အရာတော်မြို့ လဝကရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ အရာတော်မြို့နယ် လဝကရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းကာ သွားရောက်ပစ်ခတ်ခဲ့ကြောင်း (ပကဖ) တာဝန်ရှိသူများမှ သိရသည်။

အဆိုပါမြို့နယ် လဝကရုံးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် မုံရွာခရိုင် တပ်ရင်း(၄) Chindwin Attack Force တပ်ခွဲ (၁) သပြေညိုပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ(၃) Ayardaw Falcon Force (AF2)၊ Ayardaw Bone Naing –PDF (A.B.N.P.D.F)၊ ပတမြားညီနောင်ပြောက်ကျားတပ်ဖွဲံတို့ပူးပေါင်းကာ ၈၀ မမ နှစ်လုံးနှင့် ၆၀ မမ တစ်လုံးတို့ဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သပေညိုပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သို့ပြောသည်။

“မြို့ထဲက လဝကရုံးနဲ့ ရုံးနားမှာရှိတဲ့ စစ်ကောင်စီဂိတ်တဲတွေကိုလက်လုပ် ၈၀ မမနှစ်လုံးနဲ့ ၆၀ မမတစ်လုံးနဲ့သွား ပစ်ခတ်ခဲ့ပါတယ်။ ထိခိုက်တာကတာ့မသိရသေးဘူး ကျနော်တို့က ပစ်ခတ်ပြီးတဲ့နောက်မိနစ် ၂၀ လောက်အကြာမှာ KBZ လမ်းအနီးတစ်ဝိုက်တွေကို PDF တွေရှိလားဆိုပြီးလာရှာတယ်တဲ့” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ လဝကရုံးသွားရောက်ပစ်ခတ်မှုတွင် အထိအခိုက်ရှိနိုင်ပြီး ကျဆုံးမှုရှိမရှိကို မသိရှိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သိရသည်။

“အဲ့ရုံးထဲမှာက စစ်သားတွေလည်းရှိတယ် ပြီးတော့ သူတို့နဲ့ဆက်နွယ်ပြီး ရုံးတက်နေတဲ့သူတွေလည်းရှိတယ် ပြည်သူတွေနဲ့မရပ်တည်ပဲ စစ်ကောင်စီတွေနဲ့ပေါင်းပြီး ရပ်တည်နေတဲ့အတွက် ပစ်မှတ်ထားပြီး တိုက်ခိုက်တာပါ” ဟု သပြေညိုပြောက်ကျား ကာကွယ်ရေးတပ်ဖွဲ့တာရှိသူက ပြောသည်။

သပြေညို ပြောက်ကျားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ လက်အောက်ခံအစိုးရရုံးများအား ပတ်မှတ်ထား တိုက်ခိုက်ခဲ့မှုမှာ ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

Show More
Back to top button