,

Breaking News :

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဖားကန့်မြေပြိုမှု လူတစ်ဦး အလောင်းသာ တွေ့ရှိသေး

ဖားကန့်မြို့အဝင်ဆိုင်းဘုတ်

ဖားကန့် ၊ လုံးခင်းအုပ်စု၊ မှော်စီစာဘက် ယနေ့ နံနက်ပိုင်းက မြေစာပုံထပ်မံပြိုကျရာတွင် ရေမဆေးလူဦးရေ ဆယ်ချီပါသွားသော်လည်း ယနေ့ ညနေပိုင်းအထိ အလောင်း ၁ လောင်းသာ တွေ့ရှိရသေးကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ အသီးသီးက ယနေ့ နံနက် ၉နာရီဝန်းကျင်ခန့်မှစတင်ပြီး ရှာဖွေရေးလုပ်ငန်း စတင်ခဲ့ရာ အလောင်း ၁ လောင်းသာတွေ့ရှိခဲ့ပြီးညနေပိုင်း ၄ နာရီတွင် ပထမရက် ရှာဖွေရေးလုပ်ငန်းရပ်နားလိုက်ပြီဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“သေတဲ့ အလောင်းက ၁ ယောက်ဘဲတွေ့သေးတယ်။ အဲ့ ၁လောင်းက မနက်ပိုင်းက တွေ့တယ်။ ညနေပိုင်းအထိတော့ ပြန်မတွေ့တော့ဘူး။ ဒီနေ့အတွက် ရှာဖွေမှုက ရပ်နားလိုက်ပြီ။ နက်ဖြန်မှ နောက်တစ်ရက်ပြန်ရှာမယ်ထင်တယ်”ဟု ပြောဆိုခဲ့သည်။

မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများ၏ မှော်ဒေသအလိုက် လူဦးရေစာရင်းကို ယခင်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ပေးသူမရှိသည့်အတွက် ပျောက်ဆုံးသည့်စာရင်းကို တိတိကျကျမသိရသေးကြောင်းလည်း သူကဆက်ဆိုထားသည်။

“အခုလောလောဆယ်အထိ ပျောက်ဆုံးတဲ့ စာရင်းအတိအကျကောက်လို့မရသေးဘူး။ အုပ်ချုပ်ရေးဌာနကလည်း ဒီအပိုင်းကို သေချာ မလုပ်ပေးနိုင်ဘူး။ အခုက လူပျောက်ပြီး လာစောင့်နေကြတဲ့သူတွေဘဲ မြင်တွေ့နေရတယ်”ဟု ဆက်ဆိုသည်။

လူပျောက်ဆုံးမှုကြောင့် မြေစာပုံပြိုကျခဲ့သည့်နေရာတွင် လာရောက်စောင့်ဆိုင်းနေသည့် မိသားစု ခန့်မှန်းခြေ ၃၀ နှင့် ၄၀ ကြားတွင်ရှိနေကြောင်းလည်း သိရသည်။

ယနေ့နံနက် အစေားပိုင်း ၄နာရီဝန်းကျင်တွင် သာယာကုန်းနှင့် အောင်သာယာ (၂)ကြားရှိ စိန်စိန်ကုမ္ပဏီလုပ်ကွက်နေရာတွင် ပေ ၁၀၀ ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် ရေမဆေးသမား ၈၀ ဝန်းကျင်ခန့် ပါသွားသည်ဟုလည်း မျက်မြင်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ဆိပ်မူအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်တွင်ပျောက်ဆုံးနေသည့် လူ ၅ဦးအနက် ၃ဦး၏ အလောင်းကို ယနေ့  ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီဘက်က ကျောက်စိမ်းတူးဖော်မှုများရပ်တန့်ထားမည်ဟုဆိုသော်လည်း မြေပြင်တွင် ပုံမှန်တူးဖော်နေကြပြီး ယခုအပတ်အတွင်းပင် မြေစာပုံပြိုကျမှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူသေဆုံးမှု အလွန်များပြားခဲ့ခြင်းဖြစ်သည်။

Read Previous

ဖားကန့် မြေပြိုမှုတွင် သေဆုံးသွားသည့် လူ ၅ဦး၏ ရုပ်အလောင်းမတွေ့ရှိသေး

Read Next

ပူတာအိုတွင် အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

Leave a Reply

Your email address will not be published.