်သည့် ရေမဆေးသမား ၂ဦးမှာ မက်လင်ဂျောင်ကျေးရွာနှင့် ဆိုင်းဂျာဘွမ့် ကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။

မြေပြိုမှု ဖြစ်ပွားခဲ့သည့်​နေရာမှာ တရားမဝင်လုပ်ကိုင်နေသည့်လုပ်ကွက်နေရာဖြစ်ပြီး ပေ ၁ ထောင်ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

Photo – CJ

Show More

Related Articles

Back to top button