သတင်း

ဖားကန့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ဖားကန့်မြို့တွင်  အမျိုးသားတစ်ဦး ယနေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် အမျိုးသားက နေအိမ်အတွင်းရှိနေစဉ် ဆိုင်ကယ် ၂ စီးဖြင့် စီးနင်းလားသည့် လူ ၅ ဦးက သူ၏ နေအိမ်အတွင်းအထိ လာရောက်ပစ်ခတ်သွားသည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG ကိုပြောသည်။

သေနတ်နဲ့လာပစ်သွားတယ်။ ငါးယောက်က ဆိုင်ကယ် ၂ စီးနဲ့ နှစ်ယောက်က အိမ်ထဲအထိ ဝင်ပစ်သွားတယ်ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်ခံရသည့် အမျိုးသားသည် အသက် ၄၉ နှစ်အရွယ်ရှိ ဦးသန်းစိုးခေါ်သူဖြစ်ပြီး သူ၏ ဦးခေါင်းနေရာမှာ ကျည်ဖောက်ဝင်သွားသဖြင့် ပွဲချင်းပြီး ထိုနေရာတွင် သေဆုံးသွားကြောင်းသိရသည်။

လက်ရှိတွင် ဦးသန်းစိုကို အိမ်အတွင်းအထိ လာရောက်ပစ်ခတ်သွားသည့် အဖွဲ့အစည်းမသိရဘဲ ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရသည်။

ဦးသန်းစိုးသည် မှော်ဝမ်းရပ်ကွက် ၅ အိမ်အမှတ်(၁၀၉) နေအိမ်တွင် သူ၏ မိသားစုနှင့်တကွ ကျောက်အရောင်းအဝယ်လုပ်ကိုင်ပြီး နေထိုင်သူဖြစ်ကြောင်း သတင်းအရင်းအမြစ်များကပြောသည်။

ဖားကန့်မြို့တွင် ယခုကဲ့သို့ လုယက်မှုနှင့် သတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်အတွင်း သတ်ဖြတ်ခံရသူ ၄ ဦးအထိရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button