လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မပခ ဂိတ်အနီးမှာ ဖြတ်သွားသော ခရီးသွားများ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရ

မြစ်ကြီးနား ပမ္မတီး ရပ်ကွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ အနီးမှ ဖြတ်သန်းသွားလာသော ခရီးသွားများကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယနေ့ ညနေ ၄ နာရီခန့် လူငယ်အချို့ ဆိုင်ကယ်ဖြင့် ဖြတ်သွားစဉ် ပမ္မတီးရပ်ကွက် စစ်တပ်ဂိတ်မှ လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြေးခဲ့ရသော လူငယ်တစ်ဦးက ပြောသည်။

“ကျနော်တို့က ၂ ယောက်ထဲ အရှေ့မှာတော့ လူငယ်တစ်ချို့သွားနေတာ အဲ့ဒါ သူတို့က လမ်းသွားသူတွေကို စစ်ဆေးနေတာလည်း မဟုတ်ဘူး။ အပြင်မှာတော့ လုံခြုံရေးတွေအများကြီး ချထားတယ်။ ဒါပေမဲ့ လိုက်ပစ်တဲ့သူတွေက သူတို့စစ်တပ်အထဲ ဘက်ကနေ ဘားမဆိုင်ဘူး။ ဘလိုင်း လိုက်ပစ်တာ။ ဆက်တိုက် သေနတ်နဲ့ လိုက်ပစ်တာ ကျနော်တို့တောင် မနည်း ပြေးခဲ့ရတယ်။” ဟု လိုက်လံပစ်ခတ်ခံရသူ လူငယ်တစ်ဦးကပြောသည်။

ထို့သို့ ပစ်ခတ်မှုကြောင့် ခရီးသွားအချို့က ထွက်ပြေးသွားသော်လည်း ကျန်ရစ်ခဲ့သူများရှိသဖြင့် ထိခိုက်မှုကို မသိနိုင်ကြောင်း သူက ပြောသည်။

၎င်းတို့ အရှေ့တွင် လူငယ်တချို့လည်း ဆိုင်ကယ်ဖြင့် ခရီးသွားနေပြီး စစ်တပ်ဘက်မှ အကြောင်းမရှိ လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ပြီးခဲ့သော ဧပြီ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်က မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် ဆေးတပ်ကို အမည်မသိအဖွဲ့မှ ဗုံးဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button