Fact Checkသတင်း

PDF ၂ သိန်း နေပြည်တော်ကို သိမ်းနေပြီဆိုသည့် သတင်းအမှား ဖြန့်

PDF ၂ သိန်း နေပြည်တော်ကို သိမ်းနေပြီ ပြည်သူတွေအမြန်ပြေးကြပါ ဆိုပြီး အွန်လိုင်းမှာ ငွေကြေးရှာဖွေတဲ့ စာမျက်နှာတချို့က မဟုတ်မမှန် ထုတ်လွင့်နေသည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှားကို Top Fan News ဖေ့ဘွတ်စာမျက်နှာတွင် ယနေ့ ဇူလိုင်လ (၁၁) ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်အချိန် ဖြန့်ဝေထားပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁ သိန်းနီးပါးရှိပြီဖြစ်သည်။

အလားတူ အဆိုပါသတင်းအမှားကို  Real News Myanmar Youtube Channel တွင်လည်း ယနေ့ ဇူလိုင်လ (၁၁)ရက်နေ့ နေ့လယ်အချိန်ခန့်တွင် ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။ တင်ထားသော ဗီဒီယိုအပေါ် တွင် “အခုလေးတင် ဖြစ်သွားတာ PDF (၁) သိန်း နေပြည်တော်ကို ဝင်သိမ်းပြီး ပြည်သူများ အရေးပေါ်ရှောင်းပြေကြပါ” ဆိုသည့် သတင်းအမှားကို ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။

ဆန်းစစ်ချက်အရ အဆိုပါအကြောင်းအရာမှာ စာဖတ်ပရိသတ်ကို ရည်ရွယ်ချက်ရှိရှိ သတင်းအမှား တင်ဆက်နေခြင်းသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုတော့ အဆိုပါစာမျက်နှာများတွင် တာဝန်ယူမှု တာဝန်ခံမှုရှိသော သတင်းဌာနများ မဟုတ်သလို ကြည့်ရှုသူ များပြားအောင် သတင်းအမှားကြံဖန်ပြီး ငွေကြေးရရှိအောင် ကြံစည်သော Clickbait များသာဖြစ်သည်ကို တွေ့ရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသ ခရိုင် (၄) ခုရှိ မြို့နယ် ၈ ခုတွင်ပြည်သူ့အုပ်ချုပ်ရေးများစတင်နေပြီးဆိုသည့်သတင်း နှင့်အတူ အခြားသော သတင်းအမှား အများစုကို အဆိုပါ ဖေ့ဘွတ်စ်သတင်းစာမျက်နှာတွင် တင်ပြထားသည်ကို တွေ့ရပါသည်။

Related Articles

Back to top button