,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

နောင်မွန်တွင် CDM ထွေအုပ်ဝန်ထမ်း ၁ ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံး

ဘေချီဥရှာရင်း ကျောက်ကမ်းပါးပြုတ်ကျသည့် နေရာ

ပူတာအိုခရိုင် နောင်မွန်မြို့မှ CDM ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်အာဏာမသိမ်းမှီ ပန်နန်းဒင်မြို့ ထွေအုပ်ရုံးတွင် အကြီးတန်းစာရေးတာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ထားသည့် နောင်မွန်မြို့ အမှတ် ၅ ရပ်ကွက်မှ ဦးခေါင်လန်ခင်ဂျောင်သည် ပန်နန်းဒင်းဘက်ရေခဲတောင်တွင် ဘေချီဥထွက်ရှာသွားရာမှ အောက်တိုဘာ ၇ ရက်နေ့က ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံးသွားကြောင်း သေဆုံးသူနှင့်ရင်းနှီးသည့် နောင်မွန်မြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

သူတို့သူငယ်ချင်းအဖွဲ့တွေနဲ့သွားလိုက်တာ နှစ်ပတ်လောက်တော့ရှိပြီ အဲ့တာမနေ့ကတော့အိုင်ကွန်နဲ့ ဖုန်းဆက်လာတယ်။ ဦးခေါင်လန်ခင်ဂျောင်က ကျောက်ကမ်းပါးကနေ ပြုတ်ကျပြီးဆုံးသွားပြီးဆိုပြီးဆက်လာတယ်။ သူတို့နဲ့တက်သွားတဲ့ အဖွဲ့တွေကလည်း ပြန်လာပြီနေသူ့ကိုတော့ တောင်ပေါ်မှာပဲသဂြိုလ်လိုက်ပြီးဒီမှာတော့ဆုတောင်းပွဲပဲလုပ်ပေးတော့မှာဟု ပြောသည်။

ဘေချီဥရှာရင် ပြုတ်ကျသေဆုံးသည့် ဦးခေါင်လန်ခင်ဂျောင်သည် အောက်တိုဘာလ ၇ ရက်နေ့ ပြုတ်ကျသေဆုံးခဲ့သော်လည်း ဆက်သွယ်ရေး ဖုန်းလိုင်းအခက်ခဲကြောင့် သေဆုံးပြီး တစ်ပတ်ကြာ အောက်တိုဘာလ ၁၃ ရက်နေ့မှ မိသားစုဝင်များသိရကြောင်း ၎င်းကဆက်ပြောသည်။

ဦးခေါင်လန်ခင်ဂျောင်သည် CDM ပြုလုပ်ခဲ့ပြီးနောက် အလုပ်အကိုင်ရှားပါးမှုနှင့် မိသားစုစားဝတ်နေရေးအခက်အခဲများကြောင့် ဘေချီဥထွက်ရှာစဥ် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဘေချီဥသည် ပူတာအိုရေခဲတောင်ဒေသ၌ စက်တင်ဘာလမှ အောက်ဘာလကုန် နိုဝင်ဘာလဆန်းပိုင်းအထိထွက်ရှိပြီး လက်ရှိပေါက်စျေးမှာ နောင်မွန် ဒေသတွင် တစ်ပိသာလျှင် ကျပ် ၆ သိန်းအနည်းဆုံးရပြီး ပူတာအိုမြို့ပေါ်တွင် တစ်ပိသာ ကျပ်ဆယ်သိန်းနီးပါးအထိ ရှိသည့်အတွက် ဒေသခံများက အသက်နဲ့ရင်း၍ ရှာဖွေနေကြကြောင်း သိရသည်။

အဆိုပါ ဘေချီဥကိုတရုတ်နိုင်ငံက ဝယ်ယူနေကြောင်းသိရပြီး ယခုနှစ်စီးပွားဖြစ်စတင်ရောင်းချလာကြောင်းဒေသခံက ပြောသည်။

လွန်ခဲ့သည် စင်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ပူတာအိုမြို့နယ်ဂျူဗလီကျေးရွာမှ ဦးမဖန်းခင်တန်၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် မလိခွမ်ကျေးရွာမှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးတို့ ဘေချီဥရှာရင်းပြုတ်ကျသေဆုံးခဲ့သောကြောင့် ယခုနှစ်တွင် စုစုပေါင်းသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Read Previous

အာဏာသိမ်းပြီးနောက် ရွေ့ပြောင်းအခြေချသူ ပိုများလာတဲ့ ဖားကန့် ကျောက်စိမ်းတွင်း

Read Next

YouTube ပေါ်မှာ သတင်းနားထောင်တဲ့အခါ သတိထားသင့်တဲ့ ချန်နယ်များ