သတင်း

မူဆယ် ၁၀၅ မိုင်တွင် စစ်ကောင်စီ တပ်ရင်းမှူး ၁ ဦး သေနတ်နှင့် ၇ ချက် အပစ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်တွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်၌ စစ်ကောင်စီ ခမရ ၄၂၁ တပ်ရင်းမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး သေဆုံးနိုင်သော အခြေအနေရှိသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ဗိုလ် တယောက်ကို ပစ်ခံထားရတယ်။ ၇ ကြိမ် ပစ်ထားတယ်။ တခါထဲ ပွဲချင်းပြီးတော့ မသေဘူး။ သေမယ့် အခြေအနေရှိတယ်။ ဟု သူက ပြောသည်။

ကားပျက်သဖြင့် ကားသွားယူချိန် ၁၀၅ မိုင်မှ နမ္မတူ နွားခြံ အကျော်နား ပစ်ခံရကြောင်း စစ်တပ် နှင့် နီးစပ်သူက ဆိုသည်။

တုန်ခန် မဟုတ်ဘူး။ ၁၀၅ မိုင်ထဲမှာပဲ။ ကားပျက်လို့ ဆိုပြီး သွားတဲ့ အချိန် ပစ်ခံရတာ။ လမ်းပေါ်မှာပဲ ပေါ့။ ဟု သူက ရှင်းပြသည်။

၎င်း နေရာတွင် ၂၀၂၁၊ ၅ လပိုင်း ကလည်း နကသ ညွှန်မှူး ၁ ဦး ပစ်ခတ် ခံရကာ ဒဏ်ရ ပြင်းထန်စွာ ရရှိခဲ့ဖူးသည်။

မူဆယ်နဲ့ ၁၀၅ မိုင်တွင် အမည် မသိ လက်နက်ကိုင် အဖွဲ့မှ ယခုလ ၁၅ ရက်နေ့တွင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦး ပစ်သတ်ခံခဲ့ရပြီး မူဆယ်မြို့ပေါ်တွင်လည်း ယခုလ ၆ ရက်နေ့တွင် မြို့နယ် တရားသူကြီး ၁ ဦး ပစ်သတ်ခံခဲ့ရသည်။

Related Articles

Back to top button