သတင်း

ပဋိပက္ခဒေသမှာ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ဖို့ တာဝန်ရှိတဲ့အစိုးရတွေအနေနဲ့ တာဝန်ယူဖြေရှင်းသင့်တယ်လို့ဆို

မြန်မာနိုင်ငံအတွင်းဖြစ်နေတဲ့ ပဋိပက္ခဒေသမှာ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှု များပပျောက်နိုင်ရေးအတွက် တာဝန်ရှိတဲ့အစိုးရတွေအနေနဲ့ တာဝန်ယူဖြေရှင်းတာတွေ ရှိသင့်တယ်လို့ အမျိုးသမီးရေးရာလှုပ်ရှားသူတွေက ပြောပါတယ်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနဲ့ကျား/မ ခွဲခြားဆက်ဆံမှုများပပျောက်စေဖို့ အမျိုးသမီးတွေဟာ လိင်ကွဲအမျိုးသားတွေလည်း တာဝန်ရှိသလို အစိုးရဘက်ကလည်း ထိရောက်စွာအရေးယူမှု ဥပဒေများပြဌာန်းပေးသင့်တယ်လို့  အမျိုးသမီးရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းက အမျိုးသားတစ်ဦး  KNG ကိုပြောပါတယ်။

ပထဆုံးအနေနဲ့ စိတ်ပိုင်းဆိုင်ရာအသိပညာ၊ ဥပဒေဆိုင်ရာအသိပညာ တွေက တကယ်ကိုအရေးကြီးတယ်၊ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရတွေမှာ ဒီလိုအကြမ်းဖက်မှုတွေပပျောက်အောင် လုပ်ဖို့သူတို့မှာ တာဝန်ရှိတယ်၊သူတို့မှာ သက်ဆိုင်ရာဌာန‌တွေရှိတယ်၊ ဥပဒေတွေ ပြဌာန်းဖို့လိုတယ်၊ ဒီလိုအကြမ်းဖက်မှု မျိုးတွေဆိုရင်တကယ်ကို ထိရောက်စွာအရေးယူတာတွေလုပ်တယ်ဆိုတာကို သိအောင် လုပ်သင့်တယ်လို့ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပဋိပက္ခဒေသအတွင်း အမျိုးသမီးများတွေဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သာမန်အရပ်သား တွေရဲ့ အကြမ်းဖက်မှုပုံစံအမျိုးမျိုး ကြုံလာရသည်ကို အမျိုးသမီးများအဖွဲ့ချုပ် ရဲ့ ဇွန်လမှာထုတ်ပြန်တဲ့ အစီရင်ခံစာထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လျှော့ချစေရန် နဲ့ ပပျောက်စေရန်အတွက် အမျိုးသမီးတွေသာမက တစ်ဖက်မှာလည်း အမျိုးသားတွေကိုယ်တိုင် နားလည်သဘောပေါက်ပြီး ပါဝင်လှုပ်ရှားမှုများရှိသင့်တယ်လို့သူကဆက်ပြောတယ်။

မြန်မာ့အမျိုးသမီး သမဂ္ဂဖောင်တာ ဆရာမ မိဆုပွင့်က ဒီဟာတွေပပျောက်ဖို့က အမျိုးသမီးတွေမှာဘဲ တာဝန်ရှိတာမဟုတ်ဘူး၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို အဓိက တာဝန်ယူရမှာက အစိုးရတွေဖြစ်တယ်၊ အဲ့တာကို အမျိုးသမီးတွေရဲ့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး ဒီလိုဖြစ်လို့ ဒီလိုခံရတာဆိုပြီး မပြောသင့်ဘူး၊ ဘာလူမျိုးဖြစ်လို့ဆိုပြီးလည်း မပြောရဘူးပေါ့ လို့ပြောပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကျင်းပခဲ့တဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရှင်းလင်းပွဲတွင် ပြည်ထောင်စုလွတ်တော်၊ ဒုတိယနာယကဦးထွန်းထွန်းဟိန်းနှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့တယ်လို့ MSWRR ( Ministry of Social Welfare Relief and Resettlement) ရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အဲဒီ အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်းက ဂလိုဘယ်လိုက်ဇေးရှင်းထွန်းကားလာတဲ့ကာလကြီးမှာ လူ့အခွင့်အရေးနှင့် ဆက်စပ်တဲ့ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ( CEDAW) ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ( CEDAW) စာချုပ်မှာ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ အမျိုးသမီးများရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကာကွယ်စောင့်ရှောက် မှုတွေအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးနှင့် ပက်သက်ပြီး အကာအကွယ်ပေးသည့် ပြစ်မှု၊ ပြစ်ဒဏ်အပိုင်းများကို စနစ်တကျဖော်ပြထားခြင်း မရှိသေးသည့်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) တွင် ထည့်သွင်းထားတာဖြစ်ကြောင်း MSWRR ( Ministry of Social Welfare Relief and Resettlement) ကဖော်ပြထားပါတယ်။

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်း – CEDAW ဆိုတာဟာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ အခွင့်အရေးများအတွက် အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာဖြည့်ဆည်းရမယ့် လူ့အခွင့်အရေးဥပဒေဿများ၊ သဘောတရားများ၊ လုပ်ဆောင်မှုနဲ့တာဝန်ဝတ္တရားများအတွက် စံနှုန်းများကို သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေး စာချုပ်တစ်ခုဖြစ်ပါတယ်။

Show More

Related Articles

Back to top button