,

Breaking News :

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ

KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး

ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား

KIA အရာရှိတစ်ဦးကို ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ဖမ်းဆီးသွား၊ သေဆုံးမှုရှိနိုင်ဟုဆို

နောင်မွန်​တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ

နောင်မွန်မြို့

ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စစ်ကောင်စီ ရဲတပ်သားများ၏ အမျိုးသမီးများကို ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှစတင်ကာ စစ်သင်တန်းပို့ချပေးနေကြောင်းသိရသည်။

စစ်သင်တန်းတက်နေသည့် အမျိုးသမီးများကို ရှေ့တန်းလုံခြုံရေးအတွက် လိုအပ်သည်ဟု ပြောဆိုကာ ရဲအရာရှိ တာဝန်ရှိသူများက သင်ကြားပေးနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးထံမှသိရသည်။

“နီးစပ်တဲ့ သူတွေကို မေးကြည့်တော့ ရှေ့တန်းထွက်ရင် စခန်းတွေကို လုံခြုံရေးယူပေးနိုင်ဖို့လို့ပြောတယ်။ ပြီးရင် ခုခံကာကွယ်နိုင်ဖို့လို့လည်းပြောတယ်။ အဲ့လောက်ဘဲသိရတယ်”ဟု ပြောဆိုသည်။

လက်ရှိ စစ်သင်တန်းတက်နေသည့် အမျိုးသမီးများ ၁၇ ဦးခန့်ရှိပြီး အသက် ၅၀နှစ်အောက်ရှိသူများသာ ဖြစ်ကြသည်ဟု ဆက်ဆိုသည်။

စစ်သင်တန်းကာလမှာ ၁လ ခန့်သာ ကြာမြင့်နိုင်ပြီး နောင်မွန်မြို့၏ မြို့နယ် ရဲစခန်းအတွင်းမှာ သင်ကြားပို့ချပေးနေကြောင်းသိရသည်။

နောင်မွန်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဌာနယ်ပြည်သူ့စစ်အဖွဲ့ကလည်း ထိုဒေသရှိ လူငယ်များကို စည်းရုံးကာ စစ်သင်တန်းပို့ချမှုများ ၂ ကြိမ် ထက်မနည်းပို့ချခဲ့ပြီဖြစ်ပါသည်။

Read Previous

မုံးကိုးမှာ အမျိုးသမီး၁ ဦး လက်နက်ထိမှန်ပြီးဒဏ်ရာရ

Read Next

ဖားကန့် မြေပြိုမှုတွင် သေဆုံးသွားသည့် လူ ၅ဦး၏ ရုပ်အလောင်းမတွေ့ရှိသေး

Leave a Reply

Your email address will not be published.