သတင်း

အင်းတော်ကြီးကန်တွင် ရေကစားရင်း ရေနစ်သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းပြန်တွေ့

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးကန်တွင် ရေကစားရင်း ရေနစ်သေဆုံးခဲ့ သည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဟိုပင်မြို့မှ ကိုဖြိုးဝေလင်းဆိုသူသည် ဧပြီ ၁၅ ရက်နေ့ အင်းတော်ကြီးကန်အတွင်းသို့ ရေလာကစားရာမှ ရေနစ်သေဆုံးခဲ့ပြီး ယနေ့ နံနက် ပြန်လည်တွေ့ရှိခဲ့သည်ဟု ရှာဖွေကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သည့်အမျိုးသား တစ်ဦးက KNGကိုပြောသည်။

“ရုပ်အလောင်းကမနေ့ကလည်းရှာတာ မတွေ့ဘူး။ ဒီနေ့မနက်မှ မနက် ၇နာရီလောက်မှ ပြန်ပေါ်လာတာဗျ။ သူကမနေ့က နေ့လယ် တစ်နာရီလောက်မှ နစ်သွားတာ ဒီနေ့ မီးရှို့သဂြိုလ်မယ်လို့သိရတယ်”ဟု ၎င်းကပြောသည်။

ယင်းအမျိုးသားသည် ရေကစားသည့်ဘုတ်ဖြင့် ၎င်း၏ သူငယ်ချင်းများနဲ့အတူ ရေကစားနေစဥ် ရေအနက် ၈ပေခန့်တွင် ပြုတ်ကျသွားရာမှ ပြန်မပေါ်နိုင်ပဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်းတော်ကြီးကန်တွင် ယခုနှစ်သင်္ကြန်ကာလ ရေကစားသူများနှင့် လာရောက်လည်ပတ်သူ ပုံမှန်ထက်များနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သင်္ကြန်ကာလ အင်းတော်ကြီးတွင် အမျိူးသားတစ်ဦး ရေကစားရာမှ ရေနစ်သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button