Fact Checkသတင်း

YouTube ပေါ်မှာ သတင်းနားထောင်တဲ့အခါ သတိထားသင့်တဲ့ ချန်နယ်များ

သတင်း ဗီဒီယိုတွေကို ဖြတ်ညှပ်ကပ် တည်းဖြတ်ပြီးတော့ ဝင်ငွေရှာနေတဲ့ သတင်းအမှား၊ အလွဲတွေ တင်ဆက်နေကြတဲ့ YouTube Channel အများအပြားရှိနေပါတယ်။

တော်လှန်ရေးနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို လူတွေစိတ်ဝင်စားမယ့် သတင်းခေါင်းစဉ် တပ်ပြီးတော့ ဖန်တီးနေကြတာပါ။

တချို့ Youtube Channel တွေဆိုရင် သတင်းမီဒီယာ အယောင်ဆောင်ပြီးတော့ ကြည့်ရှုသူ ပရိတ်သတ် များလာအောင် လုပ်နေကြပါတယ်။

အဲ့ဒီထဲမှာ Subscriber 106K (ပရိသတ် ၁ သိန်း ၆ ထောင်)ရှိတဲ့ DVB Myanmar Media ဆိုတဲ့ Youtube Channel ဟာ သတင်းမီဒီယာအယောင်ဆောင်ပြီးတော့ သတင်းအမှား၊ အလွဲတွေကို လူတွေ စိတ်ဝင်စားမယ့်ခေါင်းစဉ်မျိုးနဲ့တင်ဆက်နေတာ တွေ့ရပါတယ်။

ဒီချန်နယ်တွေဟာ နာမည်တစ်ခုကနေ တစ်ခုကိုပြောင်းလဲနေတာပါ။ အခု ‘DVB Myanmar Media’ ဆိုတဲ့ ချန်နယ်ဟာဆိုရင် ‘အရေးတော်ပုံ’  ဆိုတဲ့ ချန်နယ်ကနေ ပြောင်းလဲထားတာပါ။

အဲဒီချန်နယ်တွေမှာ ဖော်ပြနေတဲ့သတင်းအမှားတွေထဲက တချို့ဆိုရင် “ဇူလိုင်လ ၄ ရက်နေ့ ၁၀နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပြီ’ “မင်းအောင်လှိုင်မိသားစုလုံးကို UN တပ်တွေ ဖမ်းလိုက်ပြီး မင်းအောင်လှိုင် ဘဝပျက်ပြီဟေ့” စတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။

အလားတူ “Real News Myanmar” “People Tv” “Yangon Time” “Random Burma News” ဆိုတဲ့ Youtube Channel တွေမှာဆိုရင်လည်း ‘PDF ၂သိန်း နေပြည်တော်ကို သိမ်းနေပြီ’ ‘မင်းအောင်လှိုင် ရုရှားရောက်နေစဉ် စိုးဝင်း အာဏာ ကောက်သိမ်း လိုက်ပြီ” “ဗဟိုဘဏ်နှင့် KBZ ပြဿနာတက်ပြီ ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေးဆိုတဲ့ သတင်းအမှားတွေနဲ့ Thumnail ခေါင်းစဉ်တပ်ပြီး ကြည့်ရှုသူများအောင် ဖန်တီး ပြုလုပ်နေကြတာပါ။

အခုလို Youtube Channel အတုတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူတို့တင်တဲ့ ဗီဒီယိုကို ကြည့်ရှုသူများအောင် ပြုလုပ်ပြီး YouTube ကနေ ဝင်ငွေရှာနေတာဖြစ်ပါတယ်။

သတင်းအမှားတွေဟာ ဖတ်ရှုသူ ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင်း ကြည်ရှုသူ ပရိသတ်တွေအနေနဲ့လည်း သတင်းအကြောင်းအရာတစ်ခုကို သက်ဆိုင်ရာ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်နဲ့ နှိုင်းယှဉ် စစ်ဆေးပြီးမှ ယုံကြည်သင့်ပါတယ်။

Show More

Related Articles

Back to top button