သတင်း

အင်းတော်တွင်  လက်နက်ကြီးထိမှန်ခဲ့သည့် အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၄ဦး ထိမှန်ကာ တစ်ဦး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်တွင် အင်းတော်မြို့ စစ်တပ်ကုန်း( ဒေသအခေါ် ရိက္ခာကုန်း) မှ အင်းတော်မြို့တောင်ဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျော်ရွာနှင့် မိုးယူရွာမကျေးရွာအတွင်းသို့ကျ ရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး၏ အခြေနေမှာ စိုးရိမ်ရကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိတာကတော့လေးယောက်ထိတယ်ကျော်ရွာက သုံးယောက် မိုးယူရွာမထဲက အမျိုးသမီး တစ်ယောက်ပေါ့ ကျော်ရွာက ထိထားတဲ့ပြည်သူတွေကတော့နေအိမ်မှာပဲ ဆေးကုနေတယ် မိုးယိုရွာမထဲက တစ်ယောက်ခြေ နာခေါင်းတွေခေါင်းတွေမှာ ထိထားတော့ အခြေအနေဆိုးတယ်။ ဆေးရုံတင်ပြီးကုနေရတယ်ဟု ပြောသည်။

လက်နက်ကြီး ထိမှန်ခဲ့သည့်လေးဦးမှာ ကျော်ရွာမှ အသက် ၇၈ နှစ်အရွယ်အဖွားအိုတစ်ဦး၊ အသက် ၂၄ နှစ် နှင့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး၊ မိုးယိုရွာမမှ အသက် ၄၀ အရွယ်အမျိုးသမီး တို့ဖြစ်ကြောင်း သိရသည်။

အရပ်သားပြည်သူများ ထိခိုက်ခဲ့သည့်အပြင် ကျော်ရွာမှ လူနေအိမ်သုံးလုံး မိုးယိုရွာမမှ နေအိမ်တစ်လုံးတို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက လက်နက်ကြီး ၆ လုံး ပစ်ခတ်လိုက်သည့်အနက် လူမနေသည့် နန်းနောင်ရွာတွင် နှစ်လုံး၊ ကျော်ရွာတွင် ၃လုံး နှင့် မိုးယိုတွင်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

အင်းတော်တွင် လွန်ခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း အင်းတော်ရဲစခန်း မှပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် နန့်မဟုတ်ကြီးကျေးရွာမှ သားအမိသုံးဦး ထိမှန်ခဲ့ပြီး ကလေးငယ်တစ်ဦး သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button