စစ်ပြေးဒုက္ခသည်များသတင်း

စစ်ကြောင်းပြန်ဆုတ်သွားသည့်အတွက် ရွှေကူအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်

ရွှေကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီဖြစ်သောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ကြပြီဟု သိရသည်။

အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ စစ်အင်အား ၄၀၀ ကျော် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် နတ်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ စီသာ ၊ သာစည်၊ စီးမော် ၊စီမူလေး ၊စီမူကြီး မံဝိန်း အစရှိသည့် ကျေးရွာများမှ ကျေးရွာနေပြည်သူ ၁၀၀၀ နီးပါးသည် ရွှေကူမြို့ပေါ်သို့ စစ်ရှောင်ခဲ့ကြခြင်း ဖြစ်သည်။

အခုတော့အားလုံးပြန်ကုန်ကြပြီ စီးမော်၊ စီသာ၊ နတ်လင်းအားလုံး ပြန်ကြပြီ ၂ ရက် သုံးရက်ဆက်တိုက်ပြန်ကြတာ။ ခုတော့ မရှိတော့ဘူး။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိူးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းကတည်းက စတင်နေရပ်ပြန်ကြရာ လက်ရှိတွင် အားလုံး နေရပ်ပြန်ရောက်ကြပြီဟု သိရသည်။

စစ်ကောက်စီ စစ်ကြောင်းသည် ရွှေကူအနောက်ခြမ်းသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ယခုကဲ့သို့ အင်အား အလုံးအရင်းဖြင့်  ရက်ခန့် စစ်ကြောင်းဝင်ရောက်လာသည့်အခြေအနေနှင့်ပတ်သက်၍ ရွှေကူ PDF နှင့် နီးစပ်သူအမျိုးသားတစ်ဦးက KNG ကို ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

ကျွန်တော်တို့ကြားရ သိရသလောက်တော့ ရွှေကူမြို့နယ်မှာ တပ်ရင်းမှူးအပြောင်းအလဲကြောင့် နယ်မြေရှင်းလင်းတဲ့ သဘောစစ်ကြောင်းထိုးတာတဲ့။ ရွှေကူမြို့နယ် တပ်ရင်းမှူးက အောက်တိုဘာလဆန်းပိုင်းမှာ ပြောင်းလိုက်တာအဲ့ကြောင်း စစ်ရေးလှုပ်ရှားပြတဲ့သဘောပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကြောင်းထိုးလာသည့် ပထမနေ့တွင် နန့်လင်းနှင့်နောင်လတ်ကြီး ကျေးရွာ ၂ခုကြား၌ စစ်ကောင်စီတပ်နှင့် KIA  PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သောကြောင့် ကျေးရွာ ၂ ရွာမှ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပေးခဲ့ကြကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button