တိုက်ပွဲသတင်း

ရေလှဲ၊ ဆင်တပ်ရွာ မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်နည်းထိခိုက်သေဆုံး

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရေလှဲရွာနဲ့ဆင်တပ်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA KPDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၄ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့ ရွှေကူ PDF အဖွဲ့က သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ တပ်မ ၈၈ လက်အောက်ခံတပ်တွေဖြစ်ပြီး စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဖြစ်ကာ ဆင်တပ်ရွာကနေ သင်္ဘောအင်းရွာဘက်ကို ဆင်းလာတဲ့ချိန် လမ်းခုလတ်မှာ KIAတပ်ရင်း ၅ နဲ့KPDF တို့ပူးပေါင်းတပ်ကနေ စောင့်ကြိုတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ကတည်းကအဲ့သဘော်အင်းမှာရှိနေကတည်းက ပစ်ချင်နေတာကြီးကို ပစ်မိန့်မရသေးလို့ ဘာကြောင့်လဲဆိုတော့ ရေလှဲနဲ့ဆင်တပ်ရွာကိုမီးရှို့ကတည်းက ပစ်ချင်နေတာ ပစ်မယ်ဆိုအကုန်လုံးဒုက္ခရောက်ကုန်မှာဆိုးလို့ ဒီမနက်ကတော့မရတော့လို့ နေမှာပစ်တော့တာလို့ရွှေကူမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးကKNGကိုပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို KIAKPDF တပ်ဖွဲ့က သင်္ဘာအင်းရှေ့ ကျောက်ကြိုးကွင်းပြင်မှာ မနက် ၅ နာရီ တိတိအချိန်မှာကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ရွှေကူKPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

မနက် ၅နာရီကနေ မနက် ၈ နာရီအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ KIAKPDF ဘက်ကအကျအဆုံးမရှိပေမယ့် စစ်ကောင်စီစစ်ကြောင်းဘက်ကတော့ ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ၃ ဦးထက်မနည်း အကျအဆုံးရှိတယ်လို့ သိရပါတယ်။

စစ်ကြောင်းက အခုနားပေါင်းတောထဲကိုရောက်နေပြီ မနက် ၅ နာရီကပစ်ခံရတာ မနက် ၈နာရီထိတိုက်ပွဲ ဖြစ်တယ်။ အခုတော့မဖြစ်တော့ဘူး ဟိုဘက်ဘက်က နားပေါင်းတောထဲ ပြန်ဆုတ်သွားပြီလို့ ရွှေကူ ဆင်တပ်ရွာဒေသခံတစ်ဦး ကပြောပါတယ်။

လက်ရှိ ရွှေကူအနောက်ဘက်ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်းရောက်ရှိနေပြီး အဲဒီစစ်ကြောင်းတွေဟာ ရေလှဲရွာနဲ့ရေပျံရပ်ကွက်က အရပ်သားတွေကိုဖမ်းဆီးသွားတဲ့အပြင် ဒီကနေ့ထိ ပြန်လွတ်လာတာမရှိသေးပါဘူး။

ဒါ့အပြင် ဆင်တပ်ရွာရဲ့မြစ်ကမ်းနံဘေးမှာလည်း ရေလှဲရွာက အသက် ၃၀ ကျော်ရှိတဲ့ ကိုစောဆိုသူကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်ထားခဲ့တယ်လို့ ရေလှဲရွာဒေသခံတွေကပြောပါတယ်။

လက်ရှိချိန်ထိ ဖမ်းဆီးခံသွားရသူတွေလည်း ပြန်လွတ်လာတာမရှိသလို စစ်ကောင်စီတပ်တွေကြောင့် ရေလှဲရွာနဲ့ဆင်တပ်ရွာက ဒေသခံတွေလည်း တော၊တောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းကို အမျိုးသားညီညွတ်ရေးအစိုးရက NUG ရဲ့ အရှေ့ဘက် ဌာနချုပ်အဖြစ်အခြေပြုဖို့ကြိုးစားနေတာကြောင့် အဲကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ကောင်စီတပ်က ဒီနှစ် ဧပြီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Show More

Related Articles

Back to top button